ကောက်ရိုးကနေ တစ်ခါသုံး ပန်းကန်တွေ လုပ်ရောင်းဘို့ ဘယ်လိုလုပ်နေကြသလဲ?



ထိုင်းနိုင်ငံမှ လယ်သမားများသည် စပါးရိတ်သိမ်းပြီးနောက် ကျန်ရှိသော ကောက်ရိုးများကို မီးရှို့တာကြောင့် မီးခိုးငွေ့များ ထုတ်လွှတ်ကာ ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်တာကြောင့် ပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်စေပါတယ်။ Yakow Wannasinha သည် ဘန်ကောက်တွင် ပညာသင်ကြားပြီးနောက် လယ်သမားတွေအတွက် နှင့် မိဘဆွေမျိုးတွေအတွက် ကောက်ရိုးကနေ ဝင်ငွေတစ်ခု ဖန်တီးပေးနိုင်ဖို့ အခြားရွေးချယ်စရာတစ်ခုကို တီထွင်ရန် သူမ၏ဇာတိရွာသို့ ပြန်လာခဲ့ပါတယ်။ ယခုအခါ သူမသည် လယ်သမားများအား ကောက်ရိုးအတွက် ကနေ ဝင်ငွေတစ်ခုဖန်တီးပေးနိုင်ခဲ့ပြီး တစ်ခါသုံးပန်းကန်တွေထုတ်လုပ်ဖို့  ကောက်ရိုး ကုန်ကြမ်းတွေကို အိန္ဒိယသို့လည်း တင်ပို့နိုင်ခဲ့ပါတယ်။ #LGTmyanmar, #BBKmyanmar

ချင်းမိုင်ကို လည်ပတ်စဉ်မှာ ချင်းမိုင်တက္ကသိုလ်က Science and Tech Park ကို လေ့လာခဲ့ပါတယ်။ ကျောင်းဝင်းတွင် သိပ္ပံပညာရှင်များသည် ထိုင်းစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးသည့် "ဆန်စပါး" ဟု လူသိများသည့် ခန်းမတစ်ခု ပါဝင်သည်။ 
 

တစ်ခါသုံး ပန်းကန်များ

စွန့်ဦးတီထွင်သူတစ်ဦးသည် 2020 ခုနှစ်တွင် ၎င်း၏စက်ရုံတွင် ကောက်ရိုးမှထုတ်ပိုးထားသော အစားအစာထုပ်ပိုးမှုပြုလုပ်ရန် ရည်မှန်းထားသည်။ ၎င်းသည် တာရှည်ခံနိုင်စေရန် ဆန်ကစီဓာတ်ကို မြှင့်တင်ခြင်းဆိုင်ရာ သုတေသနကို အထူးစိတ်ဝင်စားပါသည်။ ဤနေရာတွင် လုပ်ဆောင်နေသော ဆန်းသစ်တီထွင်မှုမှာ ထုပ်ပိုးခြင်းလုပ်ငန်းတွင် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများအတွက် လမ်းခင်းပေးခြင်းဖြစ်ပါသည်။

ပုံမှန်အားဖြင့် စပါး 1 Kg မှာ ကောက်ရိုး 1 Kg ထွက်ပါတယ်။ ကောက်ရိုးတွေက ပုပ်သွားရင်လဲ ကမ္ဘာကြီး ပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့  (မီသိန်း) ထုတ်သလို ကောက်ရိုးကို မီးရှို့တာကလည်း CO2 ကို ထုတ်လွှတ်ပြီး လူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေပါတယ်။

#ကောက်ရိုး က စွန့်ပစ်ဘို့ အမှိုက်မဟုတ်ပါဘူး။ အဖိုးတန်သော အရင်းအမြစ်တစ်ခုအဖြစ် ဖန်တီးနိုင်ပါတယ်။ ကောက်ရိုးကနေ စာရွက်၊ တစ်ခါသုံး ပန်းကန်ခွက်ယောက်၊ အိတ် များ ပြုလုပ်ပြီး ဝင်ငွေများစွာရရှိနိုင်ပါတယ်။
 

ပြုပြင် ထုတ်လုပ်ပုံ အဆင့်ဆင့်

  1. ကောက်ရိုးတွေကို 1cm - 2cm လောက် အသေးဆုံးအရွယ်အစားထိ ဖြတ်လှီးရမှာပါ။
  2. လေထုထဲမှာ ကောက်ရိုးအမှုန်အမွှားတွေ ပြည့်နေတာကြောင့် မျက်နှာဖုံးစွပ်ထားဖိုးလိုအပ်ပါတယ်။ ရေနဲ့ ၄နာရီကြာအောင် ပြုတ်ပေးရပါပြီး ပိုးမွှားသန့်စင်ပေးရပါတယ်။
  3. ထွက်လာတဲ့ ကောက်ရိုးတွေကို အခြောက်ခံပေးရပါတယ်။ 
  4. တစ်ပိုင်တစ်နိုင် လုပ်ငန်းစနိုင်တဲ့ တစ်ခါသုံး ပန်းကန်ခွက်ယောက်တွေကို ပြုလုပ်ရောင်းချမယ်ဆိုရင် အပူပေးပြီး ပုံစံဖော်ဖို့အတွက် စက်တွေကို အသုံးပြုရပါတယ်။
  5. စာရွက်၊ အိတ်တွေ ပြုလုပ်မယ်ဆိုရင်တော့ ဓာတုပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး အခြောက်ခံခြင်း အပူပေးခြင်း အဆင့်ဆင့်ကို ပြုလုပ်ပေးရပါတယ်။

ကောက်ရိုးဖြင့် စက္ကူပြုလုပ်ရာတွင် အဓိကလိုအပ်သော ပါဝင်ပစ္စည်းများမှာ  ကောက်ရိုး၊  ထင်းရှူးဆီ၊ဆိုဒီယမ်ဆီလီကိတ်၊  ကော်(ကစီဓာတ်)၊ ကျောက်ချဉ်၊  တာကမ်ပေါင်ဒါ၊  ဆိုဒါမှုန့်၊ ဆိုးဆေးများ နှင့် ရေတို့ဖြစ်သည်။

အရည်အသွေးကောင်း စက္ကူရရှိရန်အတွက် အဓိကဖြစ်သော   ပျော့ဖတ်၏အရည်အသွေးကောင်းမွန်ရန်အတွက် အသုံးပြုသည့် ဓာတုပစ္စည်းအမျိုးအစားနှင့် အချိုးအစား၊ ကောက်ရိုးပြုတ်ချိန်နှင့် ရရှိလာသောပျော့ဖတ်ကို ကြိတ်ခြေစက်ထဲသို့ထည့်ပြီး ပြုလုပ်ပါတယ်။

 

ရေရှည် အလားအလာ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သည် မရေမတွက်နိုင်သော လမ်းဘေးဈေးသည်များနှင့် တစ်ခါသုံး ဘူးနဲ့ ပန်းကန်များကို အသုံးပြု၍ အစားအသောက်များထည့်ပြီး အသုံးပြုနေကြတဲ့  သာယာလှပသော ပြင်ပလူနေမှုပုံစံကို မြင်တွေ့နိုင်ပါသည်။ တစ်ခါသုံး ပန်းကန်တွေ ထုတ်လုပ်မှုစတင်မယ်ဆိုရင် အစားအစာရောင်းချသူတွေက သင့်လျော်သောပန်းကန်အရွယ်အစားကို ထုတ်ပေးဖိုနှင့် စျေးနှုန်းသက်သာအောင်လုပ်ပေးဖို့ အကြံပေးပါတယ်။ အစိုးရ၏ ပိုမိုပေါ့ပါးသော မူဝါဒနှင့် ပလတ်စတစ်များအသုံးပြုမှုကို ပိတ်ပင်လိုက်ခြင်းကြောင့် ဇီဝဖျက်စီးနိုင်သော ထုပ်ပိုးမှုကို တိုးမြှင့်အသုံးပြုလာခဲ့သည်။ သူမရဲ့ မွေးရပ်မြေမှာ Yakow Wannasinha ဟာ သူမရဲ့ အဖွားရဲ့ ဟင်းချက်အိုးထဲမှာ ကောက်ရိုးပျော့ဖတ်ကို စတင်စမ်းသပ်ခဲ့ပြီး သူမရဲ့ အဖိုးအဖွားတွေကတော့ အစပိုင်းမှာ စိတ်ပျက်ခဲ့ပေမယ့် နောက်ပိုင်း ရောင်းကောင်းမယ့် အလားအလာ အများကြီး ရှိနေပါတယ်။ယခုအချိန်မှာတော့ ကောက်ရိုးကုန်ကြမ်းတွေကိုသာ ပြည်ပကို တင်ပို့နိုင်နေပေမယ် နောင်တချိန်မှာ စက်ကြီးတွေကို အသုံးပြုပြီး တစ်ခါသုံး ပန်းကန်ခွက်ယောက်များကို ထုတ်လုပ်သွားနိုင်ဖို့ ကြိုးစားနေပါတယ်။


Previous Post Next Post