အောင်မြင်တဲ့ လူတွေက ဘယ်လို စဉ်းစားကြသလဲ?




အောင်မြင်တဲ့ လူတွေက ဘယ်လို စဉ်းစားကြသလဲ ဆိုတာကို အတုယူစေဘို့ အောင်မြင်ကျော်ကြားသူ အချို့ကို အင်တာဗျူးထားတာတွေထဲကမှ စိတ်ဝင်စားစရာ အကောင်းဆုံး အချို့ကို ကောက်နှုတ်တင်ပြ လိုက်ပါတယ်။ #LGTmyanmar, #BBKmyanmar

  

တင်ပြသူများ

  1. Magic Johnson
  2. Arnold Schwarzeneger
  3. Idris Elda
  4. Serena Williams
  5. Conor McGregor
  6. Usain Bolt
  7. Roger Federer

  

ကောက်နှုတ် တင်ပြချက်များ

  • ငါက အိပ်မက် အကြီးကြီးရှိခဲ့တာ မင်းသိလား။ ဟိုးအရင် ငယ်ငယ်တုန်းက ကျွန်တော့် အလုပ်က သောကြာနဲ့ တနင်္ဂနွေမှာ ဒီ ၇ ထပ်က ရုံးခန်းကို သန့်ရှင်းရေး လုပ်ရတဲ့ သန့်ရှင်းရေး ဝန်ထမ်း အလုပ်ပါ။ CEO ရုံးခန်းဖြစ်တဲ့ ၇ လွှာကိုသွားတိုင်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ငါဟာ CEO ပဲလို့ လို့ ပုံဖော် စိတ်ကူးယဉ်ပြီး၊ အားမွေးခဲ့လေ့ ရှိပါတယ်။ ဘယ်သူက တွေးမိမှာလဲ‌ဗျာ... အဲဒီတုန်းက သန့်ရှင်းရေး ဝန်ထမ်းတစ်ယောက်ဟာ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်ကုမ္ပဏီရဲ့ CEO ဖြစ်လာမှာပါလို့။
  • ကောင်းပြီ၊ နံပါတ်တစ်အချက်က သင်သွားချင်တဲ့နေရာကို အလွန်ရှင်းရှင်းလင်းလင်းရှိတဲ့ အမြင်ရှိဖို့ပဲ ဖြစ်တယ်။ ဒါမှသာ မင်းအဲဒီကို ရောက်မှာမို့လို့ပါ။ ဥပမာ- တကယ်လို့ ခင်ဗျားမှာ အကောင်းဆုံး လေယာဉ် သို့မဟုတ် ကမ္ဘာပေါ်တွင် အကောင်းဆုံး သင်္ဘောကို ပိုင်တယ် ဆိုရင်တောင်၊ ကပ္ပတိန်က ဘယ်နေရာကို သွားရမယ် ဆိုတာကို မသိဘူးဆိုရင် လမ်းမှာ ဝေ့လည် မျောနေမှာပဲ။ ဒါကြောင့် အရေးကြီးတာက သင်ဘယ်ကိုသွားမယ်ဆိုတာ သိပြီး အဲဒီပန်းတိုင်ကို အရမ်းစိတ်အားထက်သန်နေဖို့ပါပဲ။ ခင်ဗျား ရှေ့မှာ အမြဲတမ်း ပန်းတိုင်ကို ပြတ်ပြတ်သားသား မြင်နေရမယ်။
  • သင်ဘာပဲလုပ်လုပ် ကြီးပွားတိုးတက်ဖို့ သင့် ပတ်ဝန်းကျင် မြေပြင်အခြေအနေကို နားလည်ထားပါ။ သင့်ပန်းတိုင်/ပစ်မှတ် က ဘာလဲဆိုတာ ဘယ်မှာလဲ ဆိုတာ သေခြာသိအောင် လုပ်ထားပါ။ မှန်းဆတာမျိုး မလုပ်ပါနဲ့။ အဲဒါက ခင်ဗျားအတွက် အရွေ့ရှိစေမယ့် လောင်စာဆီပဲ။ ဖြစ်သောကြောင့် တတ်နိုင်သမျှ အသိပေးပါ။ သင်ဘယ်ကိုသွားနေလဲ ဒါမှမဟုတ် သင့် ပန်းတိုင်က ဘာလဲဆိုတာ မသိဘူးဆိုရင် အဲဒီနေရာကို ခင်ဗျား ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ဘူး။ ဒါပဲ။
  • နောက်ထပ်အရေးကြီးတာက ရည်မှန်းချက် ကြီးကြီး ထားတတ်ဘို့ပါ။ ရည်မှန်းချက်ကြီးကြီးထားပြီး ကြီးကြီးမားမား တွေးတောကြံဆဘို့ လိုပါတယ်။ ဒါမှလည်း ခင်ဗျားဟာ ကြီးကြီးကျယ်ကျယ် အောင်မြင်နိုင်လိမ့်မယ်။ အဲဒါက အရေးကြီးဆုံးပဲ။ ကြီးကြီးမားမား အောင်မြင်မှု ဆိုတာတွေဟာ မတော်တဆ ဖြစ်လာတာတွေ လုံးဝမဟုတ်ဘူး။
  • ရှင်တို့ တစ်ယောက်ချင်းကို ပြောချင်တာက- ရှင်တို့ အသက်ဘယ်လောက်ပဲ ကြီးကြီး ငယ်ငယ်၊ ရှင့် အသက်အရွယ်က ရှင့် ဘဝကို ပုံသေသတ်မှတ်ထားတာ မရှိပါဘူး။ မိမိ ဖြစ်ချင်တာကို စိတ်ထဲ ရည်မှန်းထားမှသာ မိမိ အောင်မြင်အောင် လုပ်ဖြစ်စေတယ်။ 'ငါလုပ်နိုင်ရင် ဘယ်သူမဆို လုပ်နိုင်တယ်' လို့ အမြဲပြောလေ့ရှိပါတယ်။
  • သင်စာ ထူးခြားတဲ့ အရာတစ်ခုကို ပြီးမြောက်ဖို့ စဉ်းစားထားရင်၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ် စေရမယ်လို့ စိတ်ကူးထားရင်၊ အလုပ်မကြိုးစားဘဲ လုပ်နိုင်မယ်လို့ ထင်ရင် ခင်ဗျား အမှား အကြီးကြီး တစ်ခု ကို ကျူးလွန်မိတာပဲ လို့ ပြောရလိမ့်မယ်။ ဘာပဲလုပ်လုပ်၊ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်တာပဲ ဖြစ်ဖြစ်၊ သရုပ်ဆောင်တာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ အောင်မြင်မှုဆိုတာ ရဘို့က အမြဲတမ်း အလုပ် ကြိုးစားဘို့ လိုအပ်တယ်။ အားထုတ်မှု အနစ်နာခံမှုတွေ အများကြီး လိုအပ်တယ်။ ဒါပေမယ့် ခင်ဗျားက အလုပ်ကြိုးစားချင်စိတ် မရှိဘူးရင် မေ့လိုက်တော့။
  • ငါတို့ အားလုံးဟာ လူသားတွေ ပီပီ အားလုံး တန်းတူ ညီတူ ပဲလို့ ငါတကယ် ယုံကြည်တယ်။ တစ်ခုခုကို လေးလေးနက်နက် အမှန်တကယ် လိုက်စား/ကြိုးစားမယ်၊ အချိန်ပေးမယ် ဆိုရင် အောင်မြင်မှုဆိုတာ ဖြစ်ကို ဖြစ်တယ်။ ဒါက ကျွန်တော် ဆောင်ထား တဲ့ ဒဿနတစ်ခုပဲ။ ကျွန်တော့်ရဲ့ နည်းပြတွေထဲက ထူးချွန် အားကစားသမား ဖြစ်တဲ့ LeBron James လို ကျိကျိတက် စူပါစတားက အဲဒီ ယုံကြည်ချက်ကို အမြဲ လှုံ့ဆော်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး မှန်မှန်ကန်ကန် အတွေးအခေါ် ရှိနေဘို့ အရေးကြီးပါတယ်။ ခင်ဗျား သိပါတယ်ဗျာ။ "ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်မှု" ဆိုတာကို ဘယ်အရာကမှ မတားဆီး ထားနိုင်ပါဘူး။ 
  • ပြိုင်ဆိုင်မှုဆိုတာ အမှန်တရားမဟုတ်ဘူးလို့ ဆိုလိုတာလား။ နားထောင်ပါ၊ အလုပ်က နောက်ကွယ်မှာ ဖြစ်ပျက်နေတာ။ ပြိုင်ဆိုင်မှုဆိုတာ လွယ်တဲ့အပိုင်းပါ။ အလုပ်တွေ အားလုံးပြီးသွားပြီဆိုမှ သိရတာက ဒီအောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ သင်ပြင်ဆင်ထားခဲ့တာ ဘယ်လောက် ရှိခဲ့သလဲဆိုတာ ပေါ်လွင်လာတယ်။ အဲဒါပါပဲ။
  • လပေါင်းများစွာ ဆက်တိုက် ကမ္ဘာ့နံပါတ်တစ် နေရာမှာ ရှိနေတုန်းကလည်း၊ ကျွန်တော့် ကိုယ့်ကိုယ်ကိုယ် "ငါ ဘာပိုကောင်းအောင် လုပ်လို့ရမလဲ? ဘာပြောင်းလဲရမလဲ?" လို့ အမြဲ မေးခွန်းထုတ်နေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်ဘာမှမပြောင်းလဲဘဲ၊ အရှိအတိုင်းပဲ ထပ်ခါထပ်ခါလုပ်နေရင် တိုးတက်မှု ဆိုတာဘာမှမရှိဘဲ ငြိမ်နေလိမ့်မယ်။ ဒီအဓိပ္ပါယ်က နောက်ပြန် ဆုတ်သွားနေတာလို့ သတ်မှတ်လို့ ရတယ်။ တခြားသူတွေက အမြဲ ပိုကြိုးစားတဲ့အတွက် အမြဲ တိုးတက်နေလို့ပဲ။ ဒါကြောင့်လည်း ကျွန်တော့်ရဲ့ (တင်းနစ်) ဂိမ်းကို အမြဲ ပိုကောင်းအောင် လုပ်ဘို့ လိုအပ်ပါတယ်။
  • မကြာခဏဆိုသလို၊ လူငယ်တော်တော်များများဟာ လမ်းပျောက်ဝေဝါး နေကြတာကို‌ တွေ့ရတတ်ပါတယ်။ သူတို့ ဘယ်ကိစ္စကို ဘာကြောင့်လုပ်နေတယ်ဆိုတာကို မသိဘဲ ဝေ့လည်ကြောင်ပတ် သွားနေကြတာကို တွေ့ရတယ်။ ကျွန်တော် ဆိုလိုတာက "လိုချင်တာ၊ မျှော်လင့်ချက်ကြီးတာ၊ အောင်မြင်ချင်တာ"  ဆိုတာလောက်က ဘဝမှာ အောင်မြင်ဘို့အတွက် မလုံလောက်ပါဘူး။ 
 

Previous Post Next Post