အက်ပဲလ် ကုမ္ပဏီ၏ ဦးဆောင်အရာရှိချုပ် စတီး ဂျော့ဗ် (Steve Jobs) ၏ စိတ်အား တက်ကြွစရာ မိန့်ခွန်း



အက်ပဲလ် ကုမ္ပဏီ၏ ဦးဆောင်အရာရှိချုပ် စတီး ဂျော့ဗ် (Steve Jobs) ၏ စိတ်အား တက်ကြွစရာ မိန့်ခွန်း

 


အသက်ငယ်ငယ်ကတည်းက ကျွန်တော် ချစ်တဲ့ အလုပ်ကို လုပ်ရတာက အတော် ကံကောင်းခဲ့ ပါတယ်။ ကျွန်တော် အသက် ၂၀ အရွယ်မှာ မိဘတွေရဲ့ ကားဂိုဒေါင်ထဲမှာ Apple ကုမ္ပဏီကို စတင် တည်ထောင်ခဲ့ပြီး၊  ၁၀ နှစ်အကြာမှာ Apple ဟာ ကားဂိုဒေါင်ထဲကနေ ဒေါ်လာ ၂ ဘီလီယံ (သန်း ၂၀၀၀) တန်ဘိုးရှိလာတဲ့ အထိ၊  ဝန်ထမ်းပေါင်း 4,000 ကျော်ရှိတဲ့ ကုမ္ပဏီအထိ ကြီးထွား လာခဲ့ပါတယ်။ အစောပိုင်းမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဖန်တီးမှုဖြစ်တဲ့ Macintosh ကို ထုတ်လုပ်ခဲ့ချိန်မှာ ကျွန်တော် အသက် ၃၀ ပဲရှိပြီး၊ ကိုယ် တည်ထောက်ခဲ့တဲ့ ကုမ္ပဏီကနေ ကျွန်တော် အလုပ်ဖြုတ်ခံ ခဲ့ရပါတယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့ လူတကာ ပြောကြမှာပါပဲ။  #LGTmyanmar, #BBKmyanmar


အဲဒီတုန်းက ကျွန်တော့် ဘဝတစ်ခုလုံးရဲ့ အာရုံစူးစိုက်မှုတွေ ပျောက်ကွယ်သွားပြီး လအနည်းငယ်ကြာအောင် ကျွန်တော် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ရတာဟာ အတော် စိတ်ပျက်စရာ ကောင်း ခဲ့ပါတယ်။ ရှေးယခင် အဆက်ဆက်က စွန့်ဦးတီထွင်သူ တွေကို စိတ်ပျက်စေလောက်အောင်၊ ဆီလီကွန်ဗယ်လီ ဒေသကနေ ထွက်ပြေးဖို့တောင် တွေးခဲ့မိပေမယ့်၊ သိပ်မကြာခင်မှာ ကျွန်တော် ဘာလုပ်သင့်တယ်ဆိုတာ တဖြည်းဖြည်း ပေါ်လာခဲ့ပါတယ်။ ကျွန်တော့် အလုပ်ကို ကျွန်တော် ချစ်တုန်းပဲ။ “ရှင်ရင် ရွှေထီး၊ သေရင် မြေကြီးပဲ။”  


ဘယ်လို ထုတ်ကုန်တွေ အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်မယ် ဆိုတာကို စဉ်းစားဖို့ ရသမျှ အချိန်ရဲ့ 100% သုံးသင့်တယ်လို့တောင် ကျွန်တော်ထင်တယ်။ အဲဒါကို မလုပ်နိုင်မှ လမ်းခွဲမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီတုန်းကတော့ ကျွန်တော် မမြင်ခဲ့တာက Apple ကနေ ကျွန်တော် အလုပ်ထုတ်ခံရတာဟာ ကျွန်တော့် ဘဝအတွက် အကောင်းဆုံး ဖြစ်ခဲ့တာတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ စွန့်ဦးတီထွင်သူ တစ်ဦးရဲ့ တက်ကြွတဲ့ စိတ်ဓာတ်နဲ့ မသေချာမရေရာမှုတွေနဲ့ အစားထိုး နိုင်ခဲ့လိုက်တာဟာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။  


အဲဒီကနေ နောက် ၅ နှစ်တာကာလအတွင်းမှာ NeXT လို့ နာမည်ပေးခဲ့တဲ့ ကုမ္ပဏီရယ်၊ Pixar လို့အမည်ပေးထားတဲ့ ကုမ္ပဏီ ၂ ခုကို တည်ထောင် နိုင်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော့် ဇနီးဖြစ်လာမယ့် အံ့သြစရာကောင်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ ချစ်မိသွားခဲ့ပါတယ်။ သေခြာပါတယ်။ Apple က ကျွန်တော် အလုပ်ထုတ် မခံခဲ့ရရင် ဒီဟာတွေအားလုံး ဘာမှ ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော့်အတွက်တော့ တကယ်လိုအပ်ခဲ့တဲ့ ဆေးခါးကြီး တစ်ခွက်ပါပဲ။ တစ်ခါတလေကျရင် ဘဝဆိုတာ ခေါင်းကို အုတ်ခဲ လာမှန်တာမျိုးလဲ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ယုံကြည်မှု ဆိုတာ မပျောက်သွားပါစေနဲ့။


ဒါတွေအားလုံး ကျွန်တော် ဆက်လုပ် ဖြစ်ခဲ့တာတွေရဲ့ တစ်ခုတည်းသော အကြောင်းရင်းက ကိုယ် ဝါသနာပါရာ အလုပ်ကို ကိုယ်ချစ်မြတ်နိုးမှုပါပဲ။ 


ခင်းဗျားတို့ ကိုယ်ချစ်မြတ်နိုးတာကို ကိုယ်တွေ့အောင် ရှာပါ။ ခင်ဗျားတို့ အလုပ် အတွက်ကော ခင်ဗျားတို့ ချစ်ရသူအတွက်ကော ဆိုလိုပါတယ်။ ခင်ဗျားတို့ အလုပ်က ခင်ဗျား ဘဝမှာ အတော် များများကြီးကို နေရာသွားမှာ ဖြစ်ပါတယ်။ 




တစ်ခုတည်းသော အောင်မြင်ရေး လမ်းကြောင်းက ကိုယ် မြတ်နိုးရာကို ကိုယ်လုပ်ဖြစ်ဘို့ ပဲ။ 


ကိုယ် မြတ်နိုးတာ ဘာဆိုတာကို ခင်ဗျား မတွေ့သေးရင် တွေ့အောင်ဆက်ရှာ၊ လက်မလျော့လိုက်နဲ့။ တွေ့အောင်ဆက်ရှာနော်၊ အခြေချ မနေလိုက်နဲ့။ 




Previous Post Next Post