Hydroponic မြေမဲ့အဟာရရည်ဖြင့် စိုက်ပျိုးနည်းစနစ် ( အပိုင်း - ၂ )

 


ခေတ်သစ်စိုက်ပျိုးရေးမှာ ခေတ်စားလာတဲ့ "မြေမဲ့အာဟာရစိုက်ပျိုးရေးစနစ် (Hydroponics)" အကြောင်းကို စိတ်ဝင်စားနေပြီလား? 🌱

မြေကြီးမလိုဘဲ အပင်တွေကို ကျန်းမာသန်စွမ်းအောင် စိုက်ပျိုးဖို့အတွက် ပထမဆုံးအဆင့်အနေနဲ့ အပင်ကို ပျိုးဗန်း (Seedling Tray) နဲ့ စတင်ဖောက်ရပါမယ်။ #LGTmyanmar , #BBKmyanmar
အပင်ပေါက်လေးတွေ ထွက်လာပြီး မြေမဲ့စိုက်ပျိုးတဲ့အဆင့် ရောက်တဲ့အခါမှာတော့ မြေကြီးနေရာမှာ အစားထိုးဖို့ Growing Media (စိုက်ပျိုးမြေအောက်ခံပစ္စည်း) တွေ လိုအပ်လာပါတယ်။

ဒီနေ့မှာတော့ မြေမဲ့စိုက်ပျိုးရေးမှာ အသုံးများတဲ့ Growing Media အမျိုးအစားတွေဖြစ်တဲ့—

  • Perlite (မီးတောင်ထွက်ကုန်)

  • Coco Coir (အုန်းဆံမှုန့်)

  • Clay Pebbles (သစ်ခွစိုက်သူများ အကျွမ်းတဝင်ရှိသည့် ရွှံ့စေးလုံးများ)

  • Rockwool (ရေစုပ်နှုန်းကောင်းသည့် ဖော့ပုံစံ)

  • Vermiculite (မျိုးစေ့ပေါက်နှုန်းကောင်းစေသည့် ရွှေရောင်အမှုန့်)

  • Growstones (စကျင်ကျောက်ကဲ့သို့)

  • Peat Moss (ရေညှိအခြောက်) နှင့် Sand (သဲ)

စတာတွေရဲ့ အကြောင်းကို အသေးစိတ် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေမဲ့စိုက်ပျိုးရေးရဲ့ နှလုံးသားဖြစ်ပြီး အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ NPK အာဟာရရည် အကြောင်းကိုပါ တပါတည်း ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 👇

#LGTmyanmar #BBKmyanmar

အာဟာရရည် အဓိကလိုအပ်ချက်ကတော့ NPK လိုအပ်ပါတယ်။ NPK ကတော့ အပင်အတွက် လုံလောက်တဲ့ပမာဏတွေ ပါဝင်ပါတယ်။ အာဟာရရည်ကတော့ မရှိမဖြစ်လိုအပ်ပါတယ်။
.





pH Level


မြေကြီးနဲ့ပတ်သက်တဲ့ ချဉ်၊ ငန် ကိန်းပေါ့နော်။ သုညကနေ တစ်ဆယ့်လေးအထိ ချဉ်၊ ငန်ကိန်း ရှိပါတယ်။ သုညဘက် ရောက်လာလေ Acid (အက်ဆစ်) ဘက်ရောက်လာလေ ပိုချဉ်လာလေလေပါပဲ။ တစ်ဆယ့်လေးဘက် သွားလေလေ Alkaline (အယ်လ်ကာလိုင်း) လို့ခေါ်တဲ့ ငန်တဲ့အခြေအနေ ဖြစ်လာလေလေပါပဲ။ ချဉ်၊ ငန်ကိန်းကို ဘာနဲ့တိုင်းတာမလဲဆိုရင် ပုံမှာပြထားတဲ့ အဝါရောင်အချောင်းလေး (pH Meter) နဲ့ တိုင်းရပါတယ်။ pH 7 ဆိုတာ သဘာဝ (Neutral) ဖြစ်နေတာလို့ ပြောတာပါ။ pH ဘာလို့အရေးကြီးလဲဆိုရင် အပင်အတွက် အရမ်းအရေးပါလို့ပါ။ အပင်တွေက သူတို့ကြိုက်တဲ့ pH ဖြစ်နေရင် အာဟာရစုပ်ယူမှု ပမာဏပိုပြီး ကောင်းပါတယ်။ pH ကို စစ်နေရပါမယ်။ ပုံမှန်ဆိုရင် pH 5.5 နဲ့ 7 ကြားထဲဆိုရင် ရပါတယ်။ pH နည်းချင်ရင် (အက်ဆစ်ဓာတ် ပိုလိုချင်ရင်) ရှာလကာရည် ထည့်လို့ရပါတယ်။ pH များချင်ရင် (အယ်လ်ကာလိုင်းဓာတ် ပိုလိုချင်ရင်) မုန့်ဖုတ်ဆိုဒါ သုံးလို့ရပါတယ်။

.


TDS & EC

TDS & EC တိုင်းတာတဲ့ ကိရိယာ လိုအပ်ပါတယ်။ အပေါ်မှာပြထားတဲ့ ဇယားကွက်လေးနဲ့ ကြည့်ပြီး ချိန်ရပါမယ်။ အာဟာရဓာတ် နည်းနေရင် အာဟာရရည်ထည့်ပါ။ အာဟာရဓာတ် များသွားရင် ရေထည့်ပြီး လျှော့ပါ။
.

ပိုးမွှားနဲ့ အင်းဆက်များကို ထိန်းချုပ်ဖို့
 Hydroponics စနစ်က မြေနဲ့စိုက်ပျိုးတာမဟုတ်တော့ မြေဆောင်ရောဂါတွေ ကင်းစင်တယ်ပေါ့နော်။ Food Safety ပိုင်းနဲ့ပတ်သက်ရင်တော့ တအားကောင်းတယ်။ Organic စိုက်ပျိုးရေးမဟုတ်ပေမဲ့ ဓာတုမြေသြဇာတွေကို စနစ်တကျ အသုံးပြုတဲ့အတွက်ကြောင့် ဒီစနစ်က အရမ်းကောင်းပါတယ်။

တစ်ခါတလေတော့ ဖတ်ပိုးလေးတွေလာတာ၊ မှိုရောဂါတွေ ကျတတ်တယ်ဗျ။ မှိုရောဂါကာကွယ်ဖို့ ထရိုင်ကိုဒါးမား (Trichoderma) အမှုန့်ရှိတယ်။ သူကလည်း မှိုပဲ၊ ဒါပေမဲ့ အကျိုးပြုမှိုပေါ့နော်။ မှိုကိုနိုင်တဲ့မှိုပါပဲ။ တစ်နည်းအားဖြင့် မှိုဘုရင်လို့ ခေါ်လို့ရပါတယ်။ အပင်နဲ့ အတူတကွ ရှင်သန်တဲ့ မှိုလေးပါ။ အသုံးပြုခြင်းဖြင့် များစွာအကျိုးပြုပါတယ်။ EM5 ကတော့ ရှာလကာရည်တို့၊ အရက်ပြန်တို့ပါဝင်ပြီး မှိုလည်းသေတယ်ပေါ့၊ ကြိုဖြန်းရပါတယ်။ Neem Oil ခေါ် တမာဆီကိုလည်း ကြိုဖြန်းထားလို့ရပါတယ်။ ခါးတယ်ပေါ့နော်၊ အပင်ကိုလာတဲ့ အင်းဆက်တွေလည်း မလာဘူးပေါ့ ခါးတော့။

သဘာဝပိုးသတ်ဆေးနည်းလမ်းတွေကို သုံးတာကတော့ အစားအသောက်အတွက် ပိုကောင်းတာပေါ့နော်။ ဓာတုပိုးသတ်ဆေးလည်း သုံးရတတ်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ပမာဏပဲသုံးပြီး ပိုးသတ်ဆေးရည်ရဲ့ ဓာတ်ကြွင်းမကျန်တဲ့ အချိန်ကျမှ ခူးဆွတ်စားပေါ့နော်။ ဒါလေးကတော့ ဆောင်ရန်၊ ရှောင်ရန်ပါ။ Green House (ဖန်လုံအိမ်) နဲ့ဆိုရင်တော့ ဒါတွေမလိုဘူးပေါ့၊ ဒါပေမဲ့ ကုန်ကျစရိတ်များပါတယ်။ B1 ကတော့ အမြစ်ကို အားပေးတယ်၊ သူကတော့ အပင်အားဆေးတစ်မျိုးပါပဲ။ B1 ကို ဖျန်းလို့ရပါတယ်။ ငါးအမိုင်နို (Fish Amino) ကတော့ နိုက်ထရိုဂျင်၊ ပရိုတင်း အပင်အတွက် အရမ်းအကျိုးရှိတဲ့ သဘာဝမြေသြဇာပါပဲ။ နောက်တစ်ခုကတော့ ဆားခါး (Epsom Salt) ပါ။ ငါးအမိုင်နိုနဲ့ ဆားခါးတို့က အရမ်းကောင်းပါတယ်။ အပင်ကို ဖျန်းလိုက်ရင် စိမ်းစိုပြီး တက်လာတာပါ။

Previous Post Next Post