အအေးခံခြင်း နှင့် ဒီဇိုင်းဖန်တီးခြင်း
Crosslite အရည်များကို မိုထဲသို့သွန်းထည်လိုက်ပါ။ ထို့နောက် အရေးကြီးတဲ့အဆင့်ကတော့ အအေးခံခြင်းအဆင့်ပြင် ဖြစ်သည်။ Crocs ဖိနပ် နောက်ဆုံးအဆင့်တွင် ပုံစံခွက် နှင့် မို များကို အအေးခံ အပိုင်းကိုလုပ်ဆောင်ရသည်။ပုံစံခွက် အေးလာသည် နှင့် အမျှ Crocs သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါးတဲ့ ဒီဇိုင်းကိုဖန်တီးရာ ကိုလွယ်ကူစေပါသည်။ ထို့နောက် မို နှင့် ပုံစံခွက်များ လုပ်ငန်းစဥ်ကိုလုပ်ဆောင်ပြီးနောက် Crocs ဖိနပ်ကိုရရှိသွားပါပြီး။ #LGTmyanmar , #BBKmyanmar
.
ဖြတ်တောက်ခြင်းနှင့် အသေးစိတ်စိစစ်ခြင်း
အရည်သွေးအကောင်းဆုံးဖြစ်စေရန် တစ်ဆင့်ဆီတိုင်းကို အသေးစိတ်စိစစ်ရသည်။ အရောင်အသွေး အရည်အသွေးအပြည့်မပြည့် ပိုနေသော အပိုင်းအစများကို ဖြတ်တောက်ခြင်းများပြုလုပ်ရသည်။ ခြေဖနောင့်သိုင်းကြိုး တံဆိပ်ကပ်ခြင်း၊ Crocs မှဖန်တီးထားသော ခြေဖနောင့်ကြိုးများကို ပြောင်းလဲဝတ်ဆင်နိုင်သည်။
.
အရည်အသွေးထိန်းချုပ်ခြင်း နှင့် ထုပ်ပိုးခြင်း
အရည်အသွေးထိန်းသော အဖွဲ့များသည် Crocs ဖိနပ် Brand ၏ စံနှုန်းများနှင့် ကိုက်ညီမှု ရှိမရှိ အသေးစိတ်စစ်ဆေးကြသည်။ ဖိနပ် ပုံသဏ္ဍာန်၊ အရွယ်အစား၊ ခြေဖနောင့်ကြိုးများ နှင့် လိုဂိုများ ချို့ယွင်းချက် ရှိမရှိ စစ်ဆေးကြသည်။ Quality Control ကဏ္ဍသည် Crocs Brand အတွက်အရေးကြီးဆုံးဖြစ်ပြီး Customer များ၏ အလိုချင်ဆုံး အချက်ပင်ဖြစ်သည်။ ထို့နောက် Crocs ဖိနပ်များကို သန့်ရှင်းပြီး ထို့နောက် ဖိနပ်များကို အရွယ်အစားအလိုက် အရောင်အသွေးအလိုက် ထုပ်ပိုးပြီး ဖြန့်ချီရန် တံဆိပ်ကပ်ထားခြင်းရှိမရှိ စစ်ဆေးပါသည်။ Packaging Crocs ဖိနပ်များကို ဂိုဒေါင်မှ သို့မဟုတ် လက်လီရောင်းချသူများနှင့် စားသုံးသူများထံ တိုက်ရိုက်ပေးပို့ပြီး Crocs ထုတ်ကုန်များကို ရောင်းချနိုင်ပါပြီး။
.
Crocs သည် မည်သည့် အနုပညာရှင်များ နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သလဲ။
နာမည်ကြီးအနုပညာရှင်များဖြစ်တဲ့ Justin Biber ၊ Post Malone နှင့် Ariana Grande တို့နဲ့ collaboration ပြုလုပ်ခဲ့သောကြောင့် လက်ရှိအချိန်မှာ ရောင်းအားအကောင်းဆုံးဖိနပ် ဂုဏ်ပုဒ် လက်ရှိအချိန်မှာ ရရှိထားပါသည် ။ Crocs တွေက စျေးလဲအရမ်းမကြီးဘူး ဝတ်ရတာ သက်တောင့်သက်သာလဲဖြစ်တယ် အဲ့အချက်တွေအပြင် fashionable ဖြစ်ထပ်တိုးလိုက်တဲ့အခါမှာတော့ လူကြိုက်အများဆုံးဖြစ်သွားပါတယ်။