"အပန်းလည်းပြေ၊ အဖွဲ့လည်းစည်းလုံးစေမယ့် Team Building ကစားနည်းများ"


ဒီဂိမ်းတွေက ရိုးရိုးကြီးဆော့ရုံတင်မဟုတ်ဘဲ ကိုယ့်ရဲ့ တီထွင်ဉာဏ်တွေ၊ စကားပြောကတ်သီးကတ်သတ်နိုင်မှုတွေနဲ့ အဖွဲ့လိုက် ညှိနှိုင်းရမယ့်အကွက်တွေကိုပါ သုံးရမှာဆိုတော့ တော်တော်လေး အကြိတ်အနယ်ရှိပြီး Fun ဖြစ်မှာပါ။ ကဲ... အားလုံးပဲ Ready ဖြစ်ကြပြီလား? ပထမဆုံး Game လေးနဲ့ စလိုက်ကြရအောင်..."

၁။ ဒါဘာအတွက်သုံးတာလဲ? (Game of Possibilities)

  • ကစားနည်း: အဖွဲ့ဝင်တစ်ယောက်ကို ပစ္စည်းတစ်ခု (ဥပမာ - ကလစ်၊ ထီး၊ သို့မဟုတ် ပုလင်းခွံ) ပေးလိုက်ပါ။ အဲဒီလူက စကားလုံးဝမပြောဘဲ အမူအရာနဲ့တင် အဲဒီပစ္စည်းကို "တခြားဘယ်လိုဆန်းဆန်းပြားပြား သုံးလို့ရလဲ" ဆိုတာ သရုပ်ပြရမယ်။ ကျန်တဲ့သူတွေက လိုက်ခန့်မှန်းရမှာပါ။

  • ရရှိမယ့်အကျိုးကျေးဇူး: Idea အသစ်တွေ တွေးတတ်လာမယ်၊ Brainstorming လုပ်ရာမှာ အထောက်အကူပြုတယ်။ #LGTmyanmar , #BBKmyanmar

၂။ အမှန် ၃ ချက်၊ အလိမ် ၁ ချက် (Truth and Lies)

  • ကစားနည်း: အားလုံး ဝိုင်းထိုင်ပြီး မိမိအကြောင်းနဲ့ပတ်သက်တဲ့ အမှန်တရား ၃ ချက်နဲ့ ယုံချင်စရာကောင်းတဲ့ အလိမ်အညာ ၁ ချက်ကို ပြောရမယ်။ ကျန်တဲ့သူတွေက ဘယ်အချက်က "အလိမ်" ဖြစ်မလဲဆိုတာ ဝိုင်းရှာရမှာပါ။

  • ရရှိမယ့်အကျိုးကျေးဇူး: အချင်းချင်း ပိုပြီး ရင်းနှီးသွားမယ်၊ လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး မဆုံးဖြတ်တတ်တော့ဘူး။

၃။ အပိုင်းအစ လိုက်လံလဲလှယ်ခြင်း (The Barter Puzzle)

  • ကစားနည်း: အဖွဲ့အလိုက် ဂျစ်ဆော (Puzzle) ရုပ်ပုံဆက်ရမယ်။ ဒါပေမဲ့ ကိုယ့်အဖွဲ့ပုံရဲ့ အပိုင်းအစတချို့က တခြားအဖွဲ့ဆီမှာ ရောပါသွားတတ်ပါတယ်။ အဲဒီတော့ တခြားအဖွဲ့နဲ့ စကားပြော၊ ညှိနှိုင်းပြီး ကိုယ့်အပိုင်းအစတွေကို ပြန်လဲယူကာ ဘယ်သူအမြန်ဆုံး ပြီးအောင်ဆက်နိုင်မလဲ ပြိုင်ရမှာပါ။

  • ရရှိမယ့်အကျိုးကျေးဇူး: စကားပြော ညှိနှိုင်းတတ်လာမယ် (Negotiation Skill) နဲ့ ပြဿနာကို အမြန်ဖြေရှင်းတတ်လာမယ်။

၄။ ဥမကွဲစိန်ခေါ်မှု (The Egg Drop)

  • ကစားနည်း: အဖွဲ့တစ်ဖွဲ့စီကို ကြက်ဥအစိမ်းတစ်လုံးနဲ့အတူ တိပ်၊ သားရေကွင်း၊ သတင်းစာ၊ ပိုက် စတာတွေ ပေးထားမယ်။ အမြင့် (ဥပမာ- ဒုတိယထပ် သို့မဟုတ် ခုံပေါ်) ကနေ အောက်ကို ပစ်ချလိုက်တဲ့အခါ ကြက်ဥမကွဲအောင် ဘယ်လိုကာကွယ်မလဲဆိုတာ ပစ္စည်းတွေနဲ့ တီထွင်ဖန်တီးရမှာပါ။

  • ရရှိမယ့်အကျိုးကျေးဇူး: အဖွဲ့လိုက် ညှိနှိုင်းတိုင်ပင်တတ်မယ်၊ အိုင်ဒီယာအသစ်တွေ ထုတ်တတ်လာမယ်။

၅။ မိုင်းကွင်းထဲက လမ်းပြ (The Minefield)

  • ကစားနည်း: ကွင်းပြင်ထဲမှာ အတားအဆီးတွေ (ဘောလုံး၊ ပုလင်း၊ ကုလားထိုင်) ချထားပါ။ အဖွဲ့ဝင်နှစ်ယောက် တစ်တွဲစီခွဲပြီး တစ်ယောက်က မျက်စိမှိတ်ထားရမယ်။ မျက်စိဖွင့်ထားတဲ့သူက အဝေးကနေ စကားလှမ်းပြောရုံသက်သက်နဲ့ မျက်စိမှိတ်ထားတဲ့သူကို အတားအဆီးတွေ မတိုက်မိအောင် လမ်းညွှန်ပေးရမှာပါ။

  • ရရှိမယ့်အကျိုးကျေးဇူး: တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတိုးစေတယ်၊ စကားပြော ဆက်သွယ်မှု ပိုကောင်းလာမယ်။

၆။ မျက်စိမှိတ် စတုရန်း (The Perfect Square)

  • ကစားနည်း: လူတိုင်း မျက်စိမှိတ်ထားပြီး ကြိုးအဝိုင်းကြီးတစ်ခုကို ဝိုင်းကိုင်ထားရမယ်။ အားလုံး မျက်စိမှိတ်ထားလျက်သားနဲ့တင် အဲဒီကြော်အဝိုင်းကို ညီညာတဲ့ "စတုရန်းပုံ (Square)" ဖြစ်သွားအောင် စကားတွေပြော၊ ညှိနှိုင်းပြီး ပုံဖော်ရမှာပါ။

  • ရရှိမယ့်အကျိုးကျေးဇူး: အဖွဲ့ထဲမှာ ဘယ်သူက ဦးဆောင်ပြီး လမ်းပြမလဲ (Leadership) ဆိုတာကို လေ့ကျင့်ပေးနိုင်တယ်။

၇။ လူသားအထုံး ဖြေရှင်းခြင်း (Human Knot)

  • ကစားနည်း: အားလုံး ဝိုင်းရပ်ပြီး လက်တွေကို အလယ်မှာ ရှုပ်ယှက်ခတ်နေအောင် တစ်ယောက်နဲ့တစ်ယောက် လှမ်းချိတ်လိုက်ပါ။ ပြီးရင် ကိုင်ထားတဲ့လက်ချင်း လုံးဝမလွှတ်ဘဲ လူအချင်းချင်း ကျော်ခွ၊ လျှိုဝင်ပြီး ပတ်ရှုပ်နေတဲ့ အထုံးကို ဖြေရှင်းကာ လူဝိုင်းကြီး ပြန်ဖြစ်အောင် လုပ်ရမှာပါ။

  • ရရှိမယ့်အကျိုးကျေးဇူး: အဖွဲ့လိုက် ညီညွတ်မှု ရှိလာမယ်၊ စိတ်ရှည်သည်းခံမှုကို လေ့ကျင့်ပေးရာ ရောက်တယ်။

၈။ စိန်ခေါ်မှု Mission ရှာပုံတော် (Scavenger Hunt)

  • ကစားနည်း: အဖွဲ့တွေကို ထူးဆန်းပြီး ပျော်စရာကောင်းတဲ့ Mission တာဝန်တွေ ပေးလိုက်ပါ (ဥပမာ- လူစိမ်းတစ်ယောက်ကို မုန့်ကျွေးပြီး ဆယ်လ်ဖီတွဲရိုက်ခဲ့ဖို့၊ ကျောင်းဝင်းထဲက အနီရောင်ပစ္စည်း ၅ ခု ရှာခဲ့ဖို့)။ သတ်မှတ်ချိန်အတွင်း Task တွေ အကုန်လုံး အမြန်ဆုံးပြီးတဲ့အဖွဲ့က နိုင်မှာပါ။

  • ရရှိမယ့်အကျိုးကျေးဇူး: အရှက်အကြောက်ပြေပြီး သူငယ်ချင်းအသစ်တွေနဲ့ ချက်ချင်း ရင်းနှီးသွားစေတယ်။

၉။ ဒီနေ့ရဲ့ Goal ကဘာလဲ? (Purpose Mingle)

  • ကစားနည်း: ပွဲ သို့မဟုတ် သင်တန်း မစခင်မှာ တစ်ယောက်နဲ့တစ်ယောက် ၁ မိနစ်၊ ၂ မိနစ်လောက် လှည့်ပတ်စကားပြောပြီး "ဒီနေ့ ဒီပွဲကနေ ငါဘာတွေ အဓိက လေ့လာချင်လဲ/ ဘာတွေလုပ်ချင်လဲ" ဆိုတာကို အချင်းချင်း Share လုပ်ခိုင်းတာပါ။

  • ရရှိမယ့်အကျိုးကျေးဇူး: လာရတဲ့ ရည်ရွယ်ချက်ကို ပိုပြီး ပြတ်ပြတ်သားသား သိသွားစေပြီး Target ရှိရှိ လုပ်ဆောင်တတ်လာမယ်။

၁၀။ ဆိုးတူကောင်းဖက် (Winner/Loser)

  • ကစားနည်း: နှစ်ယောက်တစ်တွဲ ထိုင်ပါ။ တစ်ယောက်က မိမိကြုံခဲ့ရတဲ့ တကယ်စိတ်ညစ်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု (ဥပမာ- စာမေးပွဲကျတာ၊ ကားလွတ်သွားတာ) ကို ပြောပြရမယ်။ ပြီးရင် အဲဒီအဖြစ်အပျက်ထဲကနေ ရလိုက်တဲ့ "ကောင်းကွက် သို့မဟုတ် သင်ခန်းစာ" ကို ပြန်တွေးပြီး ပြုံးပြုံးလေး ပြန်ပြောပြရမှာပါ။

  • ရရှိမယ့်အကျိုးကျေးဇူး: ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်ဓာတ်မကျဘဲ Positive ဖြစ်အောင် တွေးတောတတ်တဲ့ အလေ့အကျင့် ရသွားစေပါတယ်။

Previous Post Next Post