လက်လီအရောင်းဆိုင်တွေမှာ အသုံးများတဲ့ ဆိုင်တွင်း အခင်းအကျင်းပြင်ဆင် ပုံစံ ၅ မျိုး





အရောင်းဆိုင် Layout (ပြင်ဆင်တဲ့ပုံစံ) များနှင့် ပတ်သက်၍ သိကောင်းစရာ

ဝယ်ယူသူတွေရဲ့ ၇၆ ရာခိုင်နှုန်း (76%) ဟာ ဆိုင်ထဲကို ရောက်ရှိနေတဲ့ အချိန်မှာမှ ဘာဝယ်မယ်ဆိုတာကို ဆုံးဖြတ်ကြတယ်ဆိုတာ သင်သိပါသလား။ ဆိုင်ရဲ့ Layout (ပစ္စည်းစီစဉ်ပုံစံ) တချို့ဟာ အရောင်းမြှင့်တင်ပေးနိုင်သလို ဝယ်ယူသူရဲ့ စိတ်ဝင်စားမှုကိုလည်း ပိုမိုရရှိစေနိုင်ပါတယ်။ #LGTmyanmar , #BBKmyanmar 

တချို့ဆိုင်တွေက ဘာလို့ နွေးထွေးတဲ့ခံစားချက် (Cozy) ပေးပြီး၊ တချို့ဆိုင်တွေကကျတော့ ဘာလို့ ကျယ်ဝန်းပြီး ဖိတ်ခေါ်မှုရှိတဲ့ ခံစားချက်မျိုး ပေးနေရတာလဲဆိုတာ သင်တွေးဖူးပါသလား။ ဆိုင် Layout အမျိုးအစားတွေအကြောင်းနဲ့ အဲဒါတွေက သင့်ရဲ့ ဈေးဝယ်မှုအတွေ့အကြုံအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို သိချင်ပါသလား။

အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ လက်လီအရောင်းဆိုင် နည်းပြ (Retail Coach) နဲ့ လက်လီနှင့် e-commerce စီမံခန့်ခွဲမှု အတိုင်ပင်ခံ ဒေါက်တာ ရူပယ်လ် အာဂါဝေါလ် (Dr. Rupal Agarwal) ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆိုင် Layout အမျိုးအစား ၅ မျိုးအကြောင်းကို ဆွေးနွေးသွားမှာပါ။

လက်လီအရောင်းဆိုင်တွေမှာ သူတို့ရဲ့ အားသာချက်၊ အားနည်းချက် အသီးသီးရှိကြတဲ့ Layout အမျိုးအစား အများအပြားကို သုံးစွဲကြပါတယ်။ အသုံးအများဆုံး အမျိုးအစားတွေကတော့ 

.

၁။ ဂရစ်ပုံစံ  ပြင်ဆင်ခြင်း



ဒါကတော့ စူပါမားကတ်တွေမှာ တွေ့ရလေ့ရှိတဲ့ စင်တွေကို အတန်းလိုက်၊ အကွက်လိုက် စီထားတဲ့ ပုံစံမျိုးပါ။ လမ်းကြောင်းရှာရ လွယ်ကူစေပြီး နေရာလွတ်ကို အကျိုးရှိရှိ သုံးစွဲနိုင်ပါတယ်။ ဒီ Layout ကို ဆေးဆိုင်တွေ၊ Hardware (အိမ်ဆောက်ပစ္စည်း) ဆိုင်တွေ၊ ကုန်စုံဆိုင်တွေနဲ့ အခြေခံစားသောက်ကုန်ဆိုင်တွေမှာ အသုံးများပါတယ်။

.

၂။ ပတ်လမ်းပုံစံ ပြင်ဆင်ခြင်း



ဒီပုံစံကတော့ ဆိုင်အတွင်းမှာ စက်ဝိုင်းပုံစံ လမ်းကြောင်းတစ်ခုရှိနေပြီး အဲဒီလမ်းကြောင်းမကြီးကနေမှ အတန်းငယ်လေးတွေ ခွဲထွက်သွားတာမျိုးပါ။ ဒါဟာ ဝယ်ယူသူကို ဆိုင်ထဲမှာ လှည့်ပတ်ကြည့်ရှုချင်စိတ် ဖြစ်ပေါ်စေပြီး ပစ္စည်းအသစ်တွေကို ရှာဖွေတွေ့ရှိဖို့ တွန်းအားပေးပါတယ်။ ဥပမာ - Target လို ဆိုင်မျိုးတွေမှာ လျှပ်စစ်ပစ္စည်းကနေ အေးခဲစာအထိ ပစ္စည်းမျိုးစုံကို စနစ်တကျနဲ့ လွယ်လွယ်ကူကူ ရှာဖွေနိုင်ဖို့ ဒီ Racetrack Layout ကို သုံးပါတယ်။

.

૩။  ပစ္စည်းပြကွက်များကို လွတ်လပ်သောပုံစံ ပြင်ဆင်ခြင်း



ဒီပုံစံမှာတော့ ပုံသေကားကျ လမ်းကြောင်းတွေ မရှိပါဘူး။ ပစ္စည်းပြကွက်တွေနဲ့ နေရာချထားမှုတွေက ဝယ်ယူသူကို ဆိုင်ထဲမှာ လွတ်လပ်စွာ စိတ်ဝင်တစား လှည့်ပတ်ကြည့်ရှုနိုင်အောင် လမ်းညွှန်ပေးပါတယ်။ ဒါဟာ ပိုမိုဆွဲဆောင်မှုရှိပြီး အမြင်ဆန်းသစ်တဲ့ ဈေးဝယ်မှုအတွေ့အကြုံကို ပေးစွမ်းပါတယ်။

.

၄။ ပုံသေလမ်းကြောင်းပုံစံ ပြင်ဆင်ခြင်း



ဒီ Layout မှာတော့ အတန်းတွေနဲ့ စင်တွေကို ကြိုတင်သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း စီထားတာပါ။ ဝယ်ယူသူကို ဆိုင်ထဲမှာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း လျှောက်သွားဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး များသောအားဖြင့် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကနေ စတင်ပြီး ငွေရှင်းကောင်တာမှာ အဆုံးသတ်လေ့ရှိပါတယ်။ IKEA ပြခန်းတွေဟာ ဒီ Fixed-path Layout ကို သုံးပါတယ်။ သင်ဟာ သူတို့သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း တစ်ဖက်သတ် (One Direction) လျှောက်သွားရမှာ ဖြစ်ပါတယ်။

.

၅။ ပေါင်းစပ်ပုံစံ ပြင်ဆင်ခြင်း

                                        

                                  



ဒါကတော့ အထက်ပါ Layout အမျိုးအစား အမြောက်အမြားကို ပေါင်းစပ်ပြီး ဆိုင်ရဲ့ လိုအပ်ချက်နဲ့ ဝယ်ယူသူရဲ့ အမူအကျင့်ပေါ်မူတည်ကာ ထူးခြားတဲ့ ဈေးဝယ်မှုအတွေ့အကြုံ ရရှိအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။


နိဂုံးချုပ် လက်လီဆိုင် Layout ဒီဇိုင်းတစ်ခုစီမှာ သူ့ရဲ့ အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။ Layout ကို ရွေးချယ်တဲ့အခါ ဆိုင်ရဲ့ လိုအပ်ချက်၊ ရောင်းချမယ့် ပစ္စည်းအမျိုးအစားနဲ့ ဝယ်ယူသူတွေရဲ့ ဝယ်ယူမှုအမူအကျင့်အပေါ် မူတည်ပြီး ရွေးချယ်သင့်ပါတယ်။








Previous Post Next Post