လူသားအရင်းမြစ် HR ( Human Resource)
HR ဆိုတာက လုပ်ငန်းအတွက်
- ဝန်ထမ်းရွေးချယ်ခြင်း အလုပ်ခန့်ခြင်း ရာထူးနှင့် အလုပ်ခွဲဝေပေးခြင်း
- ဝန်ထမ်းပိုင်းဆိုင်ရာ HR မူဝါဒများကို ရေးဆွဲခြင်း၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်း
- ဝန်ထမ်းများနှင့် ကုမ္ပဏီကြားက ဝန်ထမ်းပိုင်းဆိုင်ရာ လုပ်ငန်းခွင် ဆိုင်ရာ သတ်မှတ်ချတ်တွေကို ရေးဆွဲ စီမံပေးရတာပါ။
Human Capital (လူသားအရင်းအနှီး) ဆိုတာ ဝန်ထမ်းတွေရဲ့ အသိပညာ အတက်ပညာ စွမ်းရည်တွေရဲ့ အကူအညီနဲ့ ကုမ္ပဏီ အကောင်းဆုံး လည်ပတ်နိုင်ဖို့ တန်ဖိုးရှိတဲ့ အရင်းအနှီး နောက်ခံ အင်အားတစ်ခုဖြစ်ပါတယ်။
#LGTmyanmar, #BBKmyanmar
Human Resource Management (HRM)
HRM ဆိုတာကတော့ လုပ်သားအင်အားကို အရေးပါတဲ့ အရင်းအမြစ်တစ်ခုအဖြစ် တန်ဖိုးထားပြီး
လည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုအဖြစ် ဖော်ဆောင်ဖို့ပါ။ HRM ရဲ့ ရည်ရွယ်ချက်ကတော့ ရေရှည်ရည်မှန်းချက်တွေ ချမှတ်ပြီး ကုမ္ပဏီ အတွက် ဆုံးရှုံးမှု အနည်းဆုံးနဲ့ အမြတ်ငွေတိုးလာစေဖို့ ကူညီပေးဖို့ပါ။
HRM ၏ သဘောသဘာဝ
- လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု (HRM) သည် စီးပွားရေးလုပ်ငန်း အောင်မြင်စေဖို့ လမ်းညွှန်ချက်များနှင့် လက်တွေ့ဆောင်ရွက်ရမယ် လုပ်ဆောင်ချက်တွေကို ရေးဆွဲပေးရတာပါ။
- အဖွဲ့အစည်းတစ်ခုရဲ့ အောက်ခြေကနေ ရာထူးအမြင့်ဆုံးထိ ဝန်ထမ်းအားလုံးကို ကြီးကြပ်ကွပ်ကဲပေးရတဲ့ ဌာနခွဲတစ်ခုပါ။
- လုပ်ငန်းအောင်မြင်စေဖို့ ဝန်ထမ်းတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးခြင်းကို အဓိက လုပ်ဆောင်ရပါတယ်။ ဝန်ထမ်းတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်အဆင့်ရောက်လာဖို့ကိုရော နေ့စဉ်ဘဝမှာပါ အဆင်ပြေစေဖို့ကိုပါ ကူညီပေးရတဲ့ နယ်ပယ်တစ်ခုဖြစ်သည်။
- အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တွေကြားမှာ လုပ်ငန်းရဲ့ ဦးတည်ချက်ကို နားလည် လိုက်နာဆောင်ရွက်နိုင်ဖို့ ပံ့ပိုးပေးရပါတယ်
- အမြဲ ပြောင်းလဲနေတဲ့ စျေးကွက်အခြေအနေနဲ့ ပြိုင်ဆိုင်ရတဲ့ အဆင့်တိုင်းကို အမီလိုက်နိုင်ရန်ဖို့ ထုတ်ကုန်တွေကို အမြဲတမ်း ပိုကောင်းအောင် အဆက်မပြတ် ပြုပြင်ပြောင်းလဲပေးဖို့ လိုသလိုပဲ HR ဘက်ကလဲ မြင့်တက်လာတဲ့ ပြိုင်ဆိုင်မှု တွေကို အမီလိုက်နိုင်ဖို့ ဝန်ထမ်းတွေကို စွမ်းရည်မြင့်ပေးတာမျိုး အစားထိုးတာမျိုး လူသစ်ခန့်တာတွေကို လုပ်ပေးရမှာပါ။
- ထုတ်ကုန်စွမ်းအား မြင့်မားလာစေဖို့ ဘယ်ဝန်ထမ်းတွေက အသင့်တော်ဆုံးနဲ့ အကောင်းဆုံးလဲ ဆိုတာကို စောင့်ကြည့်လေ့လာနေဖို့ လိုပါတယ်၊
Scope of HRM: Human Resource Planning
- HR ကနေ company မှာ ဝန်ထမ်းအင်အားဘယ်လောက်လိုအပ်မလဲ ၊ ဘယ်လိုရာထူးမျိုးတွေ လိုအပ်လဲဆိုတာကို စီစဉ်ပေးရပြီးတော့ ရာထူးတစ်ခုရဲ့ တာဝန်ယူလုပ်ဆောင်ရမယ့် အပိုင်းတွေနဲ့ အရည်အချင်းလိုအပ်ချက် အသေးစိတ်တွေကို သက်မှတ်ပေးရပါတယ်။
- ဝန်ထမ်းရှာဖွေရေးနဲ့ ဘယ်နေရာတွေမှာ အလုပ်ခေါ်စာတွေကို ဘယ်မှာကြော်ငြာထည့်ရမလဲ စီစဉ်ပေးရပြီး အလုပ်အင်တာဗျူးနဲ့ ဝန်ထမ်းရွေးချယ်ခြင်း အလုပ်ခန့် ခြင်းတွေ ပါဝင်ပါတယ်
- ဝန်ထမ်းသစ်တွေကို company နဲ့ အမြန်ဆုံး အသားကျသွားစေဖို့ training ပေးတာ ၊ company က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို ရှင်းပြပေးတာနဲ့ company ရဲ့ လုပ်ငန်းစဉ် ရည်မှန်းချက်တွေကို နားလည်သဘောပေါက်စေပြီး ဝန်ထမ်းအဟောင်းတွေနဲ့ အမြန်ဆုံး အလုပ် အတူ တွဲလုပ်နိုင်အောင် ဆောင်ရွက်ပေးရပါတယ်
- ဝန်ထမ်းသစ်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းတွေကို အချိန်ကာလ တစ်ခု သတ်မှတ်ပြီး အကဲဖြတ်ပေးခြင်း ရာထူးနှင့် လစာ တိုးပေးရတဲ့ အပိုင်းတွေ တာဝန်ယူပေးရပါတယ်
- ဝန်ထမ်းတွေနဲ့ ပတ်သတ်ပြီး လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးထိခိုက်မှုမရှိစေဖို့ နှင့် လုံခြုံ စိတ်ချရတဲ့ အလုပ်ခွင် ပတ်ဝန်းကျင် ဖြစ်စေဖို့ စီမံပေးရပါတယ်
- သက်ဆိုင်ရာ ဝန်ထမ်း တွေရဲ့ အားသာချက် အားနည်းချက်တွေ ပေါ်မုတည်ပြီး development အစီအစဉ်တွေ စီစဉ်ပေးရပါတယ်
- ဝန်ထမ်းတွေရဲ့ အလုပ်အတွက် လိုအပ်တဲ့ သင်ကြားရေးတွေမှာ သင့်တော်ရာ သင်တန်း သင်ရိုးတွေ ကို စီစဉ်ပေးရတာ HR ရဲ့ အလုပ်ပါ။
- ဝန်ထမ်းအင်အား လိုအပ်ချက်တွေကို စီမံခြင်း၊ ဝန်ထမ်းစုဆောင်းရေးနှင့် ရွေးချယ်ရေး၊ ဝန်ထမ်းတွေဖွံ့ဖြိုးတိုးတက်ရေး၊ ရာထူးနှင့် လစာ ၊ ရာထူးမှရပ်စဲခြင်းနှင့် လျှော့ချရေး စတဲ့ ဝန်ထမ်းပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေက HR နဲ့ ဆိုင်ပါတယ်
- ဝန်ထမ်းတွေ ရဲ့ တိုးတက်မှုနဲ့ အရည်ချင်းပြည့်မီမှုတွေက company ရဲ့ တိုးတက်မှု အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိ တာကြောင့် HR အနေရဲ့ အမြဲမပြတ် ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို စီမံပေးနေဖို့လိုပါတယ်။
- အလုပ်သမား သမဂ္ဂတွေနဲ့ အလုပ်ရှင်တွေရဲ့ကြားမှာ မျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်စေဖို့ နဲ့ သမဂ္ဂတွေ ရဲ့ ပြဿနာတွေကို ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းတက်ဖို့လဲ လိုအပ်ပါသည်။
- ဝန်ထမ်းတွေရဲ့ အတူပူးတွဲ လုပ်ဆောင်မှုတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ စုပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ ပဋိပက္ခဖြေရှင်းပေးရခြင်းနှင့် ဝန်ထမ်း-အလုပ်ရှင် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်မယ် အပြုသဘောဆောင်သော နည်းလမ်းတွေကို ရှာဖွေရပြီး လုပ်ငန်းခွင်အတွင်း ငြိမ်းချမ်းစွာ အလုပ်လုပ်နိုင်ဖို့ကိုလဲ ကူညီဆောင်ရွက်ပေးရပါတယ်
လုပ်ငန်း အကြီးအသေးပေါ်မူတည်ပြီး HR အဖွဲ့အစည်းမှာ ပါဝင်မယ့် အဖွဲ့ဝင် အရေအတွက်နဲ့ ဖွဲ့စည်းပုံတွေကလဲ ကွဲပြားသွားပါတယ်။ လုပ်ငန်းကြီးတွေမှာဆိုရင် Chief Officer, HR Director နဲ့ အခြား ရာထုးများစွာ ထပ်ရှိနေနိုင်သေးပေမယ့် လုပ်ငန်းသေးတယ်ဆိုရင်တော့ HR specialist တစ်ဦးကပဲ တာဝန်ယူရတာမျိုး ရှိပါတယ်
Objectives of HRM:
- လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဝန်ထမ်းရွေးချယ်ခြင်း
- ဝန်ထမ်းနဲ့ အလုပ်ခွင် နှစ်ခုလုံးမှာ ကောင်းမွန်တဲ့ ရလဒ်တွေကို ဖန်တီးပေးနိုင်ခြင်း
- ကုမ္ပဏီ ရဲ့ ထုံးထမ်းစဉ်လာတွေကနေ သွေဖယ်သွားခြင်းမရှိပဲ အဖွဲ့ အစည်းတစ်ခုလုံး ထိရောက်စွာ ပူးပေါင်းလုပ်ဆောင်နိုင်အောင် လုပ်ဆောင်ရမှာကလဲ HR တာဝန်ပါပဲ။
အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေ အမြဲ တိုးတက်လာစေဖို့ အမြဲမပြတ် လေ့ကျင့်သင်ကြားပေးတဲ့ နေရာတွေမှာ အာရုံစိုက်ထားမယ်ဆိုရင် ဝန်ထမ်းတွေအနေနဲ့ အလုပ်အပေါ် ကျေနပ်မှုရှိပြီး ပိုအာရုံစိုက် ထားနိုင်ပြီးတော့ အခုထက် ပိုမြင့်တဲ့ နေရာတွေ ရရှိလာဖို့ အတွက် ပြင်ဆင်နိုင်ဖို့ အားထုတ်လာကြမှာပါ။
ဝန်ထမ်းတွေကို အလုပ်မှာ တက်ကြွပျော်ရွင်လာအောင် ဘယ်လို လုပ်ဆောင်ပေးရမလဲ
- သူတို့နေရာကနေ အမြဲတွေးပေးပါ။
- အပတ်စဉ် လစဉ် meeting တွေ တွေ့ပေးပြီး လိုအပ်ချက်တွေ အကြံဉာဏ်တွေနဲ့ ဆွေးနွေးပေးပါ စိတ်ဓာတ်ခွန်အားပေးပါ။
- ဝန်ထမ်းတွေရဲ့ ဆောင်ရွက်ချက်တွေအလိုက် နှစ်စဉ် ထပ်ဆောင်း ပေးတဲ့ အစီအစဉ်လေးတွေ ပြုလုပ်ပေးပါ။
- ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးခြင်း ပျော်ရွင်ပြီး လုပ်ဆောင်ချက်ကောင်းတဲ့ လုပ်ငန်းခွင်ကိုဖန်တီးပေးပြီး ရှိနေတဲ့ ဝန်ထမ်းတွေကို ထိန်းသိမ်းပေးထားနိုင်ဖို့လိုပါတယ်
- စည်းကမ်းချက်များသတ်မှတ်ပြီး ဝန်ထမ်းတွေ ရဲ့ နှစ်စဉ် အချက်အလက်တွေကို စုစည်း ထိန်းသိမ်းထား နိုင်ခြင်း တွေက decision making process တွေ မှာ လွယ်ကူစေပါတယ်။
- ရာထူးနှင့် လစာတိုး ပေးခြင်း၊ အကျိုးခံစားခွင့်များ နှင့် အပြစ်ဒဏ်ကိစ္စများကို စီမံဆောင်ရွက်ပါ
HR Manager တစ်ယောက်မှာ ရှိရမ့ အရည်အချင်းများ
- ကိုယ်ရေးကိုယ်သွေး ကောင်းမွန်ခြင်း လူမှုဆက်ဆံရေး ကျွမ်းကျင်ခြင်း ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနဲ့ ကုမ္ပဏီ နဲ့ ဝန်ထမ်း အဖွဲ့အစည်းတွေကြား ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။
- အစိုးရက သတ်မှတ်ထားတဲ့ နည်းဥပဒေများ လုပ်ငန်းခွင်ဆိုင်ရာ လုံခြုံစိတ်ချရသော ဘေးအန္တရာယ် ဆိုင်ရာ အချက်အလက်များကို လေ့လာထားဖို့ လိုပါတယ်။
- ငွေကြေးမဟုတ်တဲ့ ချီးကျူး ဂုဏ်ပြုခြင်း တွေ အကြောင်း နားလည်ထားဖို့လိုပါတယ် - အဆင်ပြေတဲ့ လုပ်ငန်းခွင်၊ ကျန်းမာရေး ၊ ညီမျှသော အလုပ်နဲ့ ဘဝ၊ လုပ်ငန်းခွင်ဆိုင်ရာ အသိပညာများ၊ company trip တွေအကြောင်း သိထားရပါမယ်
- HR နဲ့ ပတ်သတ်ပြီး ဘွဲ့ရရှိထားတဲ့သူ ကို ရွေးချယ်ဖို့လိုပါတယ်
- ကုမ္ပဏီက ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေက လုပ်ငန်းမှာ ထိရောက်စွာ အလုပ်လုပ်နိုင်ဖို့ နဲ့ အမြင့်ဆုံးသော စွမ်းဆောင်ရည်တွေနဲ့ အလုပ်လုပ်နိုင်ဖို့ ကူညီပေးရပါမယ်။
ပညာရှင် တွေက AI နည်း ပညာတွေနဲ့ စက်ပစ္စည်းတွေ တိုးတက်ကောင်းမွန်လာတာနဲ့ အမျှ HR ရဲ့ အရေးပါမှုကလဲ တဖြည်းဖြည်း လျော့နည်းလာမယ် ခန့်မှန်းကြ ပါတယ်။ AI ရဲ့ စွမ်းဆောင်ချက်တွေက ယုံကြည်ရလောက်တဲ့ အနေအထား ဖြစ်ပေမယ် လူသားဆန်တဲ့ စဉ်းစားဆုံးဖြတ်နိုင်တဲ့ အခြေအနေမှာတော့ မရှိသေးပါဘူး ။
HR တွေကို အကူအညီ ပေးနိုင်မယ့် HRMS စနစ်
- HR တွေကို ကူညီပေးနိုင်တဲ့ Software Application တစ်ခုပါ။
- အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ထပ်တလဲလဲလုပ်နေရတဲ့ အလူပ်တွေ နေရာမှာ အစားထိုး နိုင်ပါတယ်။ ရုံးဆင်းရုံးတက် အချိန် record တွေ ၊ လစာပေးတဲ့ စနစ်တွေ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ ကို စီစစ်ပေးနိုင်ပါတယ်။
- HRMS ကို အသုံးပြုပြီး အလုပ် လျောက်ထားသူတွေရဲ့ အချက်အလက်တွေကို စီစစ် ရွေးချယ်နိုင်ခြင်း
- ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေ feedback တွေကို အချက်အလက်တွေ အနေနဲ့ သိမ်းထားနိုင်တာဖြစ်လို့ စီမံခံခွဲရတာပိုမိုလွယ်ကူ စေပါတယ်
- project တစ်ခုချင်းစီအလိုက ပါဝင်တဲ့သူတွေ ဆောင်ရွက်မှုအခြေအနေတွေကို အချက်အလက်တွေ အနေနဲ့ သိမ်းထားနိုင်လို့ နောက်ထပ် project အသစ်တွေ ရှိလာတဲ့အခါ စီစဉ်ရတာပိုမိုလွယ်ကူ စေပါတယ်
- ဝန်ထမ်းတွေရဲ့ feedback တွေကို survey , poll စတဲ့ စနစ်တွေနဲ့ အလွယ်တကူ သိမြင်နိုင်လို့ သူတို့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အားနည်းချက် အားသာချက်တွေကို သိမြင်နိုင်ပါတယ်။
- မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျော့ချနိုင်ပါတယ်၊
- ကိုယ့်ရဲ ရွေးချယ်ဆုံးဖြတ်မှုတွေအတွက် ထင်ရှားတဲ့ သက်သေပြနိုင်ပြီး အငြင်းပွားမှုတွေကို လျော့ကျစေနိုင်ပါတယ်။
- ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ အစိုးရကချမှတ်ထားတဲ့ ဉပဒေပိုင်းဆိုင်ရာ အချက်အလက်တွေရဲ့ သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ အပြည့်အဝ ရှာဖွေပေးနိုင်တာမို့ ပြုပြင်စရာ ရှိနေတာတွေကို အမြန်ဆုံး ပြင်နိုင်တာမို့ HRMS ကို သုံးကြတာပါ။