ပေါ်တူဂီနိုင်ငံ ရိုးရာ ငါးသေတ္တာဗူး လုပ်ငန်း



ပေါ်တူဂီနိုင်ငံရဲ့ ရိုးရာဆာဒင်းငါးတင်သွင်းလုပ်ငန်း

ကျွန်မတို့ဟာ ပေါ်တိုမြို့နားက မာတိုဆင်ညိုစ်ဆိုတဲ့ မြို့လေးမှာပါ။ ပေါ်တူဂီရဲ့ သက်တမ်းအရင့်ဆုံး စည်ဘူးစက်ရုံတွေထဲက တစ်ခုဖြစ်ပြီး ရိုးရာနည်းလမ်းအတိုင်း ဆာဒင်းငါးတွေကို စည်သွတ်ဘူးလုပ်တာပဲဖြစ်ပါတယ်  ။ ဒီနေ့တော့ ဒီငါးသေးသေးလေးတွေ ဘာကြောင့် ဒီလောက်ရေပန်းစားလာလဲဆိုတာကို လေ့လာကြမှာပါ။ ပင်ဟိုင်းစ်မှာ ဆာဒင်းငါးတွေကို ဘယ်လိုစည်သွတ်ဘူးလုပ်လဲဆိုတာ ကြည့်ရှုပြီး နည်းပညာ ဘာကြောင့် ထူးခြားလဲဆိုတာ နားလည်ဖို့အတွက် အနည်းငယ်မြည်းစမ်းကြည့်ပါမယ်။ ပေါ်တူဂီကို ခရီးသွားမယ်ဆိုရင် အိမ်ပြန်ရောက်တဲ့အခါ ဆာဒင်းငါးစည်သွတ်ဘူးများက  အမှတ်တရပစ္စည်းမျိုးစုံ ပါလာတတ်ပါတယ်။ #LGTmyanmar , #BKKmyanmar 

.

ဇွန်လမှာ ကျင်းပတဲ့ နိုင်ငံရဲ့ပွဲတော်တွေအတွင်းမှာဆိုရင် တစ်စက္ကန့်ကို ဆာဒင်းငါး ၁၃ ကောင် စားသုံးကြပါတယ်။ ဒီနိုင်ငံဟာ ငါးစည်သွတ်ဘူးလုပ်ငန်းမှာ သမိုင်းရှည်ကြာခဲ့တာကြောင့် ဆာဒင်းငါးဟာ နိုင်ငံရဲ့အမှတ်သင်္ကေတတစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ ဘာကြောင့်လဲ။

ဆာဒင်းငါး ဘူးသွပ်လုပ်ငန်း သမိုင်း


 ပြင်သစ်မုန့်ဖုတ်သမားဖြစ်တဲ့ Nicolas Appert က စည်သွတ်ဘူး ကို အောင်မြင်စွာ ပထမဆုံးထုတ်လုပ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့တီထွင်မှုတွေကို စစ်တပ်အတွက် အစားအစာထိန်းသိမ်းနည်းအသစ် ရှာဖွေနေတဲ့ ပြင်သစ်ဧကရာဇ် နပိုလီယန်ကို ၁၈၀၀ ပြည့်နှစ်အစောပိုင်းမှာ တင်ပြခဲ့ပြီးနောက် နာမည်ကျော်ကြားလာခဲ့ပါတယ်။ အက်ပါတ် ရဲ့ ရှာဖွေတွေ့ရှိမှု လူသိရှင်ကြားဖြစ်လာပြီးနောက် စည်သွတ်ဘူးများက လျင်မြန်စွာ ရေပန်းစားလာခဲ့ပါတယ်။ ပေါ်တူဂီမှာ ရှည်လျားတဲ့ကမ်းရိုးတန်းနဲ့ ငါးပေါများတဲ့အတွက် ဒီခေတ်ရေစီးကြောင်းထဲကို ပါဝင်ဖို့ မခက်ခဲခဲ့ဘဲ ၁၉၂၅ ခုနှစ်ရောက်တဲ့အခါ စည်သွတ်စက်ရုံပေါင်း ၄၀၀ လောက် ရှိခဲ့ပါတယ်။

.

ငါးဖမ်းဆိပ်ကမ်းအရေးပါတဲ့ နေရာဖြစ်ပြီးသား  Matosinhos ဟာ စည်သွတ်ဘူးလုပ်ငန်းရဲ့ ဗဟိုချက် ဖြစ်လာခဲ့ပါတယ်။  စစ်ပြီးခေတ်မှာတော့ ဒီလုပ်ငန်းဟာ တဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပေါ်တူဂီမှာ ငါးစည်သွတ်ဘူး စက်ရုံ ၂၀ ပဲ ကျန်ပါတော့တယ်။ ဒီလိုကျဆင်းရတဲ့ အကြောင်းရင်းတွေကတော့ အရည်အသွေးမြင့်ပါဝင်ပစ္စည်းတွေကို ဈေးချိုတဲ့ ကုန်ကြမ်းတွေနဲ့ အစားထိုးလာတာ၊ ရာသီဥတုပြောင်းလဲမှု၊ ငါးဖမ်းယူမှု လျော့နည်းလာလို့ ထုတ်ပြန်တဲ့စည်းမျဉ်းတွေနဲ့ စည်သွတ်လုပ်ငန်းမှာ စက်အသုံးများလာတာတို့ ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့တဲ့ ပင်ဟိုင်းစ်ဟာ ပေါ်တူဂီမှာ နောက်ဆုံးကျန်ရှိနေတဲ့ စည်သွတ်စက်ရုံတွေထဲက တစ်ခုပါ။


ရိုးရာနည်းလမ်းနဲ့ ဆာဒင်းဘူးသွပ်ခြင်း

ပင်ဟိုင်းစ်က ဆာဒင်းငါးစည်သွတ်လေးမျိုးကို ထုတ်လုပ်ပါတယ်- သံလွင်ဆီနဲ့ ဆာဒင်း၊ ခရမ်းချဉ်သီးဆော့စ်နဲ့ ဆာဒင်း၊ သံလွင်ဆီအစပ်နဲ့ ဆာဒင်းနဲ့ ခရမ်းချဉ်သီးဆော့စ်အစပ်နဲ့ ဆာဒင်းတို့ပဲ ဖြစ်ပါတယ်။ကျွန်မတို့ ခရမ်းချဉ်သီးဆော့စ်နဲ့ ဆာဒင်းနဲ့ သံလွင်ဆီအစပ်နဲ့ ဆာဒင်း ပြုလုပ်ပုံကို လေ့လာခဲ့ပါတယ်။ 

1 . သန့်ရှင်းရေး

ဒါတွေကတော့ မာတိုဆင်ညိုစ်ဆိပ်ကမ်းကနေ ဒီမနက်မှ ရောက်ရှိလာတဲ့ ငါးအရှင်တွေပါ။ စည်သွတ်ခြင်းလုပ်ငန်းကို တစ်ရက်တည်းလုပ်ဆောင်မှာဖြစ်ပြီး ညနေ ၅ နာရီမှာ အားလုံးပြီးစီးပါလိမ့်မယ်။ ငါးအားလုံးကို စည်သွတ်ပါလိမ့်မယ်။ အခုတော့ ပင်ဟိုင်းစ်မှာ ဆာဒင်းငါးတွေကို တကယ်တမ်း ဘယ်လိုစည်သွတ်လဲဆိုတာ သွားကြည့်ဖို့ အချိန်ရောက်ပါပြီ။ ဆာဒင်းငါးတွေ စက်ရုံကိုရောက်လာပြီးနောက် စကျင်ကျောက်စားပွဲပေါ်တင်ပြီး ငါးရဲ့ခေါင်းနဲ့ အူတွေကို လက်နဲ့ ဖြတ်ထုတ်ပါတယ်။ 

.2 . ဆားရည်စိမ်ခြင်း

ပြီးရင် မိနစ် ၃၀ လောက် ဆားရည်စိမ်ပါတယ်။

3 . ရေနွေးငွေ့နဲ့ပေါင်းတင်ခြင်း

 ဆာဒင်းငါးတွေကို စက်ရုံထဲကအလုပ်ရုံမှာ လက်နဲ့ပြုလုပ်ထားတဲ့ ဇကာပြားတွေပေါ် တင်ပါတယ်။ ပြီးရင် ငါးတွေကို ဆားဖယ်ရှားဖို့အတွက် ရေဆေးပြီး ရေနွေးငွေ့နဲ့ပေါင်းပါတယ်။ 

4 . ဘူးသွပ်ခြင်း 

 ပါဝင်ပစ္စည်းအားလုံးကို နေ့ခင်းပိုင်းမှာပဲ လှီးဖြတ်ပြီး တစ်ခုချင်းစီကို လက်နဲ့ ထည့်ပါတယ်။ အစပ်ဆာဒင်း တစ်ဗူးစီမှာ ငရုတ်ကောင်းမှုန့်၊ မုန်လာဥနီ၊ လော်ရယ်ရွက်၊ ပီရီ-ပီရီ၊ လေးညှင်းနဲ့ သခွားသီးအနည်းငယ် ပါဝင်ပါတယ်။  ခရမ်းချဉ်သီးဆော့စ်ကို တာဝန်ယူပြီး သူ့ရဲ့ချက်နည်းကို လျှို့ဝှက်ထားပါတယ်။ 

5 . စက်ဖြင့် ဆေးကြောခြင်းနှင့် ပိုးသတ်ခြင်း 

ငါးတွေကို သံဖြူဗူးထဲ ထည့်ပြီး ရေဆေးကာ ပိုးသတ်ပါတယ်။ 

6 . အရည်အသွေးထိန်းချုပ်ခြင်း

ဒါတွေကတော့ စက်ရုံမှာရှိတဲ့ စက်နှစ်ခုတည်းပါ။ ဒီအမျိုးသမီးနှစ်ယောက်ကတော့ အရည်အသွေးထိန်းချုပ်မှုကို တာဝန်ယူပါတယ်။ ဗူးတစ်ဗူးချင်းစီရဲ့ အသံကို သေချာနားထောင်ပြီး လုပ်ဆောင်ပါတယ်။ 

7 . သိုလှောင်ခြင်းနှင့် ထုပ်ပိုးခြင်း

ဗူးတွေကို အနည်းဆုံး သုံးလကနေ ခြောက်လအထိ သိုလှောင်ထားပါတယ်။ ဖောက်သည်က မှာယူတဲ့အခါမှ ဗူးတွေကို လက်နဲ့ ထုပ်ပိုးပါတယ်။ ပြောရရင် ဒီအလုပ်ဟာ မလွယ်ပါဘူး။ ကျွန်မကိုယ်တိုင် ဗူးတစ်ဗူးကို ထုပ်ပိုးကြည့်ခွင့်ရခဲ့လို့ပါ။ 

.

အရသာစမ်းသပ်မှု

အခုတော့ အရသာမြည်းစမ်းဖို့ အချိန်ရောက်ပါပြီ။ ကျွန်မတို့ဆီမှာ ခရမ်းချဉ်သီးဆော့စ်နဲ့ ဆာဒင်းနဲ့ သံလွင်ဆီအစပ်နဲ့ ဆာဒင်းတွေ ရှိပါတယ်။ အမှန်တော့ ဒါဟာ စည်သွတ်ဗူးထဲက ဆာဒင်းငါးကို ကျွန်မရဲ့ ပထမဆုံးအကြိမ်စားဖူးတာပါ။  အခုတော့ ခရမ်းချဉ်သီးဆော့စ်နဲ့ ဆာဒင်းစားဖို့ အချိန်ရောက်ပါပြီ။ ကျွန်မက ဗူးဖွင့်တာ သိပ်မကျွမ်းကျင်ပါဘူး။ ဒီဗူးကို ၂၀၁၅ ခုနှစ်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး လေးနှစ်ရှိပါပြီ။ ကဲ၊ ဆာဒင်းလေး စားကြည့်ရအောင်။  အရမ်းကောင်းတယ်။  ခရမ်းချဉ်သီးတွေလို ချိုပြီး ဆီကလည်း အရမ်းကောင်းတယ်။ ဒီတစ်ကိုက်စားလိုက်ရုံနဲ့ ကောင်းတဲ့ဆီဆိုတာ ပြောနိုင်ပါတယ်။ ကျွန်မက စည်သွတ်အစားအစာတွေနဲ့ ပတ်သက်ပြီး အမှတ်မကောင်းခဲ့ပါဘူး။ 

.

ဘာလို့လဲဆိုတော့ ရှာလကာရည်ရဲ့ပြင်းတဲ့အရသာ ဒါမှမဟုတ် အရမ်းဆိုးတဲ့ ဟင်းသီးဟင်းရွက်ဆီအရသာတွေကို တကယ်ကြောက်လို့ပါ။  ဒါကတော့ အရမ်းလတ်ဆတ်ပြီး အရမ်းကောင်းတယ်။ ကျွန်မအဘွား ခရမ်းချဉ်သီးဆော့စ်ချက်တာကို ပြန်သတိရစေတယ်။ အဘွားက ဒီမနက်မှ ချက်ထားတာဖြစ်နိုင်ပြီး ဒါက ကျွန်မရဲ့နေ့လယ်စာ ဖြစ်သွားနိုင်ပါတယ်။ ကောင်းပြီ၊ အစပ်လေး စမ်းကြည့်ရအောင်။ ကျွန်မက အစပ်ကို သိပ်မကြိုက်ဘူး ။ ကျွန်မမျှော်လင့်ထားတဲ့ အစပ်မျိုးမဟုတ်ပါဘူး။ ဒါကတော့ အရမ်းသိမ်မွေ့တဲ့ အစပ်ဖြစ်ပြီး မြေနံ့လို အရသာမျိုးလည်း ရပါတယ်။ လော်ရယ်ရွက်အရသာကို ချက်ချင်းခံစားမိတယ်။ ဒါက စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အရမ်းသေးငယ်တဲ့အပိုင်းလေးဖြစ်နေလို့ပါ။ ဘာလို့ ဒီလောက်ကြာအောင် ဆာဒင်းငါးတွေ မစားခဲ့ရတာလဲ။ စည်သွတ်ဘူး တီထွင်လိုက်တာက သူတို့ကို ပိုတောင်ကောင်းစေတယ်လို့ ထင်တယ်။ 


ပင်ဟိုင်းစ်ဟာ သူ့ရဲ့ထုတ်ကုန် ၉၀% ကို သြစတြီးယားကနေ ကာရစ်ဘီယံအထိ ကမ္ဘာတစ်ဝန်းလုံးကို တင်ပို့ပါတယ်။

أحدث أقدم