အားလုံးမင်္ဂလာပါ။ ကျွန်မကတော့ Raquel Carbon Cuisine က Ms.Raquel ဖြစ်ပါတယ်။ ဒီနေ့ ချက်နည်းကတော့ အုန်းဆီအေး ထုတ်လုပ်နည်း ဖြစ်ပါတယ်။ အုန်းဆီမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ပါဝင်ပါတယ်။ ဆံပင်နဲ့ အသားအရေအတွက် အရမ်းကောင်းပါတယ်။ ဆီးချိုရောဂါသည်၏ ကိုလက်စထရောကို ထိန်းချုပ်ရန် ကူညီပေးပြီး၊ အရေးအကြီးဆုံးမှာ အာရုံကြောဆိုင်ရာ ရောဂါများကို တိုက်ဖျက်ပေးတယ်။ ဆိုလိုတာ ကတော့ အုန်းသီးဟာ ဦးနှောက်လုပ်ဆောင်ချက်အတွက် ကောင်းမွန်တယ်အဲ့ အံ့ဖွယ်ဆေးတစ်မျိုးပါပဲ။ #LGTmyanmar, #BBKmyanmar
.
အုန်းဆီ ထုတ်လုပ်ပုံ အဆင့်ဆင့်
- အုန်းသီးခြောက် ၆ လုံးကို အုန်းဆီလုပ်ဖို့အတွက် ရွေးချယ်ထားပါတယ်။ ရင့်တယ် ဆိုတာ သေချာအောင် အုန်းရေပါတာ သိရအောင် လှုပ်ကြည့်ပါ။
- အရင်ဆုံး အုန်းသီးခွံ အပွကို ခွာပြီးရင်၊ အုန်းသီးခွံ အမာတွေကို ရိုက်ခွဲပြီး ဖွင့်ကြရပါတယ်။
- ဒီအဆင့်မှာ အုန်းရေ ရရှိပါမယ်။ အုန်းရေဆိုတာက အရသာရှိပြီး၊ အအေးခံပြီးသောက်ရင် လူကို လန်းဆန်းစေမှာ အာမခံနိုင်ပါတယ်။ အုန်းရေထဲတွင် ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ရန် သင့်ခန္ဓာကိုယ် လိုအပ်တဲ့ အီလက်ထရိုလိုက် များ ပါ၀င်ပါတယ်။
- ခွဲပြီးရင် အုန်းသီးတွေကို သေခြာ ရေဆေးရပါမယ်။
- အုန်းသီးကို အတုံးသေးသေးလေးတွေ လှီးပြီး ကြိုက်စက်ထဲထည့်ဘို့ အပိုင်းလေးတွေ ဖြတ်မယ်။
- ဒါကို Blender ခေါ် ဖျော်ရည် ကြိတ်စက်ထဲမှာ ထည့်ရမယ်။ ဒီအတွက် အားကောင်းတဲ့ Blender တစ်ခု လိုအပ်ပါတယ်။ အုန်းရေနည်းနည်း ပြန်ထည့်ပြီး ကြိတ်ပါ။
- အုန်းနို့ကို ညှစ်ထုတ်ဖို့ လိုတဲ့အတွက် ညက်သွားတဲ့အထိ ကြိတ်ရပါမယ်။
- ညက်သွားပြီဆိုရင် အုန်းနို့အနှစ်တွေကို ညှစ်ထုတ်ယူလို့ ရပါပြီ။
- အုန်းနို့တွေ အားလုံးကို ညှစ်ထုတ်အပြီးမှာ အုန်းသီးဖတ်တွေ အမှိုက်ပုံးထဲ လွှင့်ပစ်နိုင်သလို အခြားအတွက် သုံးလို့ရနိုင်ပါတယ်။
- အုန်းနို့တွေကို ပလပ်စတစ်ထုပ် ဒါမှမဟုတ် အဖုံးလုံတဲ့ ဗူးနဲ့ လုံအောင် ဖုံးပြီး သိမ်းထား ရပါမယ်။
- အဲဒါကို အခန်းအပူချိန်မှာ တစ်ညအိပ် ထားဘို့ လိုပါမယ်။
- ဒီအဆင့်အပြီးမှာ သင်မြင်တဲ့အတိုင်းပဲ အုန်းနို့က ရေနဲ့ ခွဲထုတ်နိုင်သွားပါပြီ။ ဒီအဆင့်က ၁၄ နာရီ လောက်အထိမှာ ကြာနိုင်ပါတယ်။ ရေနှင့် ကွဲသွားပြီး၊ မွှေးကြိုင်တဲ့ အုန်းဆီမွှေးကို ထွက်စေမယ့် အရေးကြီးတဲ့ ကစော်ဖောက်ခြင်း အဆင့် ဖြစ်ပါတယ်။
- ပြီးရင် အဲဒါကို ရေခဲသေတ္တာထဲမှာ မိနစ် 30 လောက်ထားလိုက်ပါ။ ဒါက ခရင်မ်ကို ခဲသွားစေပြီး မိနစ် 30 အကြာမှာ ရေနဲ့ ဖယ်လိုက်တဲ့အခါ ပိုလွယ်ကူစေမှာပါ။
- အပေါ်ယံမှာ ခဲနေတဲ့ အပိုင်းကို သီးခြားပုံးတစ်ခုထဲ ပြောင်း ထည့်လိုက်ပါ။ အဖုံးအုပ်ပြီး အခန်း အပူချိန်မှာပဲ ၆ နာရီ သို့မဟုတ် တစ်ညသိပ်ထားပြီး စောင့်ပါ။
- ဒီအဆင့်ရောက်ရင် အလွှာ ၃ လွှာ ကွဲသွားတာကို တွေ့ရပါလိမ့်မယ်။ အလယ်က အုန်းဆီကို သီးသန့် ခတ်ယူလိုက်ပါ။ အနံ့လေးက အံ့သြစရာကောင်းလောက်အောင်ကို မွှေးနေပါလိမ့်မယ်။
- အုန်းဆီတွေကို ရေခဲသေတ္တာထဲမှာ မိနစ် ၂၀ လောက် ထည့်ထားလိုက်ပါမယ်။
- ယခုဆိုရင် ကျွန်တော်တို့မှာ တန်ဘိုးရှိတဲ့ အဖြူရောင် အုန်းဆီခဲ စစ်စစ်ကို ရပါပြီ။
ဒီ အဘိုးတန်ခရင်မ်ကို လေ့လာကြည့်ရင်၊ ဖြူဖွေး သန့်ရှင်းနေတဲ့ အုန်းဆီထဲမှာ ဓာတုပစ္စည်းလည်း မပါဘူး။ တာရှည်ခံဆေးတွေလည်း မပါပါဘူး။ ဒီသဘာဝ အော်ဂဲနစ် ထုတ်ကုန်စစ်စစ်မှာ ကျန်းမာရေး ကောင်းကျိုးတွေ အများကြီး ပါတယ်။ ဒီအဆီကို လိမ်းရင် အရေပြားရောဂါများကို ပျောက်ကင်းစေပြီး၊ အယ်လ်ဇိုင်းမားရောဂါကို လျော့ကျစေပါတယ်။ နှလုံးကျန်းမာရေးကို အထောက် အပံ့လည်း ဖြစ်စေပါတယ်။
Virgin coconut oil ဆိုတာက ပုံမှန် အခြေအနေမှာ အဖြူရောက် အခဲပဲ ဖြစ်ပါတယ်။ သန့်စင်အောင် ကြည်သွားအောင် လုပ်လိုက်တယ်ဆိုရင် အုန်းဆီရဲ့ မူလ သဘာဝ အာနိသင်တွေ လျော့သွားတတ်တာကို သတိပြု ကြရမှာ ဖြစ်ပါတယ်။