အင်းလေးရိုးရာယက်ကန်းကို ဂုဏ်ယူစရာအရင်းအမြစ်အသစ်တခုအဖြစ် ဆန်းသစ်တီထွင်ကြပါစို့


 

ညောင်ရွှေ၊ အင်းလေး ဒေသဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားသည့် ခရီးသွားနေရာတစ်ခုပါ။ အံ့သြဖွယ် ရှုခင်းတွေ၊ အရသာရှိတဲ့ အစားအသောက်တွေ၊ ရိုးရာ လက်မှုအနုပညာနဲ့ ဒေသခံတွေရဲ့ ဧည့်ဝတ်ကျေပွန်မှုကြောင့် မြန်မာပြည်ရဲ့ ကျော်ကြားတဲ့ ခရီးသွားနေရာတစ်ခုပဲ ဖြစ်ပါတယ်၊၊  #LGTmyanmar , #BBKmyanmar

.

ဒါပေမယ့် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ အင်းလေးဒေသဟာ ရေကြီးမှုဒဏ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီအခက်အခဲအတွင်း Learning and Growing Together) အစီအစဉ်ကနေ အရေးပေါ်ပစ္စည်းများနဲ့ ငွေကြေးအကူအညီတွေကို လိုအပ်ချက်အရှိဆုံး မိသားစုများထံ ပေးအပ်နိုင်ခဲ့ပါတယ်။ ဒီအပြင် LGT ကနေ အင်းလေးကန် ဒေသရှိ မိသားစု ၁၃ စုအတွက် အိမ်အသစ်တွေ ပြန်လည် ပြုပြင် တည်ဆောက်ပေးနိုင်ခဲ့တာကြောင့် မိသားစု၀◌င်တွေ မိုးမဝင်ခင် တစ်စုတစ်စည်းထဲ လုံခြုံမှု ပြန်လည်ရရှိခဲ့ပါတယ်။ 

.

အရေးပေါ်အကူအညီနဲ့ အိမ်ပြန်တည်ဆောက်ပေးတာထက် ပိုမိုကြာရှည်တည်တံ့အောင် ရက်ကန်းလုပ်ကိုင်သူများနဲ့ လက်တွဲပြီး Empower by MFT SE အမည်နဲ့ Life style ထုတ်ကုန်များကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ပထမဦးစွာ cooperate gifts လက်ဆောင်ဈေးကွက်အတွက် ချည်လက်ဆောင် အိတ် gift set များကို စတင် စမ်းသပ်ထုတ်လုပ်ခဲ့ပါတယ်။ ဒီကြိုးပမ်းမှုဟာ ရိုးရာ လက်မှုအနုပညာကို ဂုဏ်ယူဝင့်ကြွားစရာအရင်းအမြစ်တစ်ခုအဖြစ် ပြန်လည်ဖော်ထုတ်နိုင်ဖို့ စေ◌ျးကွက်အသစ်ကို ဝင်စေနိုင်ဖို့ဖြစ်ပါတယ်။ ညောင်ရွှေ၊ အင်းလေးဒေသခံတွေဟာ ရပ်တန့်မနေပဲ မိမိတို့ဒေသ ပြန်လည်ထူထောင်ရေးမှာ ခွန်အားအပြည့်နဲ့ ဆက်လက်လုပ်ဆောင်သွားကြမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။

أحدث أقدم