ဟင်းရွက်စိမ်းအမြန်ဖြတ်စက် ကို ဘယ်လို နေရာတွေမှာ ထိရောက်အောင် သုံးကြသလဲ?

 

 

#အရွက်စိမ်းအမြန်ဖြတ်စက် ခေါ်  Quick-Cut Greens Harvester ဆိုတာ ဘာလဲ?

အရွက်စိမ်းအမြန်ဖြတ်စက် ဆိုသည်မှာ တောင်သူလယ်သမား များအတွက် ပုံမှန် ရိတ်သိမ်းသည့် အလုပ်ကို နှစ်ဆ ပိုမြန်အောင် ကူညီပေးစေသည့် ဘက်ထရီသုံး သယ်ယူရလွယ်သည့် အထက်ပါ ဗီဒီယိုတွင် တွေ့ရသည့် အပေါ့စား ရိတ်သိမ်းစက် ငယ်ကလေး ဖြစ်သည်။ #LGTmyanmar, #BBKmyanmar,

 

ဈေးကွက် လိုအပ်ချက်

ဒီဟာက လယ်သမားတွေရဲ့ အခက်အခဲ တစ်ခုအတွက် လိုအပ်နေတဲ့ ‌အံ့သြစရာ အဖြေတစ်ခု ဖြစ်လာခဲ့ပါတယ်။ တကယ်ပါပဲ။ လယ်ကွင်းမှာ ကြီးပြင်းလာခဲ့တဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံ အယူအဆတွေကို တကယ်ကို အတော်ပြောင်းလဲ စေခဲ့တယ်။ ဟင်းရွက်စိမ်းတွေ လိုက်ရိတ်ဖို့ လက်နဲ့ ဒူးတွေကို ဓားနဲ့သုံးပြီး ခါးအညောင်းခံပြီး နာရီပေါင်းများစွာ အချိန်ကုန်ခံကြရပါတယ်။ ဒါ့ကြောင့် ဟင်းရွက်စိမ်း ရိတ်သိမ်းစက် ဆိုတာမျိုး အတော် လိုအပ်နေတာကို သဘောပေါက်ခဲ့ပါတယ်။ 

 

ကျွန်ုပ်သည် ဟင်းရွက်စိမ်း ရိတ်သိမ်းခြင်း လုပ်ငန်းကို မြန်ဆန် တိုးတက်စေမည့် နည်းလမ်းများကို အချိန်အတော်ကြာ တွေးတောနေခဲ့သော်လည်း အသက် ၁၆ နှစ်အထိ အကြံဉာဏ်ကောင်း မရသေးပါ။ 2009 ခုနှစ် ဆောင်းဦးတွင် အဖေနှင့် ကျွန်ုပ်သည် Elliot Coleman ၏ ခြံသို့ သွားရောက်လည်ပတ်ရန် အခွင့်အရေး ရခဲ့သည်။ ယင်းခြံမှ ဟင်းရွက်စိမ်း ရိတ်သိမ်းသူသည် ၎င်းနှင့်အတူ ပူးပေါင်း၍ ကြိုးစားတီထွင်ဖြစ်ရန် ကျွန်ုပ်အား တွန်းအားပေးခဲ့သည်။ တောင်သူများ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် ကူညီပေးမည့် ရိတ်သိမ်းစက်ကို တီထွင် မဖြစ်ဖြစ်အောင် ဖန်တီးမည်ဟု သန္ဓိဋ္ဌာန်ချဖြစ်ခဲ့သည်။

 

တီထွင်ထုတ်လုပ်မှု

Elliot ရဲ့ စိုက်ခင်းကနေ ပြန်လာတော့ အစိမ်းရောင်ကောက်ရိတ်စက်ကို တီထွင်ဖို့ ခွန်အားတွေရခဲ့ပြီး၊ ပြုပြင်မွမ်းမံထားတဲ့ လွှသွား ၂ ချောင်းကို အသုံးပြုပြီး ရှေ့ပြေးပုံစံတွေကို စမ်းသပ် တီထွင်ခဲ့ပါတယ်။ ရှေ့ပြေးပုံစံတွေ မြန်မြန်ဆန်ဆန်နဲ့ ကျွန်တော်တို့ လယ်ယာမှာ အသုံးပြုနေပေမယ့်၊ နှစ်နှစ်ကြာတဲ့အထိ ချောချော မွေ့မွေ့ မဖြစ်ခဲ့သေးပါဘူး။ နောက်ပိုင်းမှာ ကျွန်တော်တွေးမိတဲ့ ဒီဇိုင်းထက် ပိုကောင်းတဲ့ ဒီဇိုင်းကို အင်ဂျင်နီယာ သူငယ်ချင်းတစ်ယောက်က ကူညီခဲ့ပါတယ်။ 2012 ခုနှစ် ဆောင်းဦးမှာတော့ စတင်ထုတ်လုပ်ခဲ့ပြီး အခုအချိန်အထိတော့ ဈေးကွက်မှာ ဒေါ်လာ ၁၀,၀၀၀ အောက်ဆိုရင် လက်သုံး ကတ်ကြေးပဲ ရှိပါတယ်။ အခြား ပြိုင်ဘက် ဘယ်စက်မှ မရှိပါဘူး။

 

လက်တွေ့ စမ်းသပ်အသုံးပြုခြင်း

လက်နဲ့ ရိတ်သိမ်းတဲ့ အခါမှာ လူသုံးယောက်ကို နှစ်နာရီလောက် အချိန်ယူရတဲ့ အလုပ် ဖြစ်ပါတယ်။ အဲဒီ အစား၊ ဒီရိတ်သိမ်းစက်က မိနစ် ၄၀ အတွင်းမှာ ပြီးစီးသွားစေပါတယ်။ လုပ်အားအချိန်အတွက် 200%  မက တိုးတက်ခဲ့ပါသည်။ အသေးစား စိုက်ပျိုးရေးလုပ်ငန်းအတွက် အလွန် အသုံးတည့်သော   စက်တစ်ခု ဖြစ်သည်။ လက်နဲ့ ရိတ်ဖူးသူတိုင်း သဘောကျမှာပါ။ ဒီ စက်လေးကို သုံးရတာ လွယ်ကူပြီး အနိမ့်အမြင့် ညှိဖြတ်လို့ လည်းရပါတယ်။

 

သင်ရိတ်သိမ်းတဲ့ အလုပ် လုပ်တဲ့အချိန်တိုင်း ဒီစက်လေးကို တမ်းတနေမိလိမ့်မယ်။ ဤအရာဖြင့် လူတစ်ဦးသည် အလုပ်သမား ၃ -၄ ဦးကို အစားထိုးနိုင်ပါလိမ့်မည်။ ဓား သို့မဟုတ် ကတ်ကြေးထက် ပိုမိုသန့်ရှင်းစွာ ရိတ်သိမ်း နိုင်မည်ဖြစ်သည်။ ဤသို့ဖြင့် ယင်းစက်ကလေးသည် တောင်သူများအတွက် မယုံနိုင်စရာ အသုံးတည့်လှသည့် ကိရိယာ တစ်ခု ဖြစ်လာခဲ့သည်။ 

Previous Post Next Post