ထိုင်းနိုင်ငံရှိ ဆန်စက်သည် တစ်ရက်လျှင် အရည်အသွေးမြင့် ဆန်တန်ချိန် ၂၀၀၀ အထိ ထုတ်လုပ်နိုင်ပြီး နိုင်ငံတွင်း ဆန်ထုတ်လုပ်မှု၏ အတိုင်းအတာနှင့် ထိရောက်မှုကို ပြသသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာ့ဒုတိယ ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည်။ #LGTmyanmar #BBKmyanmar
ဒါပေမယ့် သင်စားတဲ့ထမင်းက ထိုင်းလယ်ကွင်းကနေ ညစာစားပွဲကို ဘယ်လိုသွားမလဲဆိုတာ သင်တွေးဖူးရင် ဒီဗီဒီယိုက သင့်ကို မြင်ကွင်းနောက်ကွယ်မှာ ယူဆောင်သွားပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို အစကနေအဆုံး သင်ပြပေးမှာပါ။
အားလုံးက ဒေသခံ စပါးခင်းတွေမှာ အစပြုပါတယ်။ ဂျပန် သို့မဟုတ် ကိုရီးယားနှင့် မတူဘဲ ထိုင်းနိုင်ငံ၏ စပါးခင်းများသည် အလွန်သေးငယ်သည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းတစ်လျှောက် ဂျပန်နှင့် ကိုရီးယားမိသားစုများသည် ၎င်းတို့၏ နယ်ပယ်တစ်ခုလုံးကို ၎င်းတို့၏အကြီးဆုံးသားဖြစ်သူ တစ်ဦးတည်းထံ အပ်နှံထားသောကြောင့်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မိသားစုရှိ ကလေးများအားလုံးတွင် လယ်ကွင်းများကို ပိုင်းခြားထားသဖြင့် သေးငယ်သော မြေကွက်များ ပေါက်ရောက်ကာ တစ်ဦးစီသည် ပမာဏအနည်းငယ်သာ ထွက်ရှိပါသည်။
သို့တိုင် ထိုင်းနိုင်ငံသည် ဘန်ကောက်မြို့စွန်ရှိ မိသားစုဆန်စက် ရာပေါင်းများစွာကြောင့် တစ်နှစ်လျှင် ဆန်တန်ချိန် သန်း ၃၀ တင်ပို့နိုင်ခဲ့သည်။ ဒီစက်တစ်ခုတည်းက တစ်နေ့ကို အရည်အသွေးကောင်းတဲ့ ထိုင်းဆန်တန်ချိန် ၂၀၀၀ ထုတ်လုပ်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ အံ့သြစရာကောင်းတဲ့ လုပ်ငန်းစဉ်ကို ၂၅ ဆင့်ကို အနီးကပ်ကြည့်ရအောင်။
- ပထမဆုံး စပါးရဲ့ စိုထိုင်းဆ ကိုတိုင်းတာပါတယ်။
- နောက်ပြီး စပါးမှာ ပါလာတတ်တဲ့ အမှိုက် အနည်းအများကို တိုင်းတာပါတယ်။
- ဒီ ၂ ခုကို တိုင်းတာလို့ သိရပြီဆိုရင်တော့- ဒီစပါးကို ဘယ်လောက်ဈေးနဲ့ ဝယ်လို့ရမယ် ဆိုတာ အတိအကျတွက်လို့ ရပါပြီ။
- စိုထိုင်းဆနဲ့ ပတ်သက်ရင်- ဥပမာ- စပါးထဲမှာ စိုထိုင်းဆ ပမာဏမှာ ၁၅% အောက် ပါတယ်ဆိုရင် THB 11,600 အထိ ပေးပါမယ်။ (၂၀၂၃ နှစ်ကုန်ပိုင်း ဈေးနှုန်း ဖြစ်ပါတယ်။) စိုထိုင်းဆ ၁% ပိုလာတိုင်း ဈေးက THB 100 ပိုပို လျော့သွားပါမယ်။
- ပါလာတတ်တဲ့ အမှိုက်နဲ့ ပတ်သက်ရင်- အနည်းအများ ပေမူတည်ပြီးတော့၊ ဈေးပိုတာ လျော့တာ ရှိပါမယ်။ ၁၀ ဂရမ် ထက်ပိုရင် ၁ ဂရမ် တိုင်းအတွက် THB 50 ဈေးထပ် လျှော့ပါမယ်။
- အဲဒါပြီးရင် ဆန်နမူနာ ယူပါတယ်။ အများမြင်သာတဲ့ နေရာမှာ ကားတစ်စီးတိုင်းအတွက် ပေးမယ့် ဈေးနှုန်းကို အပြီး တွက်ချက်ပြီး၊ သတ်မှတ် ပေးလိုက်ပါတယ်။
- လယ်သမားဆီက စပါးကို ဝယ်ပြီးပြီဆိုရင်၊ ကျွန်တော်တို့က ဒီဂိုဒေါင်ထဲမှာ ခဏ အစိုဓာတ် လျော့သွားအောင် ထားပြီး စောင့်ရပါတယ်။ ဥပမာ- ဒီစပါးဆိုရင် ပါရှိတဲ့ အစိုဓာတ်က ၂၅% ရှိနေတဲ့အတွက် ဆန်ကြိတ်စက်ထဲ ထည့်ဘို့အတွက် အစိုဓာတ် ၁၅% အောက် ကျသွားတဲ့အထိ စောင့်ရပါတယ်။
- အပူဓာတ်ပေးတဲ့ စနစ်မှာ ဆန်စက်ရဲ့ ဘေးထွက်ကုန်ဖြစ်တဲ့ စပါးခွံတွေကို သုံးပြီး၊ အပူပေးပါတယ်။ စပါးခွံတွေကို မီးရှို့တဲ့အခါ အပူဓာတ် ထွက်ပါတယ်။ ဒီအပူဓာတ်နဲ့ လေနဲ့ပေါင်းပြီး ရလာတဲ့ လေပူကို သုံးပြီး၊ စပါးမှာ ပါတဲ့ အစိုဓာတ်ကို လျှော့ချပါတယ်။
- စပါးခွံတွေကို မီးရှို့ပြီးသွားတဲ့အခါ စပါးခွံ #ဖွဲပြာ တွေ ရပါတယ်။ ဒီ စပါးခွံပြာတွေကို လယ်သမားတွေက အက်စစ်ဓာတ် လျော့ကျစေဘို့အတွက် လယ်ကွင်းမှာ ပြန်သုံး ကြပါတယ်။ စပါးက ထွက်သမျှ ပစ္စည်းအားလုံးက ပြန်သုံးလို့ ပြန်ရောင်းလို့ ရပါတယ်။ (စပါးရိတ်ချိန်မျိုးမှာ စပါးတွေ အများကြီး ဝယ်ရတတ်ပါတယ်။ အဲဒီလို စပါးပေါ်ချိန် ဆိုရင် ဒီဂိုဒေါင်ကြီးဆို တစ်ခုလုံး စပါးတွေနဲ့ ပြည့်သွားတတ်ပါတယ်။)
- အဲဒီလို အချိန်မှာ ငှက်တွေလာဝင်စားတာကြောင့်လည်း နှစ်စဉ် THB 100,000 ကနေ 200,000 ဘိုးလောက်ထိ ဆုံးရှုံးကြရပါတယ်။ (ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာကလည်း ငှက်တွေကို မသတ်ချင်ပါဘူး။ မောင်းထုတ်ဘို့ပဲ ကြိုးစားကြပါတယ်။ တစ်ခါဆို ငှက်တွေကို ပိုက်ကွန်နဲ့ ဖမ်းပြီး၊ ၂၀၀ ကီလိုမီတာ အဝေးမှာ သွားလွှတ်ကြည့်ဖူးပါတယ်။ ခဏပဲ။ ဒီနေရာ အတိအကျကို ရောက်အောင် ပြန်လာတတ်တာကို တွေ့ခဲ့ရပါတယ်။ ပိုဆိုးတာက ငှက်တွေက သူတို့ရဲ့ အခြား ဒေသက သူငယ်ချင်းတွေကိုပါ အပို ထပ်ခေါ်လာတာ ကြုံခဲ့ရပါတယ်။)
- ဆန်ကို တကယ် စကြိတ်တော့မယ် ဆိုရင် ပထမအဆင့်မှာ အခြောက်ခံထားပြီးသား စပါးတွေကို ထရက်တာအကြီးကြီးတွေနဲ့ ဒီကတော့ လိုအကန့်ထဲကို စုထည့်ကြရပါတယ်။ ဒီကနေ စပြီး နောက်ပိုင်းကတော့ သယ်ဆောင်ရေးလမ်းကြောင်းအတိုင်း ခါးပတ်ပေါ်ကနေ တစ်ဆင့်ပြီး တစ်ဆင့် အပေါ် တက်သွားတယ်။ ဟိုးဘက်က ဆန်စက်ကြီးထဲကို ပါသွားတော့တာပါပဲ။
- စပါးတွေကို သတ္တုရှာဖွေစက် ထဲကနေ ဖြတ်ခိုင်းရပါတယ်။ ပါလာတတ်တဲ့ သံသတ္တုတွေကို စက်က စုတ်ယူ/စစ်ယူထားလိုက်ပါတယ်။
- နောက်တစ်ဆင့်က အမှိုက်ဖယ်တဲ့ စက်ထဲထည့်ပြီး သန့်စင်ရပါတယ်။
- စပါးနှံကနေ မပြုတ်သေးတဲ့ စပါးစေ့တွေကို စပါးနှံကနေ ခြွေပစ်ပေးတဲ့ စက် ထဲကနေ ဖြတ်ခိုင်းရပါတယ်။
- ဒီတစ်ဆင့်ကတော့ စပါးကို ကြိတ်ပစ်ပြီး၊ စပါးခွံနဲ့ ဆန်နဲ့ ခွဲပေးတဲ့ အဓိကအကျဆုံး စက်ဖြစ်ပါတယ်။ ဒီအဆင့်မှာ စပါးခွံနဲ့ ဆန်နဲ့ ရောနေရာကနေ စပါးခွံတွေကို လေနဲ့ မှုတ်ထုတ် ပေးပါတယ်။
- ပြီးရင် စပါးလုံးနဲ့ ဆန်နဲ့ ရောနေသေးတဲ့အတွက် ဒါကို ခွဲခြားပေးတဲ့ နောက်စက် တစ်ခုထဲကို ဖြတ်ခိုင်း ရပါတယ်။
- နောက်တစ်ဆင့်က ဆန်ကောင်းနဲ့ အနာပါတဲ့/ အရွယ်အစားက စံမမီတဲ့ ဆန်အညံ့ တွေကို သီးသန့်ခွဲထုတ် ရပါတယ်။ grading လို့ ဒါကို ခေါ်ပါတယ်။
- ပြီးရင် ဆန်လုံးညို ဆိုတဲ့ ဆန်စစ်စစ်ကို ရပါပြီ။ ဒါကို စားလို့ ရပါတယ်။
- ဆန်ဖြူ လိုချင်တယ် ဆိုရင်တော့ နောက်တစ်ဆင့် ဆက်သွားပါမယ်။ ဆန်ကို ဖြူအောင် ချောအောင် သန့်စင်ပေးတဲ့ စက် (polish တင်ပေးတဲ့ ) ဖြစ်ပါတယ်။ ဒီနေရာမှာ ဖွဲနု တွေ အများကြီး ထွက်ပါတယ်။
- ဖွဲနု ကနေ ဆန်ဆီ (rice oil) ထုတ်လုပ်လို့လည်း ရပါတယ်။ သို့မဟုတ်ရင် ဖွဲနုကို ဝက်စာ အဖြစ် ထုတ်ရောင်းလို့ ရပါတယ်။ စပါးခွံတွေကို စပါးအခြောက်ခံတဲ့ စက်ထဲမှာ ပြန်သုံးလို့ရသလို၊ အချို့က လာဝယ်လို့ ရောင်းရပါတယ်။
- နောက်တစ်ဆင့်မှာ ဆန်နဲ့ ဆန်ကွဲ ခွဲကြရပါတယ်။ ဆန်ကွဲတွေကို ဆန်ခေါက်ဆွဲ လုပ်ဘို့၊ ဆန်ပြုတ် လုပ်လို့ရပါတယ်။
- အရွယ်အလိုက် ဆန်ကို အဆင့်ခွဲ sorting လုပ်ကြရပါတယ်။
- အရွယ်အလိုက် ဆန်ကို ခွဲထုတ်ပြီးရင် အရောင်နဲ့ ခွဲချင်သေးတယ်ဆိုရင် အရောင်ခွဲတဲ့ (color sorting) စက်ထဲ ပို့ရပါတယ်။ ပါလာတတ်သေးတဲ့ စပါးလုံးတွေကို လေနဲ့ မှုတ်ထုတ်ပြီး၊ စပါးလုံး ရွေးတဲ့ အဆင့်ကို ဖြတ်ပြီးမှ ဆန်အဖြူထည် ရပါတယ်။
- ကြိတ်ပြီးသား ဆန်ကို တောက်ပြောင် စေချင်တယ် ဆိုရင် ဒီစက်တွေထဲ ရေကို ထည့်သုံးရပါတယ်။ (ဒီ အဆင့် ရောက်လာတဲ့ ဆန် ၁ ကီလိုဂရမ် (1 Kilogram) ကို THB 19 ရပါတယ်။
- ဆန်တွေကို နောက်ဆုံး အဆင့်မှာ အိတ်သွတ်ရသလို အချို့က ကားလိုက်ပဲ ပြန်ယူပါတယ်။ ဒီဆန်စက်က တစ်ရက်ကို တန် ၂,၀၀၀ (နှစ်ထောင်) ဝန်းကျင် ကျပါတယ်။ ဒီလို ထရပ်ကား အစင်း ၅၀ လောက်ပေါ့။
ထိုင်းနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုသည် ဖွဲနု၊ စပါးခွံနှင့် ဆန်ကွဲအပါအဝင် ဆန်၏အစိတ်အပိုင်းတိုင်းကို ဆီ၊ လောင်စာနှင့် သစ်ပင်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းစသည့် ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုသောကြောင့် ဆန်ထုတ်လုပ်ရေး လုပ်ငန်းသည် ရှည်တည်တံ့သော လုပ်ငန်းကောင်း တစ်ခုဖြစ်သည်။