Hydroponic မြေမဲ့အဟာရရည်ဖြင့် စိုက်ပျိုးနည်းစနစ် ( အပိုင်း - ၁ )





Hydroponic (မြေမဲ့စိုက်ပျိုးရေး) စနစ်တွေအကြောင်းကို  ကိုယ်တိုင်စိုက်ချင်သူတွေအတွက်  စနစ်တစ်ခုချင်းစီရဲ့ အလုပ်လုပ်ပုံကို ပိုမိုနားလည်စေဖို့ ပြန်လည်စုစည်း တင်ပြပေးလိုက်ပါတယ်ဗျာ။ #LGTmyanmar , #BBKmyanmar


Hydroponics (မြေမဲ့စိုက်ပျိုးရေး) စနစ်ဆိုတာဘာလဲ?

Hydroponics စိုက်ပျိုးစနစ်ဆိုတာ အပင်တွေကို သာမန်ရိုးကျ မြေကြီးသုံးပြီး မစိုက်ပျိုးဘဲ၊ မြေကြီးနေရာမှာ ဖော့၊ ကျောက်စရစ်၊ အုန်းဆံ စတဲ့ ကြားခံနယ် (Media) တစ်ခုခုကို အသုံးပြုကာ၊ အပင်အမြစ်ကို လိုအပ်တဲ့ အာဟာရဓာတ်များ ပျော်ဝင်နေသော အရည် (Nutrient Solution) ထဲသို့ တိုက်ရိုက်ထည့်သွင်း စိုက်ပျိုးသည့် စနစ်ဖြစ်ပါတယ်။

.

Hydroponics စိုက်ပျိုးနည်းစနစ် (၇) မျိုးနှင့် ၎င်းတို့၏ ထူးခြားချက်များ



၁။ Nutrient Film Technique (NFT) - ရေစီးကြောင်းစနစ်

  • အလုပ်လုပ်ပုံ: အာဟာရရည်ကို အပင်အမြစ်တွေဆီ ရေစီးကြောင်းအတိုင်း ဖြတ်သန်းစီးဆင်းစေဖို့ ပိုက်လိုင်းတွေကို အနည်းငယ် စောင်းထားရပါမယ်။ Air pump (ရေမော်တာ) အသုံးပြုပြီး အာဟာရရည်ကို လှည့်ပတ်စီးဆင်းစေကာ အမြစ်များကို ရေထိရုံမျှသာ ဖြတ်စီးစေတာ ဖြစ်ပါတယ်။

  • အားသာချက်: ရေစီးဆင်းမှုကြောင့် Oxygen (အောက်ဆီဂျင်) ပါဝင်မှု အားကောင်းပြီး အာဟာရရည် အလေအလွှင့် မရှိပါဘူး။

  • အသင့်တော်ဆုံးအပင်: ဆလတ်ရွက် အပါအဝင် အရွယ်အစားသေးငယ်သော ဟင်းသီးဟင်းရွက်များနှင့် ရွက်စားပင်များ။



၂။ Deep Water Culture (DWC) - ရေနက်စိုက်ပျိုးစနစ်

  • အလုပ်လုပ်ပုံ: ရေကန် သို့မဟုတ် ဘူးထဲတွင် အာဟာရရည်ကို သတ်မှတ်ပမာဏအတိုင်း ထည့်ရပါမယ်။ အပေါ်ဘက်တွင် လေထုအတွက် Space (နေရာလွတ်) ချန်ထားပြီး၊ ငါးကန်တွေမှာ သုံးတဲ့ Air pump နှင့် Airstone (လေမှုတ်ကျောက်) သုံးပြီး အမြစ်ဆီကို အောက်ဆီဂျင် ပေးရပါတယ်။

  • အားသာချက်: အမြစ်ကို လေ (အောက်ဆီဂျင်) အားကောင်းကောင်း ပေးနိုင်တဲ့အတွက် အပင်ရလဒ် အရည်အသွေး အထူးကောင်းမွန်ပါတယ်။

  • အသင့်တော်ဆုံးအပင်: သက်တမ်း ၁ နှစ်၊ ၂ နှစ်ခံ အပင်ကြီးများ (ဥပမာ - ခရမ်းချဉ်သီး၊ သခွားသီး)။

    Uploading: 331107 of 331107 bytes uploaded.

၃။ Aeroponics - လေထုထဲ အမြစ်ဖြန်းစနစ်

  • အလုပ်လုပ်ပုံ: Tower (မျှော်စင်ပုံစံ) များဖြင့် စိုက်ပျိုးလေ့ရှိပြီး အောက်ခြေရှိ အာဟာရရည်ကို အပေါ်သို့ ပန့်ဖြင့်တင်ကာ အပင်အမြစ်များကို ရေမှုန်ရေမွှား (Mist) ပုံစံဖြင့် လှမ်းဖြန်းပေးတဲ့ စနစ်ဖြစ်ပါတယ်။

  • အားသာချက်: အမြစ်များ လေထုထဲတွင် ပွင့်နေသဖြင့် အောက်ဆီဂျင် အပြည့်အဝရပြီး နေရာအကျယ်အဝန်း မယူဘဲ အပင်အမြောက်အမြား စိုက်နိုင်ပါတယ်။

  • သတိပြုရန်: မီးနှင့် ရေ လုံးဝ (လုံးဝ) ပြတ်တောက်၍ မရပါ။


၄။ Wick System - မီးစာကြိုးစနစ်

  • အလုပ်လုပ်ပုံ: ကိုကာကိုလာဗူး အခွံများကို ထိပ်မှဖြတ်၍ ကြားခံ Media ထည့်ကာ၊ အောက်ခြေရှိ အာဟာရရည်ထဲသို့ မီးစာကြိုး (ဗြဲကြိုး) နစ်ထားပြီး ၎င်းကြိုးမှတစ်ဆင့် အာဟာရရည်ကို အပေါ်သို့ စိမ့်တက်စေတဲ့ စနစ်ဖြစ်ပါတယ်။

  • အားသာချက်: လျှပ်စစ်မလို၊ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်ပြီး အလွန်လွယ်ကူပါတယ်။

  • ဘယ်သူတွေ စိုက်သင့်လဲ: Hydroponics စတင်လေ့လာသူများ၊ ကျောင်းသားများနှင့် အိမ်တွင်းအလှစိုက်ပင်များအတွက် အထူးသင့်တော်ပါတယ်။


၅။ Flood and Drain / Ebb and Flow (ရေတက်ရေကျစနစ်)

  • အလုပ်လုပ်ပုံ: အပင်များကို စင်အပေါ်ရှိ ကြားခံနယ်တွင် စိုက်ထားပြီး၊ Timer (အချိန်မှတ်စက်) အသုံးပြုကာ ရေမော်တာဖြင့် အာဟာရရည်ကို အပေါ်သို့ ရေနစ်ရုံ မောင်းတင်ပေးပါတယ်။ ထို့နောက် Overflow (ရေလျှံပေါက်) မှတစ်ဆင့် အာဟာရရည်များ အောက်ခြေကန်ထဲသို့ ပြန်လည်စီးဆင်းသွားစေပါတယ်။

  • အားနည်းချက်: နည်းပညာနှင့် ကိရိယာ အစိတ်အပိုင်းများပြားပြီး ကုန်ကျစရိတ် တော်တော်များတဲ့အတွက် အထူးအကြံမပြုလိုပါ။


၆။ Kratky Method - လေငြိမ်/ရေငြိမ်စနစ်

  • အလုပ်လုပ်ပုံ: အာဟာရရည် ထည့်ထားတဲ့ ဖော့ပုံး၊ ကော်ပုံး သို့မဟုတ် ရေပုံးထဲကို အပင်ထည့်ပြီး ဒီအတိုင်း ထားရုံပါပဲ။ မော်တာလည်း မလို၊ ရေလှည့်စနစ်လည်း မလိုပါဘူး။

  • အားသာချက်: ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေ (မီးခဏခဏပျက်တတ်ခြင်း) နှင့် အရမ်းကိုက်ညီပါတယ်။ နေရာရွှေ့ရလွယ်ကူပြီး စျေးနှုန်းအသက်သာဆုံး ဖြစ်ပါတယ်။

  • ဘယ်သူတွေ စိုက်သင့်လဲ: အိမ်မှာ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးစားသုံးချင်သူများအတွက် အကောင်းဆုံးစနစ် ဖြစ်ပါတယ်။


၇။ Aquaponics - ငါးနှင့် အပင်တွဲဖက်စိုက်ပျိုးစနစ်

  • အလုပ်လုပ်ပုံ: ငါးကန်နှင့် အပင်စင်ကို တွဲထားတဲ့ စနစ်ဖြစ်ပါတယ်။ ငါးတွေရဲ့ အညစ်အကြေးကနေ ထွက်လာတဲ့ Ammonia (အမိုးနီးယား) တွေကို အပေါ်က အပင်တွေဆီ မော်တာနဲ့ တွန်းတင်ပေးပြီး အပင်တွေက အာဟာရအဖြစ် စုပ်ယူပါတယ်။ အပင်တွေကြောင့် သန့်စင်သွားတဲ့ ရေက ငါးကန်ထဲကို ပြန်စီးဆင်းပါတယ်။

  • အားသာချက်: သဘာဝဂေဟစနစ်အတိုင်း သွားတာဖြစ်ပြီး ငါးလည်းရ၊ အပင်လည်းရပါတယ်။

  • အားနည်းချက်: နည်းပညာအရ စနစ်တကျ ထိန်းညှိရတဲ့အတွက် အခက်ခဲဆုံးနှင့် အနုစိတ်ဆုံး စနစ်တစ်ခု ဖြစ်ပါတယ်။

Previous Post Next Post