Artificial Intelligence (သို့) AI ဆိုတာက လူတွေလိုပဲ အလုပ်လုပ်နိုင်ဖို့ လူသားဉာဏ်ရည်တု အသိဉာဏ်တွေကို စက်ပစ္စည်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်တဲ့ နည်းပညာတစ်ခုပါ။ အချက်အလက်များစွာကို စနစ်တကျ စုဆောင်းပြီး အဆင့်ပေါင်းများစွာနဲ့ တစ်နေ့ထက်တစ်နေ့ အသိဉာဏ် များများ မှတ်ထားနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ #LGTmyanmar , #BBKmyanmar
.
AI ကို ဘာအတွက် သုံးနိုင်သလဲ။
Google မှာ သင့်မေးတဲ့ မေးခွန်းများကို အလိုအလျောက်ဖြေပေးခြင်း၊ AI နဲ့ ရောဂါရှာဖွေဖော်ထုတ်ခြင်းကို ကူညီဆောင်ရွက်ပေးခြင်း၊ လူမပါပဲ ကားများ အလိုအလျောက် မောင်းနှင်နိုင်အောင် AI က ပံ့ပိုးပေးနိုင်ပါတယ်။Chat-GPT ကဲ့သို့သော မေးမြန်းအကူညီတောင်းနိုင်အောင်ဖန်တီးခြင်း၊ စစ်တုရင်ဂိမ်းတစ်ခု အနိုင်ရအောင်ဆော့နိုင်ခြင်း နှင့် အခြားအရာများစွာကို ပြုလုပ်နိုင်ပါတယ်။
.
Klippa အေအိုင်မှာဆိုရင် ကျွန်ုပ်တို့သည် စာရွက်စာတမ်းတွေကို လူမပါပဲ အလုပ်လုပ်နိုင်ဖို့ အတွက် AI ကိုအသုံးပြုနိုင်ပါသည်၊ ဆိုလိုသည်မှာ ငွေတောင်းခံလွှာများကဲ့သို့သော မတူညီသောစာရွက်စာတမ်းများမှ ဒေတာများကိုထုတ်ယူနိုင်သည်၊ ဘယ်စာရွက်တွေက ပြေစာ၊ အထောက်အထား စာရွက်စာတမ်းများ၊ ဘဏ်ရှင်းတမ်းများ၊ စျေးနှုန်းတံဆိပ်များနှင့် အခြားအရာများစွာ ကို AI က အမျိုးအစားခွဲနိုင်သလို ဖတ်နိုင်ပြီး လူမလိုပဲ အချက်အလက်တွေ ဖြည့်နိုင်ပါတယ်။
.
အေအိုင်ဘယ်လိုအလုပ်လုပ်လဲ
တော်တော်များများ AI က သူ့မှာရှိတဲ့ အချက်အလက်တွေကို ပုံသေနည်းနဲ့ မှတ်ထားတက်ပါတယ်။ တစ်ချို့ AI မှာသုံးတဲ့ data annotation ဆိုတာက အချက်အလက်တွေကို အညွှန်း (label) တပ်တဲ့နည်းပါ။ နမူနာအနေနဲ့ မီးပွိုင့်မိနေတဲ့ ပုံတစ်ပုံမှာဆိုရင် လူ၊ ကား၊ မီးပွိုင့် အစရှိသည်ဖြင့် ခွဲသိတဲ့နည်းလမ်း ဒါမှမဟုတ် website တစ်ခုထဲ ဝင်တဲ့အချိန်မှာ အသုံးပြုသူတွေက robot မဟုတ်တဲ့အကြောင်း ပုံလေးတွေရွေးပေးတာကနေ ရလာတဲ့ အချက်အလက်တွေကို ယူပြီး အသုံးပြုပါတယ်။
.
ကျွန်တော်တို့ဆီက Klippa AI မှာဆိုရင် စာရွက်စာတမ်းတွေပေါ်က လိပ်စာတွေကို ဘယ်နေရာမှာပဲ ရှိရှိ ဖတ်နိုင်ပြီးတော့ အမှားအမှန် ခွဲခြားနိုင်ပါတယ်။
.
ပုံတွေကို ခွဲခြားနိုင်တဲ့ အေအိုင်မှာဆိုရင် သူ့ကို သင်ပေးတဲ့အချိန်မှာ ဆိတ်တစ်ကောင်ပုံ ပြလိုက်ရင် ဆိတ်လို့ပြောပါလိမ့်မယ်။ လူတစ်ယောက်က ချီလိုက်တဲ့အခါ သူအရင်တုန်းက သင်ပေးခံထားရတာက ကြောင်တွေ ခွေးတွေကိုပဲ လူတွေက ချီတက်တယ်ပဲသိတာမို့ လူကဆိတ်ကို ချီလိုက်ရင် သူက ကြောင်လို့ မှားပြောပါလိမ့်မယ်။ ဒါကြောင့် ပုံတွေ အများကြီး ၊ ဆိတ်ရဲ့ မျက်လုံး ခန္ဓာကိုယ်နဲ့ ခြေလက်တွေက ဘယ်လိုရှိတယ်ဆိုတာ သင်ပေးထားဖို့လိုပါတယ်။
.
ကလေးငယ်လေးတစ်ယောက်ကို သင်ပေးရတဲ့ပုံစံနဲ့ ဆင်တူပါတယ်။ စက်ဘီးဆိုရင် ဘီးနှစ်ခုရှိတယ် လက်ကိုင်က ဘယ်လိုဆိုတာ သင်ပေးရပါတယ်။ passport number တွေက နံပါတ်တွေနဲ့ စာလုံးတွေ ပါဝင်တယ်ဆိုတာ သင်ပေးရပြီး ဘယ်နားမှာရှိတယ်ဆိုတာကိုပါ AIကို သင်ပေးရပါတယ်။ လူတွေလိုပဲ အသစ်အသစ်တွေကို အမြဲတမ်းသင်ပေးနေဖို့လိုပါတယ်။ AI ရဲ့ အဖြေတွေကို အမြဲ စစ်ဆေးပေးနေရပြီးတော့ ပိုကောင်းဖို update လုပ်ပေးဖို့လိုပါတယ်။