အိမ်ရှင်မများအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်လုပ်ကြက်သားမှုန့် ပြုလုပ်နည်း

ဒီနေ့မှာတော့ အိမ်ရှင်မတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်တိုင် အလွယ်တကူ ပြုလုပ်နိုင်တဲ့ ကြက်သားမှုန့် လုပ်နည်းကို ဖော်ပြပေးသွားမှာပါ။ ဒီနည်းလမ်းက အရမ်းရိုးရှင်းပြီး လူတိုင်း လိုက်လုပ်နိုင်ပါတယ်။ #LGTmyanmar , #BBKmyanmar


၁။ ကြက်သားပြင်ဆင်ခြင်း

ပစ္စည်းလိုအပ်ချက်

  • ကြက်ရင်ဖုံးသား - ကိုယ်လုပ်မယ့် ပမာဏအပေါ် မူတည်ပြီး လိုသလောက် သုံးနိုင်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဆုံးအနေနဲ့ ကြက်ရင်ဖုံးသားကို သန့်ရှင်းသွားအောင် ရေနဲ့ သေချာဆေးကြောပါ။ ၂။ ရေဆေးပြီးရင် ကြက်သားကို မပြုတ်ဘဲနဲ့ ပေါင်း ပါမယ်။ ပေါင်းခံဇကာထဲကို ကြက်သားထည့်ပြီး အဖုံးပိတ်ကာ နာရီဝက်လောက် ပေါင်းပေးပါ။ (ကြက်သားကို ပေါင်းရခြင်းက ကြက်သားရဲ့ အချိုဓာတ်နဲ့ အာဟာရဓာတ်တွေ မဆုံးရှုံးရအောင် ဖြစ်ပါတယ်။) ၃။ နာရီဝက်ပြည့်ရင် မီးပိတ်ပြီး ကြက်သားကို အအေးခံထားပါ။ 


၂။ ကြက်သားမျှင် ပြုလုပ်ခြင်း

အအေးခံထားတဲ့ ကြက်သားကို အမျှင်လေးတွေ ရအောင် ထွင်းပေးပါ။ ခက်ရင်း (Fork) နဲ့ ခြစ်လိုက်ရင် ပိုပြီး လွယ်ကူပါတယ်။


၃။ ကြက်သားမျှင်များကို အခြောက်ခံခြင်း (၂ နည်း)

ပထမနည်း (မီးဖိုပေါ်လှော်ခြင်း)

၁။ မီးဖိုပေါ်မှာ အိုးတစ်လုံးတင်ပြီး မီးအနေတော်နဲ့ အိုးကို ပူအောင် တည်ပါ။ ၂။ ကြက်သားမျှင်တွေကို ထည့်ပြီး ရွှေဝါရောင်သမ်းလာပြီး ခြောက်လာသည်အထိ လှော်ပေးပါ။ ၃။ မီးအပူချိန် နိမ့်နိမ့်နဲ့ စိတ်ရှည်လက်ရှည် လှော်ပေးရင် ကြွပ်ရွလာမှာ ဖြစ်ပါတယ်။ ၄။ ကြက်သားမျှင်တွေ ကြွပ်သွားပြီဆိုရင် မီးပိတ်ပြီး အအေးခံထားပါ။

ဒုတိယနည်း (Oven ဖြင့် ဖုတ်ခြင်း)

၁။ ဒီနည်းကတော့ မီးဖိုပေါ်မှာ တစ်ချိန်လုံး ထိုင်လှော်ရတာထက် အလုပ်ရှုပ်သက်သာပါတယ်။ ၂။ ကြက်သားမျှင်တွေကို Oven မှာ ဖုတ်ဖို့အတွက် ဗန်းထဲမှာ ညီညီညာညာ ဖြန့်ထည့်ပါ။ ၃။ Oven အပူချိန် ၁၂၀ ဒီဂရီ စင်တီဂရိတ် နဲ့ နာရီဝက်လောက် ဖုတ်ပေးပါ။ ၄။ နာရီဝက်လောက် ဖုတ်ပြီးရင် ကြွပ်ရွနေတဲ့ ကြက်သားမျှင်လေးတွေ ရပါပြီ။ ၅။ အအေးခံထားပါ။


၄။ ကြက်သားမှုန့် ပြုလုပ်ခြင်း

၁။ အခြောက်ခံပြီးသား ကြက်သားမျှင်တွေကို Blender (ကြိတ်စက်) ထဲထည့်ပြီး အမှုန့်ရအောင် ကြိတ်ပါ။ (ကြိတ်စက်မရှိရင် ငရုတ်ဆုံနဲ့လည်း ထောင်းနိုင်ပါတယ်။) ၂။ ပထမအကြိမ် ကြိတ်ပြီးသွားရင် အမှုန့်က အရမ်းမညက်သေးပါဘူး။ ၃။ အဲဒီအချိန်မှာ ဆား အနည်းငယ်ထည့်ပြီး သမအောင် မွှေပေးပါ။ (ကလေးငယ်များအတွက်ဆိုရင် ဆားလျှော့ထည့်နိုင်ပါတယ်) ၄။ အမှုန့် လုံးဝညက်သွားတဲ့အထိ ဒုတိယအကြိမ် ထပ်ကြိတ်ပါ။ နှစ်ကြိမ်လောက် ကြိတ်ပြီးရင် ကြက်သားမှုန့်က လုံးဝ ညက်သွားပါပြီ။


၅။ သိမ်းဆည်းခြင်းနှင့် အသုံးပြုပုံ

သိမ်းဆည်းခြင်း

  • အိမ်လုပ်ကြက်သားမှုန့်မှာ တာရှည်ခံပစ္စည်းတွေ မပါဝင်တဲ့အတွက် လေလုံတဲ့ ဖန်ပုလင်းထဲမှာ ထည့်ပြီး သိမ်းဆည်းပါ။

  • ကြာကြာခံအောင် ရေခဲသေတ္တာထဲမှာလည်း ထည့်ထားနိုင်ပါတယ်။

  • အကောင်းဆုံးကတော့ ၂ ပတ်ကနေ ၃ ပတ်အတွင်း ကုန်အောင် သုံးတာ အကောင်းဆုံးပါ။

အသုံးပြုပုံ

  • ဒီကြက်သားမှုန့်ကို ဟင်းချို၊ ဟင်းရည်၊ ဆန်ပြုတ်၊ အကြော်အလှော်နဲ့ အသုပ်တွေမှာ ဟင်းခတ်မှုန့်အဖြစ် ထည့်သုံးနိုင်ပါတယ်။

  • ကလေးငယ်တွေအတွက်လည်း အာဟာရမှုန့်အဖြစ် ကျွေးနိုင်ပါတယ်။

ဒီအိမ်လုပ်ကြက်သားမှုန့်က ဓာတုပစ္စည်းနဲ့ တာရှည်ခံဆေးတွေ မပါဝင်တဲ့အတွက် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကြက်သားကို ကိုယ်တိုင် ရွေးချယ်ပြီး သန့်ရှင်းလတ်ဆတ်တာကို သုံးထားတာကြောင့်လည်း စိတ်ချရပါတယ်။

أحدث أقدم