"တီကျစ်စာ" အကြောင်းကိုရော ကြားဖူး၊ မြင်ဖူးကြပါသလား? တီကျစ်စာနဲ့ ပတ်သက်ပြီး သိထားတာလေးတွေကို Comment မှာ တစ်ချက်လောက် မန့်ပေးခဲ့ပါဦးနော်။ #LGTmyanmar , #BBKmyanmar
🤔 တီကျစ်စာဆိုတာ ဘာလဲ?
တီကျစ်စာ ဆိုတာကတော့ တီကောင်လေးတွေ အစာစားပြီး ပြန်စွန့်ထုတ်လိုက်တဲ့ "တီကောင်ချေး" ကို ခေါ်တာဖြစ်ပါတယ်။ နေရာဒေသအလိုက် တီကျစ်စာ၊ တီကောင်ချေး၊ တီကျစ်မြေဆွေး စသဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြသလို အင်္ဂလိပ်လိုတော့ Vermicompost (သို့မဟုတ်) Worm Castings လို့ ခေါ်ဆိုပါတယ်။ (အသေးစိတ်ကိုတော့ နောက်အပတ်တွေမှာ ထပ်မံရှင်းပြပေးသွားပါမယ်။)
🪱 တီကောင် အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ?
ကမ္ဘာပေါ်မှာ တီကောင်မျိုးစိတ်ပေါင်း ၇,၀၀၀ ကျော် ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် နေထိုင်မှုပုံစံပေါ် မူတည်ပြီး (၃) မျိုး ခွဲခြားနိုင်ပါတယ် -
Epigeic (Surface Dwellers) မြေမျက်နှာပြင်ပေါ်တွင် နေထိုင်သူများ။
Endogeic (Topsoil Dwellers): မြေဆီလွှာ အပေါ်ယံတွင် နေထိုင်သူများ။
Anecic (Subsoil Dwellers): မြေလွှာအောက် အနက်ပိုင်းတွင် နေထိုင်သူများ။
💡 သတိပြုရန် - တီကျစ်စာ ထုတ်လုပ်တဲ့အခါ မြေကြီးစားတဲ့ တီကောင်ထက် အစာအစိုင်အခဲနဲ့ အရွက်ဆွေးစားတဲ့ တီကောင် အမျိုးအစားကိုပဲ အသုံးပြုသင့်ပါတယ်။
မြန်မာနိုင်ငံမှာ အတွေ့များတဲ့ တီမျိုးစိတ်များ
လက်ရှိ မြန်မာနိုင်ငံမှာ တီကျစ်စာ ထုတ်လုပ်ဖို့ အသုံးများတဲ့ မျိုးစိတ်တွေကတော့ -
Indian Blue Worm
African Night Crawler
Red Worm
Tiger Worm တို့ပဲ ဖြစ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ Lesson (2) ကိုလည်း ဆက်လက် တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။ 💚