အများရှေ့ စကားပြောဆိုခြင်း(Public Speaking) ပိုကောင်းဖို့ အထိရောက်ဆုံး ၃ ချက်


ရိုးရှင်းတဲ့နည်းလမ်းကတော့ ၅ မိနစ်စာ ဗီဒီယို ကို record ပြုလုပ်ပြီး လက်တန်းပြောဖို့ လေ့ကျင့်ပါ ။ အဲ့ဒီ video ကို ချက်ချင်းမကြည့်ပဲ နောက်တစ်ရက်မှာမှ အချက် (၃) ချက်နဲ့ စီစစ်ကြည့်ပါ။

#LGTmyanmar , #BBKmyanmar

.

1. Vocal Image Review

အသံကို ကျယ်ထားပြီးတော့ ပုံမကြည့်ပဲ အသံရဲ့ အနေအထားကို နားထောင်ပြီး နာထောင်လိုက်တဲ့အခါ ဘယ် အသံကို ကြိုက်လဲ ဘယ်အသံကို မကြိုက်ဘူးလဲ ဆိုတာဆန်းစစ်ပါ။

.

2. Visual Image Review 

ဖုန်းကောက်ယူလိုက်ပြီးတော့ အသံကို ပိတ်ထားပြီး ကိုယ့်ရဲ့ ကိုယ်ဟန်အနေအထားကို လေ့လာပါ မျက်နှာအမူအယာ နဲ့ ခန္ဓာကိုယ်အမူအယာတွေရဲ့ လိုအပ်ချက် စစ်ဆေးပါ။

.

3. Transcribe The Video

အသံတွေကို စာသားအနေနဲ့ ရေးပြီးတော့ Umms and Ahhs နဲ Filter words တွေကို မှတ်ထားပြီး ကိုယ်ပြောတဲ့ စကားတိုင်းရှင်းလင်းနေစေဖို့  ဦးစားပေး ဖယ်ရှားပါ။ 

.

စကားပြောလေ့ကျင့်တိုင်း ဒီ ၃ ချက်ကို အသုံးချမယ်ဆိုရင် ပိုတိုးတက်လာမှာဖြစ်ပြီးတော့ မှန်တစ်ချပ်နဲ့ လေ့ကျင့်တာကလဲ အလွန်အစွမ်းထက်တဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပါ။

Previous Post Next Post