Problem Solving Skills
အလုပ်သမားတိုင်းအတွက် မရှိမဖြစ်လိုအပ်ဆုံး skill တစ်ခုမှာ Problem Solving Skill ပဲဖြစ်ပါတယ်။ စီပွားရေး နှင့် လုပ်ငန်းတိုင်း တွင် စီနီယာ မှ ဂျူနီယာအထိ လုပ်ငန်းအခက်ခဲများကို နေ့ဓဒူဝ ကြုံတွေ့နေကြရသည်။ အလုပ်သမားတိုင်းသည် လုပ်ငန်းခွင်ပြဿနာများ နှင့် ရင်ဆိုင်ရလျှင် လျှင်မြန်ထိရောက်စွာမဖြေရှင်းနိုင်ကြပါ။
#LGTmyanmar , #BBKmyanmar
.
နည်းမှန်လမ်းမှန် နှင့် အလုပ်ခွင်ပြဿနာများကိုဖြေရှင်းကြမလဲ ?
စိန်ခေါ်မှုများကို ယုံကြည်မှုနှင့် ဖြတ်ထိုးဉာဏ် ဖြင့် ကိုင်တွယ်ဖြေရှင်းရန် တန်ဖိုးရှိသော နည်းဗျူဟာငါးခုကို ကြည့်ကြပါစို့။
.
Effective Problem Sovling
အလုပ်ခွင်တွင် ပြဿနာတစ်ခု ဖြစ်ပေါ်လာပါက ပထမဦးစွာ ပြဿနာကို ရှင်းရှင်းလင်းလင်း နားလည်ရန်နှင့် သက်ဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်းသည် အထိရောက်ဆုံး ပြဿနာ ဖြေရှင်းနည်းပင်ဖြစ်သည်။
.
BrainStrom
ဖြေရှင်းချက်များစွာကို ရှာဖွေပါ။ တီထွင်ဖန်တီးနိုင်စွမ်း နှင့် out of the box တွေးခေါ်မှုများကို အားပေးပါ။ ဖြစ်နိုင်ခြေတိုင်းကို အကောင်းဆုံးဖြေရှင်းနည်းလမ်းများကို ရှာဖွေ ထည့်သွင်းစဉ်းစားပါ။
.
Critial Thinking
ဝေဖန်ပိုင်းခြားပြီး ဖြစ်နိုင်ချေရှိသော အဖြေများကို ထည့်သွင်းစဥ်းစားပါ။ ရွေးချယ်မှုတစ်ခုစီတိုင်းကို ဖြစ်နိုင်ခြေများကို ထည့်သွင်းစဥ်းစားခြင်း၊ ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များ နှင့် မျှော်လင့်ထားသည့်ရလဒ်များကို ထည့်သွင်းစဉ်းစားကာ ဂရုတစိုက်ဖြေရှင်းခြင်ပါ။ ထိုသို့အချက်အလက်များ ထည့်သွင်းစဥ်းစားတတ်သော အလေးအကျင့်များကြောင့် ကျွန်တော်တို့၏ အလုပ်ခွင်တွင် ပန်းတိုင်များနှင့် ရည်မှန်းချက်များကို အကောင်ထည်ဖော်နိုင်ရန် အကူညီးများဖြစ်စေနိုင်သည်။
.
Take Action
အဖြေတစ်ခုကို ရွေးချယ်ပြီးသည်နှင့် ၎င်း၏ အဖြေကို အကောင်ထည်ဖော်ရန် ပြတ်ပြတ်သားသားနှင့် ထိထိရောက်ရောက် လုပ်ဆောင်ပါ။ လူတိုင်းအတွက် လိုက်လျောညီထွေဖြစ်ပြီး ဘုံရည်မှန်းချက်တစ်ခုဆီသို့ လုပ်ဆောင်နေကြောင်း သေချာစေရန် မည်သည့်ပရောဂျက် သို့မဟုတ် အလုပ်တာဝန်များ တစ်လျှောက်တွင် အဖွဲ့၀င်များနှင့် ရှင်းလင်းပြတ်သားစွာ ဆက်သွယ်မှုနှင့် ပူးပေါင်းလုပ်ဆောင်ရန် မမေ့ပါနှင့်။
.
Reflect On The Outcome
ပြဿနာ ဖြေရှင်းရာတွင် အကောင်းဆုံးထိရောက်ဖြေရှင်းမှုများ ရှိစေရန် အချိန်ယူပါ။ မိမိလုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဖြေရှင်းခြင်း မိမိတို့လုပ်ငန်းခွင် Problem Solving Skills တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။
ဗျူဟာမြောက်စဉ်းစားတွေးခေါ်မှုနှင့် ဇွဲလုံ့လဖြင့် မည်သည့်စိန်ခေါ်မှုကိုမဆို ကျော်လွှားနိုင်သည်ကို သတိရလိုက်ပါ။