အောင်မြင်သော လုပ်ငန်းခွင်ယဉ်ကျေးမှု

 




လုပ်ငန်းခွင်ယဉ်ကျေးမှုဆိုတာဘာလဲ။


လုပ်ငန်းခွင်ယဥ်ကျေးမှုဆိုသည်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း တန်ဖိုးထားမှု၊ ယဥ်ကျေးမှုများကို လေးစာခြင်းနှင့် အပြုသဘောဆောင်သော သဘောထားများဖြစ်ကြသည်။ #LGTmyanmar , #BBKmyanmar

.

အပေါင်းလက္ခဏာ ဆောင်သော လုပ်ငန်းခွင်ယဥ်ကျေးမှု

အပေါင်းလက္ခဏာဆောင်သော လုပ်ငန်းခွင်ယဥ်ကျေးမှုသည် လေးစားဖော်ရွေမှုနှင့် ယုံကြည်မှုတို့  လက္ခဏာရပ်များဖြစ်သည်။ ထို့ကြောင့် အောင်မြင်လိုသော ပူးပေါင်းဆောင်ရွက်မှုများ နှင့် ပွင့်လင်းရိုးသားသော ကောင်းမွန်သော ဆက်ဆံရေးများကို ဖြစ်ပေါ်စေသည်။ အတူတကွ လုပ်ငန်းအတွက်ပူးပေါင်းဆောင်ရွက်ကြပြီး မိမိတို့ ၏ထင်မြင်ယူဆချက်များကို အစည်းဝေးပွဲများတွင် တချို့ မှတ်ချက်များကို ကြောက်ရွံ့မှုမရှိပဲ ထုတ်ဖော်တင်ပြပေးနိုင်ကြသည်။ အပေါင်းလက္ခဏာဆောင်သော လုပ်ငန်းခွင်များမှာ မတူကွဲပြားမှုများ၊ စုပေါင်းလုပ်ဆောင်ခြင်းများ၊ အခွင့်လမ်းများဖန်တီးခြင်း နှင့် အားလုံးပူးပေါင်းရွက်ခြင်းများ  ထူးခြားသော အခွင့်လမ်းများးရှိနေသည်။ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များကြောင့် ကောင်းမွန်သော စွမ်းဆောင်ရည်များကို ဖြစ်ပေါ်စေသည်။ 

.


အနုတ်လက္ခဏာ ဆောင်သော လုပ်ငန်းခွင် ယဥ်ကျေးမှု 

အနုတ်လက္ခဏာ ဆောင်သော လုပ်ငန်းခွင်များတွင် စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းခြင်းများကို ခံစားရရှိလိမ့်မည်။ စိတ်ဖိစီးမှု ခံစာနေရသော လုပ်ဖော်ကိုင်ဖက်များ၏ သူတို့၏ ခံစားချက်များကို နားထောင်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း နှင့် အလုပ်ခွင်တွင် အဆင်ပြေစေရန် လုပ်ဆောင်ပေးရမည်။ 

.

မန်နေဂျာ၏ အဓိကအခန်းကဏ္ဍများမှာ

ထို့နောက် မိမိတို့ ကုမ္ပဏီမှ လုပ်ဆောင်နေသော လုပ်ငန်းစဥ်များကို တာဝန်ထမ်းဆောင်နေသော အလုပ်သမားများထံ မန်နေဂျာများမှ ရှင်းပြတ်သားစွာ ရှင်းပြရမည်။ ကောင်းမွန်သော မန်နေဂျာများသည် မိမိ လက်အောက်ငယ်အားများ၏ လုပ်ငန်းခွင်အခက်ခဲများ နှင့် အကြံပြုချက်များကို နားထောင်ပေးပြီး ခက်ခဲသောလုပ်ငန်း ကိစ္စများကိုလဲ ဖြေရှင်းနိုင်ရန် အားပေးရမည်။ မိမိ အလုပ်သမားများ၏ အမှားများကိုလဲ နားလည်ခွင့်လွှတ်ပေးပြီး စာနာမှုများကိုပြသဖို့သည်။ 

.


ဝန်ထမ်းများ၏ အခန်းကဏ္ဍများမှာ

ဝန်ထမ်းတွေမှာလည်း အခန်းကဏ္ဍများမှာ အားလုံးကို ကြင်နာပါ၊ လေးစားပါ၊ ကူညီပေးရပါမည်။  အပေါင်းလက္ခဏာဆောင်သော လုပ်ငန်းခွင်ယဥ်ကျေးမှု အောင်မြင်မှု၏ အခရာဖြစ်သည် ။ အပေါင်းလက္ခဏာ ဆောင်သော လုပ်ငန်းခွင်ယဥ်ကျေးမှုသည် အပြုဆောင်ခြင်း နှင့် အကျိုးကျေးဇူးရှိပြီး ပရောဂျက်တိုင်းကို ဦးဆောင်နိုင်သည်သာမက အောင်မြင်မှုများအတွက်ပါ အထောက်ကူဖြစ်စေသည်။ ကျွန်တော်တို့ကရော ဘယ်လိုမျိုး လုပ်ငန်းခွင်နှင့် လုပ်ဖော်ကိုက်ဖက်များကို လိုချင်ပါသလဲ။








Previous Post Next Post