ကမ္ဘာ့ဝယ်လိုအားများလာတဲ့ ရှားစောင်းလက်ပတ် အနှစ်


ရှားစောင်းလက်ပတ် ၏ အာနိသင်များ

အသားအရေ ထိန်းသိမ်းမှုနှင့် ကျန်းမာရေး အကျိုးကျေးဇူးများတဲ့ သဘာဝထုတ်ကုန်တွေထဲမှာ ရှားစောင်းလက်ပတ် အသုံးပြုမှုက မြင့်တက်နေပါတယ်။ ရှားစောင်းလက်ပတ်က အနာကျက်မြန်စေတာ၊ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေကြောင့်သာမက အစိုဓာတ်ထိန်းပေးနိုင်ပြီး အိုမင်းရင့်ရော်ခြင်းကို နှေးစေပါတယ်။ အပူလောင်ဒဏ်ရာများကို ကုသခြင်းအတွက် အရေပြားပြုပြင်ထိန်းသိမ်းတဲ့ ထုတ်ကုန်တွေမှာလဲ တွင်ကျယ်စွာ သုံးပါတယ်။  #LGTmyanmar, #BBKmyanmar


ရာသီဥတု နှင့် အပင်ဖြတ်တောက်ခြင်း

ရှားစောင်းလက်ပတ်တွေကို စိုက်ပျိုးရလွယ်ကူကာ ရေရှည်စိုက်နိုင်ပြီး ကုန်ကျစရိတ်သက်သာတာကြောင့် စိုက်ပျိုးမှု များပါတယ်။ မိုးနည်းတဲ့ ရာသီဥတုမျိုးတွင် ရှင်သန်နိုင်ပြီး ရေမဝပ်တဲ့ မြေဆီလွှာမျိုး မှာ စိုက်သင့်ပါတယ်။ အမေရိကန်၊ မက္ကဆီကို၊ အိန္ဒိယနှင့် အာဖရိက စတဲ့ နိုင်ငံတွေမှာ ဧက ရာနှင့်ချီတဲ့ အကြီးစားစိုက်ခင်းတွေမှာ စံပြစိုက်ပျိုးလေ့ ရှိပါတယ်။ 

ဖြတ်လို့ရတဲ့ အရွယ်ကို ရောက်ဖို့ အတွက် ၁၈လ ကနေ ၂ နှစ်ထိ ကြာတက်ပါတယ်။ ပျက်စီး ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေဖို့ အပင်အောက်ခြေကို ကျွမ်းကျင်စွာ ဖြတ်နိုင်တဲ့ ကျွမ်းကျင်လုပ်သားတွေနဲ့ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေ လိုအပ်ပါတယ်။ ဖြတ်ထားတဲ့ အပင်ခြေရင်းကနေ အပင်သစ်လေးတွေ မျိုးပွားတာကြောင့် အပင်ငယ်များကို အကောင်းဆုံးကြီးထွားရန်နှင့်ပြုပြင်ထိန်းသိမ်းဖို့ လိုပါတယ်။

စက်ရုံဆီကို သယ်တဲ့အခါ အရည်အသွေးကျမသွားစေဖို့ သယ်ယူတဲ့အခါ အပူချိန်ကို ထိန်းထားပြီး သယ်ယူဖို့ လိုအပ်ပါတယ်။ 


သန့်စင်ခြင်း 

ရှားစောင်းလက်ပတ်တွေကို အညစ်အကြေးပိုးမွားကင်းစေဖို့ အလိုလျောက် ရေဖိအားများတဲ့ စက်ကြီး တွေနဲ့ သေချာစွာ သန့်စင်ပေးရပါတယ်။

အလိုလျောက် သန့်စင်စက်က‌နေ ထွက်လာတဲ့  ရှားစောင်းလက်ပတ်တွေကို စက်ရုံလုပ်သားတွေကနေ နောက်တဆင့် ထပ်မံသန့်စင်ပေးရပါတယ်။


ဂျယ်လ် အနှစ် (အတွင်းသား) ထုတ်ယူခြင်း 

ရှားစောင်းလက်ပတ်ဂျယ်လ် ရရှိဖို့အတွက် အပေါ်ကအခွံတွေကို စက်ကြီးတွေနဲ့ အသုံးပြုပြီး ဖယ်ထုတ်ရသလို ဝန်ထမ်းတွေရဲ့ လုပ်အားကိုလည်း လိုအပ်သလို အသုံးပြုရပါတယ်။ 


သိမ်းဆည်းခြင်းနှင့် ပိုးမွှား သန့်စင်ခြင်း

များပြားတဲ့ ပမာဏတွေကို သိမ်းဆည်းဖို့အတွက် အလိုအလျောက် စက်ပစ္စည်းများနဲ့  ဆောင်ရွက်ပေးရတဲ့ အပြင် စက်ရုံလုပ်သားတွေအနေနဲ့ စက်တွေကို ကြီးကြပ်ပေးနေဖို့လဲ လိုအပ်ပါတယ်။

ဂျယ်ကို လျင်မြန်စွာ အပူပေးပြီး အအေးခံသည့် ပါစတူရီရှင်းယူနစ်များမှတစ်ဆင့် ဘက်တီးရီးယားများကို ဖယ်ရှားကာ သက်တမ်းတိုးစေပါသည်။

အဆင့်မြင့် filtration စနစ်များနဲ့ ကျန်ရှိသော အစိုင်အခဲ အမှုန်အမွှားများနှင့် အညစ်အကြေးများကို ဖယ်ရှားပေးပြီး ချောမွေ့သန့်စင်ပါသည်။


ပိုးမွှားကင်းစင်တဲ့ result ကို ရဖို့အတွက် 

  1. Coarse filtration
  2. Fine filtration
  3. Ultrafiltration စတဲ့ Filtration အဆင့်ဆင့်ကို ဖြတ်ရပါတယ်။

ဒီအဆင့်တွေကို ဖြတ်ကျော်ပြီးပြီဆိုရင်တော့ သန့်စင်ပြီး ပိုးမွှားကင်းစင် အရည်အသွေး ကောင်းမွန်တဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ရရှိလာပြီဖြစ်ပါတယ်။

လိုချင်တဲ့ ထုတ်ကုန် (အလှကုန်၊ စားသောက်ကုန်။ ဆေးဝါး) ပေါ်မူတည်ပြီး ဂျယ်လ်တွေကို ဓာတုပစ္စည်းများနဲ့ ပေါင်းစပ် ထုတ်လုပ်ကြပါတယ်။


ထုတ်ပိုးမှုပုံစံ

ပမာဏများတဲ့ ထုတ်ပိုးဖြန့်ဖြူးမှုတွေအတွက်  275 to 330 gallonsထိ သယ်ယူနိုင်တဲ့ Intermediate Bulk Containers (IBCs) နဲ့ Large Aseptic Bags: တွေကို အသုံးပြုပါတယ်။ 

သဘာဝ အော်ဂဲနစ်ထုတ်ကုန်တွေကို ကမ္ဘာက အသုံးပြုမှုနှင့် ဝယ်လိုအားမြင့်မားမှုကြောင့် ထိရောက်မှုရှိပြီး အရည်အသွေးကောင်းမွန် စိတ်ချရတဲ့ ရှားစောင်းပင်တွေရဲ့ တန်ဖိုးတွေကလဲ မြင့်တက်လာမှာ ဖြစ်ပါတယ်။




























Previous Post Next Post