Google Lens app ဖြင့် နိုင်ငံခြားဘာသာစာတွေကို ဘာသာပြန်နည်း


Google Lens app ဖြင့် မသိတဲ့ ဘာသာစကားတွေ လွယ်လွယ်ကူကူ ဘာသာပြန်မယ်
App မရှိဘူးဆိုရင် google search ကတဆင့် အသုံးပြုနိုင်ပါတယ်


  • download ရယူပြီးပြီဆိုရင် မိမိဖုန်းထဲက Google lens app ထဲကို ဝင်ပါ၊ 


 
  • အထဲသို ဝင်ရောက်သွားလျှင် translate, text, search , homework စသည်ဖြင့် စာလုံးလေးတွေကိုတွေ့ရပါလိမ့်မယ်။ မတွေ့ရင် search with your camera လို့ စာရေးထားတာကို နှိပ်လိုက်ပါ။ 
  • translate ကို နှိပ်ပြီး ရွေးချယ်ပြီးတဲ့နောက် 
    • ကင်မရာက ရိုက်လိုက်တဲ့ ပုံတွေကတဆင့် စကားလုံးများကို ဘာသာပြန်ဆိုခြင်း ၊ 
    • မိမိ သိမ်းဆည်းထားသောဓာတ်ပုံထဲမှ စကားလုံးများကို ဘာသာပြန်ဆိုခြင်းများကို  Google lens app ပြုလုပ်နိုင်ပါသည်။


  • ဘယ်ဘာသာစကားမှန်းမသိရင် အပေါ်ဆုံးက Detect language ကို ရွေးပါ
  •  Myanmar to English , English to Japanese , Japanese to Myanmar များကို google lens app ဖြင့် ဘာသာပြန်ဆိုနိုင်ပါတယ်။  #LGTmyanmar , #BBKmyanmar

Previous Post Next Post