သစ်ရွက်ခြောက်တွေကနေ စာရွက် စမ်းသပ် ထုတ်လုပ်နေပုံ အဆင့်ဆင့်


သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို အထောက်အပံ့ပေးနိုင်တဲ့ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရန် ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ စမ်းသပ်လုပ်ဆောင်ချက်တွေထဲက စွန့်ပစ်အရွက်ခြောက်တွေကနေ စက္ကူပြုလုပ်ထားတဲ့ စမ်းသပ်ချက် အဆင့်ဆင့်တွေကို မျှဝေပေးလိုက်ပါတယ်။    
#LGTmyanmar, #BBKmyanmar

  • တချို့သစ်ပင်တွေရဲ့  သစ်ရွက်ခြောက်တွေက အဝါရောင်၊ အညိုရောင် နဲ့ အနီရောင်တွေ ရှိတက်တာကြောင့် ရလာတဲ့ သစ်ရွက်တွေကို ပထမဆုံး အရောင်ခွဲလိုက်ပါ ။
  • သစ်ရွက်မှာ ပါဝင်နေတဲ့ ရိုးတံလေးတွေက မာကျောတာမို့ စာရွက်အဖြစ်ပြောင်းလဲဖို့ ခက်ခဲပါတယ်။သစ်ရွက်တွေကို အရွက်တွေထဲက  ရိုးတံဖယ်ပေးပါ။
  • အရွက်လေးတွေကို အသေးဆုံးဖြစ်သွားအောင် ကတ်ကြေးနဲ့ညှပ်တာက စာရွက်ဖြစ်လာဖို့ ပိုလွယ်ကူစေပါတယ်။
  • ညှပ်ထားတဲ့ သစ်ရွက်‌လေးတွေ ပျော့ဖတ်သွားစေဖို့  ရေထဲမှာ တစ်နာရီ လောက်ပြုတ်ပေးပြီး သစ်ရွက်လေးတွေ ပိုပြီး အသေးဆုံးထိ ပြိုကွဲသွားစေဖို့ washing soda အနည်းငယ် သုံးပေးပါ။
  • ပြီးသွားရင်တော့ ‌အရောင်လေး ပိုလှသွားအောင် hydrogen peroxide အနည်းငယ်ထည့်ပြီး ထပ်ပြုတ်ပေးပါ။
  • ပြီးရင်ရေစစ်ပြီးတော့ ငရုတ်ဆုံ သို့  တုတ်တံနဲ့ ထုထောင်းပြီး ဓားလေးနဲ့ နုပ်နုပ်ဆင်း ပေးပါ
  • ဇစ်ပါတဲ့ အိတ်လေးနဲ့ ရေခဲသေတ္တာထဲမှာ တရက်ထည့်ထားပါ။
  • နောက်တစ်ရက်မှာတော့  စာရွက်သား မာကြောသွားစေဖို့ dryer tint ထည့်ပေးပြီး ရေအနည်းငယ်နဲ့ blender နဲ့ ထည့် မွှေပြီး ပုံးထဲထည့် ပေးပါ။
  • ရေထည့်ထားတဲ့ ပုံးထဲ လောင်းထည့်ပြီး အသင့်ပြုလုပ်ထားတဲ့ mold မို နဲ့ ဆယ်ပါ။
  • ရေစစ်သွားရင် မိုထဲက  ထုတ်ပြီး အခြောက်ခံလိုက်မယ်ဆိုရင် သစ်ရွက်နဲ့ ပြုလုပ်ထားတဲ့ စာရွက် ရပါပြီ
  • စာရွက်တွေကို အခြောက်ခံတဲ့အခါ T shirt အဟောင်း နဲ့ ရေစုပ်တဲ့ လက်ကိုင်ပဝါစတွေကို အသုံးပြုနိုင်ပါတယ်။


ရောင်စုံ သစ်ရွက်လေးတွေရဲ့  အသွင်အပြင်သည် စက္ကူအဖြစ် ပြောင်းလဲပြုလုပ်နိုင်မလားဆိုတာကို plan 3 ခုနဲ့ အောင်မြင်အောင် စမ်းသပ်ထားတဲ့ ဗီဒီယိုလေး တခု ပါ။ ပွက်ပွက်ဆူနေသော အရွက်များမှ ရေကို မှင် သို့မဟုတ် အရာင်စိုးဖို့အတွက်  ပြန်လည်ပြုပြင်အသုံးပြုနိုင်မယ်ဆိုတဲ့ အကြောင်း ရှင်းပြထားပါတယ်။

စမ်းသပ်ဖန်တီးသူက စက္ကူအတွက် မတူညီသောအရောင်များဖြင့် စမ်းသပ်ထားပြီး စမ်းသပ်ချက်အသေးစိတ်အဆင့်ဆင့် ကို ပြသပေးထားပါသည်။ သစ်ရွက်စက္ကူ၏ ထူးခြားသောအသွင်အပြင်နှင့် တခြား ထပ်‌ပေါင်း ဖန်တီးမှု ပရောဂျက်မျာပြုလုပ်နိုင်ပါတယ်။
Previous Post Next Post