အာလူး chips ပုံစံ အရသာရှိတဲ့ rice chips ပြုလုပ်နည်း

 




အိမ်တွင်း rice chip ပြုလုပ် နည်းလေးပဲဖြစ်ပါတယ်

စားကောင်းစေသော Peri-Peri ဟင်းခတ်အမွှေးအကြိုင်ကို  ကိုယ်တိုင် သဘာဝအတိုင်း  ပြုလုပ်ထားသောကြောင့် တာရှည်ပစ္စည်း နှင့် MSG မပါဝင်ပါ။ #LGTmyanmar , #BBKmyanmar

.

အခုပဲပြုလုပ်လိုက်ရအောင်

  1. ထမင်း          -  ၉၀၀ ဂရမ်
  2. ဆားမပါသောထောပတ် -    ၂  ဇွန်း
  3. ရေ            -  ၁/၄ ခွက်
  4. ဆား           -  ၁ လက်ဖက်ရည်ဇွန်း

ထို့နောက် ကြိတ်စက်ဖြင့် နှံ့စပ်အောင် ကြိတ်ပေးပါ။

.

ကြိတ်ထားသော ထမင်းများကို ခွက်ထဲသို့ တဖန် ထည့်ပေးပါ။ ထို့နောက် -

ဆန်မှုန့်            - ၂ ဇွန်း
မုန့်ဖုတ်မှုန့်      - ၁ လက်ဖက်ရည်ဇွန်း ရောမွှေပေးပါ။ ခရင်ထည့်အိတ်ထဲသို့ ထည့်လိုက်ပါ။ 

.

ခရင်ထည့်ထားသောအိတ်မှ ကြိတ်ထားသော ထမင်းများကို မုန့်ဖုတ်စက္ကူ/ဆီလီကွန်စက္ကူပေါ်တွင်  အနည်းဆုံး 4-5 စင်တီမီတာ ခြား၍ အချပ်ပြားပုံစံ ပြုလုပ်ပေးပါ။  Oven ထဲသို့ထည့်၍ 170°C/325°F ဖြင့်အပူပေးပြီး အချိန် 20-25 မိနစ်ခန့် ဖုတ်ပါ  ကျန်းမာရေးနှင့် ညီညွတ်သော အိမ်မှာပဲ အလွယ်တကူလုပ်နိုင်တဲ့ rice chip ရရှိပါပြီး။ ထို့နောက်  rice chip များကို လေလုံသော ဘူးထဲတွင် တစ်ပတ်ကြာအထိ သိမ်းဆည်းထားနိုင်ပါသည်။ 

.

ကိုယ်တိုင် Peri - Peri  ဟင်းခတ်အမွှေးအကြိုင်ပြုလုပ်နည်း

  1. Kashmiri ငရုပ်သီးအနီမှုန့်   -  ၁ ဇွန်း
  2. ငရုတ်သီးအနီမှုန့်                -   ၁ ဇွန်း
  3. ကြက်သွန်နီမှုန့်                  -   ၁ ဇွန်း 
  4. ကြက်သွန်ဖြူမှုန့်               -   ၁ ဇွန်း
  5. ငရုတ်ကောင်းမှုန့်              -   ၁ ဇွန်း
  6. တောရှုံးပင်                       -   ၁ ဇွန်း 
  7. သရက်သီးခြောက်မှုန့်       -   ၁ ဇွန်း
  8.  ဆား                               -   ၁ ဇွန်း
  9. သကြား                           -   ၁ ဇွန်း  

ထို့နောက် ကြိတ်စက်ဖြင့် အမှုန့်များဖြစ်သွားသည်အထိ  နှံ့စပ်အောင် ကြိတ်ပေးပါ။ 

rice chip နှင့် ကိုယ်တိုင်ပြုလုပ်ထားသော  Peri - Peri ဟင်းခတ်အမွှေးအကြိုင် ၁ ဇွန်းဖြင့် ရောမွှေပြီး အရသာရှိသော rice chip ကို စားသုံးနိုင်ပါသည်။ 















Previous Post Next Post