ကျန်းမာရေးကို အလေးထားတဲ့ ကမ္ဘာ့ဈေးကွက်ထဲက သကြားအစားထိုး ထုန်ကုန်တစ်ခုအဖြစ် အုန်းသကြားထုတ်ကုန် ထုတ်လုပ်ပုံအဆင့်ဆင့် ကို ဖော်ပြပေးသွားပါမယ်။ #LGTmyanmar, #BBKmyanmar
- ရိုးရိုးသကြားတွေထက် ကျန်းမာရေးနဲ့ ပိုသင့်လျော်သော အုန်းသကြားက lower glycemic index ထုတ်ကုန်ဖြစ်ပါတယ်။ အုန်းသကြားကို အုန်းပန်းကနေ ရရှိလာတဲ့ သဘာဝ အရည်ကနေ ထုတ်ထားပြီး ဈေးကွက်အရရော ကျန်းမာရေး အတွက်ပါ အကျိုးကျေးဇူး များစွာ ရရှိစေပါတယ်။
- *
- အုန်းသကြား ပြုလုပ်တဲ့အခါ လိုအပ်သော ပစ္စည်းများ
- အုန်းပန်းရည် ၇၀ ဂါလံ ထိ စုဆောင်းနိုင်သော ပုံး အမြောက်အများ လိုပါတယ်။
- သဘာဝ ဝါးကျည်တောက်ကိုလဲ အသုံးပြုနိုင်ပါတယ်။
- ဒယ်အိုးအကြီးများ
- ကိုင်းပါ စတီး ရေစစ်အကြီး
- သစ်သားဇွန်း အကြီး
- ငရုတ်ကျဉ်ပွေ့ အကြီး
- အပေါက်လေးတွေတဲ့ပါတဲ့ ဇွန်းပြားကြီး
- ဇကာ အကြီး
- အဖုံးပါတဲ့ ပုံးကြီး
- ပလတ်စတစ် အခင်း
- အုန်းသကြားထည့်ရန် Cellophane အိတ်
- အပူပေးအိတ်ပိတ်စက်၊ အလေးချိန်စက်
- ကိုယ်ပိုင်တံဆိပ်
- *
- အုန်းသကြားပြုလုပ်ဖို့ အဆင့် ၇ ဆင့် လိုပါတယ်
- ၁. အုန်းပန်းမှ ရရှိလာသော အရည်ကို စုဆောင်းခြင်း
- စုပြီးစည်းထားတဲ့ အုန်းပန်းထိပ်ဖြားအပိုင်းကို 45ဒီဂရီ အစောင်းရအောင် ထောင့်ဖြတ်ဖြတ်ပါ။
တစ်ရက်ကို လေးနာရီ တစ်ခါ တစ်ဂါလံ ဘူးခွံတွေနဲ့ ခံယူ စုဆောင်းပါ။
- အုန်းသကြားပြုလုပ်ဖို့အတွက် ဝန်ထမ်းတွေအတွက် စက်ရုံအတွင်းသို့ မဝင်ရောက်ခင် သန့်ရှင်းရေး စည်းကမ်းချက်များကို သေချာလိုက်နာဖို့ လိုပါတယ်။
.
၂. အုန်းသကြားပြုလုပ်ခြင်း
- အုန်းပန်းရည် ရရှိလာနဲ့ တပြိုင်နက် ချက်ချင်း ကျိုဖို့ လိုအပ်ပါတယ်။ အချိန်ကြာသွားရင် အချဉ်ပေါက် တက်ပါတယ်။ အစီးလွန်ပြီး အတုံးအခဲ မဖြစ်သွားစေဖို့ ကိုင်းပါ စတီး ရေစစ် နဲ့ ကောင်းကောင်းမွှေပေးဖို့ လိုပါတယ်။ အပူချိန်များတယ်ဆိုရင် ၄၅ မိနစ်လောက်ပဲ ကြာပါတယ်။ အရည်ပျစ်ပြီးတော့ အရောင် ရင့်ပြောင်းလာပါမယ်။
.
၃. အအေးခံခြင်း
- အအေးခံတဲ့ အချိန်မှာ ပျော့ဖတ်ဖတ်နဲ့ အညိုဖျော့ရောင် ပြောင်းလာတဲ့ အထိ သစ်သားဇွန်းကြီးနဲ့ ပုံမှန်မွေပေးနေဖို့ လိုပါတယ်။
- အေးသွားပြီဆိုရင် သစ်သားဇွန်းကြီးနဲ့ လိုင်းအမြောက်အများ ဖော်ပေးပါ။ ပြီးသွားရင် ဇလုံအကြီးတွေထဲ ပြောင်းထည့်ပါ။
.
၄. အခြောက်ခံခြင်း
- နေပူထဲမှာ အနည်းဆုံး တစ်နာရီလောက် ခြောက်သွေ့ပြီး မာသွားသည်ထိ ဖြန့်ပြီး အခြောက်ခံပါ။
.
၅. ထုထောင်းခြင်း
- ရလာတဲ့ အုန်းသကြားတွေကို ငရုတ်ကျဉ်ပွေ့ သို့ ဇွန်းပြားနဲ့ အရွယ်အစားသေးသွားအောင် ထုချေပါ။
- ပြီးသွားရင် နောက်ထပ်တစ်ကြိမ် တရက်တိတိ ထပ်မံ အခြောက်ခံပါ။
- အခြောက်ခံနေတဲ့အချိန်မှာ အရွယ်အစားအသေးဆုံးဖြစ်သွားအောင် ထုချေပါ။
.
၆. စစ်ထုတ်ခြင်း
- #အုန်းသကြား အသေးဆုံးအရွယ် ရလာပြီဆိုရင် ဇကာနဲ့ စစ်ပါ ဇကာထဲမှာ ကျန်နေတဲ့ အုန်းသကြားအခဲ တွေကို ထပ်မံ အခြောက်ခံနေတဲ့ နေရာကို ပို့ပြီး အသေးဆုံး ဖြစ်အောင် ထုချေပါတယ်။ လုံးဝခြောက်သွားတဲ့ အုန်းသကြားတွေမှာ အရောင်ဖျော့ဖျော့လေးပဲ ရှိပါတယ်။
.
၇. ထုတ်ပိုးခြင်း
- နောက်ဆုံးမှာ လိုချင်တဲ့ ကီလို အလေးချိန် အလိုက် အိတ်လေးတွေမှာ ကိုယ်ပိုင်တံဆိပ်တွေကို ကပ်ပြီး ရောင်းချနိုင်ပါပြီ။