-မတ်လ 28 ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျှင်ပေါ် အခြေခံပြီးတော့စစ်ကိုင်းကော မန္တလေးကောက အများကြီးထိခိုက်ခဲ့တယ်။ #LGTmyanmar , #BBKmyanmar
အဲ့ဒီမှာ ကျွန်မတို့ LGT အနေနဲ့ တတ်နိုင်သလောက် immediate relief အတွက်ကော နောက်ပိုင်း rehabilitation အတွက်ပါ ပံ့ပိုးမှုတွေ လုပ်ခဲ့ပါတယ်။
.
-ဒီလေးကျွန်းမြေအုတ်ကျောင်းမှာ စပြီးတော့မှ ကျောင်းသူကျောင်းသားတွေ နေဖို့အတွက် MFT နေပြီးတော့ Tent လေးတွေ စပြီး လှူဒါန်းဖြစ်တယ်။
နောက်တစ်ခု အနေနဲ့ လေးကျွန်းမြေအုတ်ကျောင်းမှာလျှပ်စစ်ရဖို့ရာကလည်း မလွယ်သေးတဲ့ အခါကျတော့ အလင်းရောင် ရအောင် MFT ကနေပြီးတော့ solar မီး လှူဒါန်းဖြစ်ပါတယ်။
ရတနာသိင်္ဂီသီလရှင်ကျောင်း ဆိုလည်း ငလျင်ဖြစ်ဖြစ်ပြီးခြင်းမှာ solar တွေလည်း လှူပေးခဲ့တယ် ပေါ့နော်။
အောင်မြေဦးဘကကျောင်း၊ ရွှေဟင်္သာနောက်ဘက်က ဘုန်းကြီးကျောင်း ( ဇေယျာမဏ္ဍလာ ကျောင်း) မှာလည်း solar လှူဖြစ်ပေးခဲ့တယ်။
ဒေသမှာ ငလျှင်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုလည်း သူတို့ရဲ့ ရေရှည်အတွက် ဆေးကုသမှုထောက်ပံမှုဖြစ်အောင် နောက်တခုအနေနဲ့ သေဆုံးသွားတဲ့သူတွေဆိုရင်လည်း သူတို့ရဲ့ ကုသိုလ်ပြုမှုတွေမှာ ပါ၀င်နိုင်ဖို့အတွက်ပေါ့နော် မိသားစု၀င်တွေလာပြီးတော့ MTF ကနေပြီးတော့ငွေကြေးထောက်ပံ့တာတွေ လုပ်ခဲ့တယ်ပေါ့နော်။
.
ဒါကတော့ ပထမဦးဆုံး ငလျှင်ဖြစ်ဖြစ်ချင်းမှာ လုပ်ခဲ့တဲ့အပိုင်းတွေပေါ့နော်။
- immediate Relief အနေနဲ့နောက်ပိုင်း ကိစ္စတွေ မှာကတော့ ကျွန်မတို့ စာသင်ကျောင်းတွေ အတွက် ဗလာစာအုပ် ကစပြီးတော့ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေ အတွက် ဒီ projector တွေ laptop တွေစတဲ့ သင်ကြားရေးနဲ့ ဆိုင်တဲ့ ပစ္စည်းပစ္စယတွေကိုလည်း ကျွန်မတို့ လှူဒါန်း ပံ့ပိုးပေးခဲ့တယ်။
အခုဆက်ပြီး တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း စဥ်ထဲမှာလည်း LGT အနေနဲ့ လုပ်သွားဖို့ အတွက် ရည်ရွယ်ထားတာ ပြင်ဆင်ထားတာတွေ အများကြီးရှိပါတယ်။
ဒီဘုန်းတော်ကြီးပညာသင်ကျောင်းတွေမှာ လိုအပ်နေတဲ့ ဒီကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက် ပြီးတော့ ကျွန်မတို့အနေနဲ့ တတ်စွမ်းသလောက် သင်ကြားရေးတွေမှာ ၀ိုင်း၀န်းကူညီ လုပ်ဆောင် နေပါတယ်။
.
-နောက်ရှေ့ဆက်ပြီးတဲ့အခါကျတော့လည်း အမျိုးသမီးနဲ့ လူငယ်တွေရဲ့ ပြန်လည်ထူထောင် ရေးမှာ Basic Business Knowledge လို့ခေါ်တဲ့ အခြေခံစီးပွားရေးအသိပညာသင်တန်းတွေနဲ့ အတူ သူတို့လုပ်ငန်းတွေ လက်တွေ့လုပ်ဆောင်ဖို့အတွက်ကိုလည်း ဒီ စစ်ကိုင်းမှာရှိတဲ့ နယ်မြေမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ထားဖို့လည်း ရည်ရွယ်ထားပါတယ်။