အုန်းခြံကနေ ဘာတွေ လုပ်ရောင်းလို့ ရနိုင်မလဲ?



#အုန်းပင် များဟာ လူသားတွေရဲ့ စားဝတ်နေရေးအတွက် အထောက်အပံ့ပေးနိုင်တဲ့ ထုတ်ကုန်များစွာ ထုတ်လုပ်ပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းတဲ့ နှစ်ရှည်ပင် ဖြစ်ပါတယ်။ အုန်းပင်က အပူပိုင်းဒေသမှာပေါက်တာများပြီး မိုးခေါင်ခြင်းကို ခံနိုင်ရည်ရှိတဲ့အတွက် ပြုပြင်ထိန်းသိမ်းတဲ့ ကုန်ကျစရိတ်နည်းပါးတဲ့အပြင် နှစ်100 ထိ အသက်ရှည်ပါတယ်။ ပုံမှန်အားဖြင့်တော့ အုန်းသီးခူးတာ စုဆောင်းတာတွေကို တုတ်တံရှည်ကို အသုံးပြုတာ များပါတယ်။အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဘရာဇီး တွေက အုန်းသီးထုတ်လုပ်သော နိုင်ငံတွေ ဖြစ်ပါတယ်။  #LGTmyanmar, #BBKmyanmar


အုန်းသီးကို အသုံးပြုပြီး ဝင်ငွေကောင်းစေတဲ့ ထုတ်ကုန်တွေကို ဖော်ပြပေးသွားမှာပါ။

အုန်းခွံ့ဖယ်ထုတ်ဖို့ ဓားထက်ထက် ဒါမှမဟုတ် တောသုံးဓားအသုံးပြုကြပါတယ်။ ဒီလိုသုံးတာက အန္တရာယ်ရှိပေမယ့် အသုံးများတဲ့ နည်းလမ်းတစ်ခုပါပဲ။


မြေဆီလွှာ အစားထိုး အုန်းခွံမှုန့် (Coco peat)

  • Coco peat ရဲ့ များပြားလှသော အကျိုးကျေးဇူးတွေကြောင့် အပင်တွေ ကြီးထွားလာစေဖို့ မြေဆီလွှာအစားထိုးရန်အနေနဲ့ လူကြိုက်များပါတယ်။
  • တန်ဖိုးရှိ အရင်းအမြစ်တစ်ခု သာမက ရေထိန်းသိမ်းထားနိုင်မှု၊ အာဟာရထိန်းသိမ်းမှု၊ လေဝင်လေထွက်နှင့် ရေနုတ်မြောင်းစနစ်တွေ အတွက်လည်း အသုံးဝင်ပါတယ်။
  • ပန်းမန်ဥယျာဉ်စိုက်ပျိုးခြင်း နှင့် စိုက်ပျိုးမွေးမြူရေးတွေမှာ အသုံးများပါတယ်။
  • အမှုန့်ပြုလုပ်ခြင်းလုပ်ငန်းစဉ်မှာ အုန်းခွံ့တွေကို ရေဆေးခြင်း၊ အခြောက်လှမ်းခြင်း၊ စစ်ထုတ်ခြင်း၊ အမှုန့်ပြုလုပ်ခြင်း၊ အရည်အသွေး စမ်းသပ်စစ်ဆေးခြင်း စတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို စက်ကြီးတွေကို အသုံးပြုပြီး ဆောင်ရွက်ရပါတယ်။
  • အုန်းခွံ့မှုန့်တွေကို ဖိခြင်းလုပ်ငန်းစဉ် ပါဝင်ပြီးတော့ ဝယ်ယူမယ့်သူတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အရွယ်အစား အမျိုးမျိုး ရှိပါတယ်။
  • ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းမွန်တာကြောင့် အပင်တွေမှာ အသုံးပြုတဲ့အခါ အုန်းခွံ့မှုန့်တွေက ရေထိန်းသိမ်းထားနိုင်မှုကောင်းတဲ့ အတွက် အပင်က ရေကို ကောင်းမွန်စွာ စုပ်ယူနိုင်ပါတယ်။
  • ဒါကြောင့် မြေဆီလွှာ အစားထိုး အနေနဲ့ အသုံးပြုသလို မြေဆီလွှာ မပါဝင်တဲ့ အပင်စိုက်ပျိုးခြင်းတွေမှာလည်း အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်။


အုန်းနို့အနှစ် (Coconut Cream)

  • အရသာရှိပြီး စွယ်စုံရတဲ့ cream ကို အချိုပွဲများ၊ ဆော့စ်၊ ချက်ပြုတ်တဲအခါ အသုံးကြပါတယ်။ Coconut milk ရရှိလာစေဖို့ စက်ကြီးတွေနဲ့ အမှုန့်ဖြစ်အောင်လုပ်ထားတဲ့ အုန်းသားဖတ်မှုန့်တွေနဲ့ ရေနဲ့ ရောပေးရပါတယ်။
  • ခရင်မ်နဲ့ အုန်းနို့ရည်နှစ်မျိုး ကွဲသွာစေဖို့ Centrifugation လို့ခေါ်တဲ့ process ပြုလုပ်ပါတယ်။ ရလာတဲ့ cream ပိုပျစ်လာပါတယ် သူ့ထဲမှာ ပါနေသေးတဲ့ ရေပါဝင်မှုကို ထပ်မံ ဖယ်ထုတ်ပေးရပါတယ်။ တာရှည်ခံစေဖို့ အပူပေး ပိုးသတ်ပြီး အပူပေးခြင်း အအေးခံခြင်း လုပ်ငန်းစဉ်တွေကို အဆင့်ဆင့် ဆက်လက်လုပ်ပေးရပါတယ်။


အုန်းဆီ

  • အုန်းဆီက အုန်းအသားကနေ တဆင့်မှ ထုတ်ယူနိုင်သော သဘာဝဆီ တစ်မျိုးပါ။ အုန်းဆီများကို ဟင်းချက်၊ အလှကုန် နှင့် ဆေးဝါးများ အဖြစ်လဲ အသုံးပြုကြသည်။ 
  • အုန်းသားများကို ခြစ်ခြင်း  သို့မဟုတ် လှီးဖြတ်ပီးနောက် ၊ နေပူထဲတွင် သို့မဟုတ် မီးဖို၌ အခြောက်ခံတဲ့ နည်းနှစ်မျိုး ရှိပါတယ်။
  • အုန်းဆီကိုထုတ်လုပ်ရာတွင် အပူပေးညစ်နည်း နှင့် အအေးပေးညစ်နည်း ဆိုပြီး ရှိပါတယ်။ အုန်းသားခြောက်ကို စက်ဖြင့် အပူပေးညစ်နည်းကတော့ အုန်းဆီအမြောက်အများရရှိပါတယ်။ ထိုနောက် unrefined အုန်းဆီတွေကို အနံ့ရော အရသာကိုပါ ဓာတုဗေ နည်းဖြင့်ဖယ်ရှားသည် ။ Refined ထားသော အုန်းဆီများသည် အရောင်ဖျော့ပီး အရသာ ခပ်ပေါ့ပေါ့ရှိသည် ။ အုန်းဆီထုတ်လုပ်မှု နောက်ဆုံး လုပ်ငန်းစဉ်မှာ ထုပ်ပိုးမှုဖြစ်သည်။ 


အုန်းမျှင်ဖျာ နှင့် အုန်းကြိုး

  • အုန်းသီးမျှင်ဖျာနှင့် အုန်းကြိုးများကို အုန်းခွံ၏ အမျှင်များဖြင့် ပြုလုပ်ထာသော သဘာဝပစ္စည်းများဖြစ်သည်။အုန်းသီးမျှင်ဖျာနှင့် အုန်းကြိုးများသည် တာရှည်ခံပြီး စွယ်စုံသုံးပစ္စည်းများဖြစ်သည်။ 
  • ပန်းခြံများ၊ လသာဆောင်များနှင့် လှေကားထစ်များကဲ့သို့သော နေရာများတွင် အုန်းသီးမျှင်ဖျာများကို အလှဆင်ခြင်းနှင့် ကြမ်းခင်းဖုံးအုပ်ပစ္စည်းများအဖြစ် အသုံးပြုနိုင်ပါသည်။ ကော်ဇောယက်ခြင်း၊ ခြင်းတောင်းပြုလုပ်ခြင်းနှင့် ပရိဘောဂပြုလုပ်ခြင်းစသည့် နေရာများတွင် အုန်းကြိုးကို အသုံးပြုနိုင်သည်။ ယနေ့အချိန်ထိ လူများအတွက် အုန်းသီး၏ အရင်းအမြစ်သည် များစွာ အထောက်ကူပြုသည်။

Previous Post Next Post