သီဟိုဠ်စေ့ ထုတ်လုပ်သူတွေအချို့ လွှင့်ပစ်ကြတဲ့ သီဟိုသီးနဲ့ အရက်ချက်လုပ်‌ပုံ


#သီဟိုဠ်သရက်သီးအရက်

သီဟိုဠ်သီးမှ ရသောဖျော်ရည်မှ ထုတ်လုပ်သည့် ဝိုင်သည် ကမ္ဘာ့ ဒေသအနည်းငယ်တွင်သာ ပြုလုပ်သော ရှားပါး အရက် တစ်မျိုး တစ်မျိုးဖြစ်သည်။ အိန္ဒိယမှ ဤမိသားစုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀ ခန့်က ရှေးဟောင်း နည်းပညာများကို အသုံးပြုနေဆဲ ဖြစ်သည်။ 

.

ဤလယ်သမားများသည် သီဟိုဠ်သီးများမှ အရက် ထုတ်လုပ်ပြီး စီးပွားရှာသည့် နည်းကို ရှာဖွေတွေ့ရှိခဲ့သည်။ သီဟိုသရက်သီးများ မှည့်သောအခါ ကြွေကျကြသည်။ ယင်းမိသားစုများသည် မနက်တိုင်း ကြွေကျနေသော သီဟိုဠ်သီးများကို ကောက်ယူရန် ထိပ်၌ သံချွန်ပါသော တုတ်ချောင်းကို အသုံးပြု၍ ကောက်ယူကြသည်။ သီဟိုစေ့များကိုမူ သီဟိုဠ်စေ့ကင် ထုတ်လုပ်သည့် စက်ရုံများသို့ ရောင်းချလိုက်ပြီးလျှင်၊ ကျန်ရှိသော စွန့်ပစ်ပစ္စည်း ဖြစ်မည့် သီဟိုဠ်သီး ကြိတ်ဖတ်များကို ကစော်ဖောက်ကာ အရက် ထုတ်လုပ်သည့် စီးပွားရေး ‌အကြောင်း  တင်ပြလိုပါသည်။

.

သီဟိုဠ်သီးဝိုင် ထုတ်လုပ်မှု အဆင့်ဆင့်

  1. တစ်နာရီခန့် သီဟိုဠ်သီးများ လိုက်ကောက် အပြီးတွင် ၈ ပုံးခန့် ရရှိသည်။ သီဟိုဠ်စေ့များကို သီဟိုဠ်သရက်သီးမှ တစ်ခုပြီး တစ်ခု ဖြုတ်ယူရသည်။ (
  2. ဟိုသရက်သီး၏ အသားများကို ‌ဖိချေရန်အတွက် မိုးတွင်းစီး ဖိနပ်များကို ဝတ်၍ နင်းခြေကြရသည်။ (အရည်ညှစ်ရန်အတွက် ကြိတ်စက် အသုံးပြုမည့်အစား၊ ရှေးယခင်နည်းအတိုင်း ယခုထက်ထိ ဆက်လက် လုပ်ကိုင်လျက် ရှိသည်။)
  3. သီဟိုဠ်သီး‌ဖျော်ရည် တစ်ပုံးရရန် 100 ဒီဂရီအပူရှိန်တွင် တစ်နာရီခန့်အကြာ လုပ်ရသည်မှာ အတော် ပင်ပန်းလှသည်။ (သီဟိုဠ်သီးများကို ညှစ်ထုတ်ပြီးလျှင် စတိုးဆိုင်များတွင် သင်မတွေ့နိုင်သော လတ်ဆတ်သော သီဟိုဠ်သီးဖျော်ရည်ကို ရရှိသည်။)
  4. ဖိချေထားသော သီဟိုဠ်သီး အဖတ်များကို ပုံကာ ကြိုးဖြင့်ထုပ်ပြီး ဖျော်ရည် တစ်စက်ချင်းစီကို  ညှစ်ထုတ်နိုင်ရန် အပေါ်မှ ကျောက်တုံးဖြင့် ဖိထားရသည်။ ဤသို့ဖိထားပြီး ၁ ည အိပ် စောင့်ရသည်။ စက်များအသုံးပြုပါက မြန်ဆန်နိုင်သော်လည်း ဆင်းရဲသော ဤမိသားစုမှာ လက်ကိုသာ အားကိုး နေရသည်။ 
  5. ညှစ်၍ ရရှိသော ဖျော်ရည်နှင့်  ပျော့ဖတ်များကို အဝတ်စဖြင့် ထပ်စစ်၍ ညှစ်ရပြန်သည်။ 
  6. ထို့နောက် ယင်းဖျော်ရည်ကို နှစ်ရက်သုံးရက်ခန့် အချဉ်ဖောက်ထား ရသည်။
  7. နောက်တစ်ဆင့်တွင် ကြေးစည်ပိုင်းထဲသို့ ရွှေ့ထည့်ကြသည်။ 
  8. ယင်းကြေးစည်ကို လေလုံပိတ်ထားနိုင်ရန် အနီးနားရှိ ပုရွက်ဆိတ်တောင်ပို့များမှ ရွှံ့ကို ရေဆွတ်ပြီး အဝတ်စ နှင့် နယ်ထားကြရသည်။ အဘယ်ကြောင့် ဆိုသော် ရွက်ဆိတ်တောင်ပို့များမှ ရသည့် ရွှံ့သည် အလွန်နူးညံ့ ညက်မှုန့်နေသောကြောင့် ဖြစ်သည်။
  9. ကြေးစည်ပိုင်း ထဲတွင် ထည့်သောသော ကစော်ဖောက်ထားသည့် ဟိုဠ်သီးအရည်များကို ကြိုပြီး ပေါင်းခံရည်ရယူရန်အတွက် အိုးနှင့် ပိုက်လမ်းကြောင်းကို အထက်က ဖော်ပြထားသည့် ရွှံ့နှင့် အဝတ်စများနှင့် ပတ်ကာ လေ သေခြာ လုံနေစေရန် ပြင်ဆင်ရသည်။
  10. ထင်း​ကို​သုံး​၍ ဖျော်​ရည်​ကို​ ခန်းသွားသည်အထိ ၈ နာရီခန့်ကြာအောင် အပူပေးရသည်။
  11. အချဉ်ပေါက်နေသည့် သီဟိုသရက်သီး ဖျော်ရည်ကို ကြိုလိုက်သောအခါ၊ ရေနွေးငွေ့အဖြစ် ပိုက်မှတဆင့် ဖြတ်သန်းပြီး၊ ၎င်းအခိုးအငွေ့ထွက် လာသည်။ ယင်း‌အငွေ့ကို အအေးခံရသည်။ 
  12. အအေးခံသော အကန့်မှ ပေါင်းခံရည် တစ်စက်ချင်း ကျလာသည်ကို အိုးဖြင့်ခံကာ စုဆောင်း ရယူရသည်။
  13. ယင်းပထမအသုတ် ပေါင်းခံရည်ကို တခါတရံ ဝယ်သူရှိသည့်အခါ ရောင်းရတတ်သော်လည်း၊ များသောအားဖြင့် ယင်း ပေါင်းခံရည်ကို ကြေးစည်ထဲ ပြန်ထည့်ပြီး ဒုတိယအကြိမ် ပေါင်းခံရယူရသည်။
  14. ဒုတိယအကြိမ် ပေါင်းခံရည် စုဆောင်း ရရှိသည့်အခါ Alcohol 40% ခန့် ပါဝင်သော Feni ဟုခေါ်သော အရက် အပြင်းစား ရရှိပြီ ဖြစ်သည်။ (ယင်းမိသားစုမှ သီဟိုဠ် သရက်သီးအရက် ထုတ်လုပ်ခြင်းသည် တစ်နှစ်လျှင် ၁၇၅ လီတာခန့် ရရှိသည်ဟု သိရသည်။)
  15. နှစ်ပေါင်းများစွာ ဤသို့အရက် ထုတ်လုပ်ခြင်းမှ သိလာသော အတွေ့အကြုံအရ အရက်ကို ခွက်ထဲ လောင်းချလိုက်လျှင် အမြုပ် ကြီးကြီးမြင်ရပြီး၊ ယင်းအမြုပ်များသည် အလယ်မှစ၍ တဖြေးဖြေး ပျောက်သွား သည်ကို မြင်ရလျှင် ယင်းအရက်သည် ရောင်းချရန် အသင့်ဖြစ်ပြီဟု သိနိုင်သည်။
  16. ယင်းအရက်များကို ပုလင်းကြီးများအတွင်း ထည့်ပြီး နှစ်ချို့အရက် ဖြစ်အောင် ရေကန်ရှိ ရေအောက်တွင် သိမ်းသည့် စနစ်ကို အသုံးပြုကြသည်။ ပူပြင်းသော ‌‌ဒေသတွင် မြေပေါ်တွင် ထားသည်ထက်၊ ရေအောက်တွင် ထားခြင်းက အပူချိန်ကို တသမတ်တည်း ထိမ်းထားနိုင်သည်ဟု ဆိုသည်။
.
ဤသည်မှာ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိသည့် သီဟိုဠ်သရက်သီးမှ အရက် ထုတ်လုပ်သည့် ရှေးဟောင်း နည်းစနစ် ဖြစ်ပေတော့သည်။ 
Previous Post Next Post