20 - Pomodoro Technique
Pomodoro နည်းလမ်း မှာ လူတစ်ဦးချင်းစီသည် ပျမ်းမျှ ၂၅ မိနစ် ကြာပြီးနောက် အာရုံစူးစိုက်မှု လျော့နည်းသွားကြောင်း ပြောထားသည်။
ဒီနည်းလမ်းက ၂၅ မိနစ်လုပ်ပြီး ၅ မိနစ်နားပါ။
#LGTmyanmar , #BBKmyanmar
.
21 - လုပ်ငန်းအစုလိုက်လုပ်ခြင်း
ဒီနည်းလမ်းက တူညီတဲ့လုပ်ငန်းတွေကို တစ်ခါတည်းလုပ်ပါ။
အလုပ်တိုင်းတွင် ပြီးမြှောက်ရန်အချိန်တစ်ခုလိုအပ်သည် ထို့ကြောင့် အတူညီအလုပ်များ ကို အကောင်းဆုံးလုပ်ဆောင်နိုင်ရန် နည်းလမ်းကိုရှာဖွေပါ။
.
22 - salami slice method
ဒီနည်းလမ်းက ကြီးမားတဲ့လုပ်ငန်းတွေကို အပိုင်းများခွဲပြီး လုပ်ဆောင်ပါ။
အပိုင်းတစ်ပိုင်းပြီးတာနဲ့ သင်နောက်ထပ်လုပ်ဖို့ စိတ်အားထက်သန်လာပါလိမ့်မယ်။
ဒီနည်းလမ်းသည် အချိန်ဆွဲနေသောသူများအတွက် အထူးကောင်းမွန်သည်။
.
23 - ရလဒ်ကိုမြင်ယောင်ခြင်း
သင့်ရဲ့ရည်မှန်းချက်တွေရဲ့ရလဒ်ကို မြင်ယောင်ပါ။
.
24 - Warren Buffett strategy
Warren Buffett ၏ များစွာအသုံးချသည့် 25/5 Rule ဆိုတာ ဦးစားပေးလုပ်ဆောင်ရမည့် အရာများကို သတ်မှတ်ခြင်း အတွက် အထူးသင့်တော်သည်။
သင့်၏ အလုပ်အကိုင်ဆိုင်ရာ ရည်မှန်းချက် ၂၅ ခုကို ရေးချပါ။အရေးကြီးဆုံး ၅ ခုကို သတ်မှတ်၍ ရွေးချယ်ပါ။ထို ၅ ခုကိုသာ အာရုံစိုက်၍ လုပ်ဆောင်ပါ။ ကျန်ရှိသည့် ၂၀ ခုကို လုံးဝရှောင်ရှားပါ။
ဤနည်းလမ်းသည် သင်၏ အရေးကြီးဆုံးသော ပန်းတိုင်များကို အာရုံစိုက်ရန် သေချာစေသည်။
.
25 - The Feynman Technique
Feynman နည်းလမ်းသည် ရှုပ်ထွေးသောအကြောင်းအရာများကို ရိုးရှင်းစွာ ရှင်းပြနိုင်မှသာ ထိုရှုပ်ထွေးသော အကြောင်းအရာများကို တကယ်နားလည်စေမှာဖြစ်ပါသည်။
.
26 - The 5 Whys Technique
ပြဿနာတစ်ခုကို ၅ ကြိမ်မေးပြီး အရင်းအမြစ်ကို ရှာပါ။
.
27 - The Habit stacking method
အလေ့အထထပ်ပေါင်းနည်းလမ်း
အလေ့အထ အသစ်တွေကို အဟောင်းတွေနဲ့ ဒီနည်းလမ်းက သင့်ရဲ့အလေ့အထတွေကို ထပ်ပေါင်းပါ။ မနက်ခင်း သွားတိုက်ပြီးသွားတဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ အလေ့အထအသစ် နောက်တစ်ခု အမြဲတမ်းပြုလုပ်ပါ
.
28 - Rest and Sleep
အိပ်စက်ခြင်းက သင့်ရဲ့ဦးနှောက်လုပ်ဆောင်မှုကို မြှင့်တင်ပေးပါတယ်။
.
29 - အရည်အသွေးပြည့်ဝသောအချိန်ကို ဦးစားပေးပါ
ဒီနည်းလမ်းက မိသားစုနဲ့ဆက်ဆံရေးမှာ အရေးကြီးပါတယ်။ ကလေးတွေနဲ့အတူ ကုန်ဆုံးတဲ့အချိန်ဟာ ဘယ်လောက် ကြာကြာနေတယ်ဆိုတာထက် ထိုအချိန်မှာအကျိုးရှိရှိ ဘယ်လိုအသုံးချလဲဆိုတာ ပိုအရေးကြီးပါတယ်။
.
30 - မကြာခဏ "မလုပ်ပါ" ဟုပြောပါ
တစ်ခုခုကို "လုပ်မယ်" လို့ပြောတာဟာ အခြားတစ်ခုကို "မလုပ်ဘူး" လို့ပြောတာနဲ့တူပါတယ်။
သင်သည်အရာရာတိုင်းကိုအချိန်မပေးနိုင်ပါဘူး။
သူငယ်ချင်းတစ်ယောက်ရဲ့ဖိတ်ခေါ်မှုကို "လုပ်မယ်" လို့ပြောတာဟာ သင့်ကလေးအတွက် အချိန်ပေးဖို့ ကို "မလုပ်ဘူး" လို့ပြောတာနဲ့တူပါတယ်။
.
31 - အလုပ်ကို အပိုင်းလိုက်စီမံပါ
တစ်နေ့တာကို အပိုင်းသုံးပိုင်းခွဲပြီး စီမံနိုင်ပါတယ်။
၁ . မဟာဗျူဟာမြောက်အပိုင်း - အရေးကြီးဆုံးအလုပ်တွေကို အနှောင့်အယှက်မရှိ အနည်းဆုံး ၃ နာရီပေးပါ။
၂ . ဘာဖာအပိုင်း - အီးမေးလ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေလို သေးငယ်တဲ့အလုပ်တွေအတွက်။
၃ . အနားယူအပိုင်း - အနားယူပြီး ပြန်လည်အားပြည့်ဖို့အတွက်။
.
32 - တစ်နေ့တာကို ပုံစံသတ်မှတ်ပါ
တစ်နေ့တာကို ပုံစံသတ်မှတ်တာဟာ တစ်နေ့ကို တစ်ခုတည်းသောလုပ်ငန်းကို အာရုံစိုက်ပြီး အခြားအရာတွေကို လျစ်လျူရှုတာပါ။ဥပမာ တနင်္လာနေ့မှာ စီမံခန့်ခွဲမှုဆိုင်ရာအလုပ်တွေလုပ်ပြီး သောကြာနေ့မှာ ဖောက်သည်တွေနဲ့သာတွေ့တာမျိုးပါ။
.
33 - ဆုံးဖြတ်ချက်များပြားခြင်းကို ရှောင်ပါ
တစ်နေ့တာမှာ ဆုံးဖြတ်ချက်တွေအများကြီးမလုပ်ပါနဲ့။ဘာဝတ်ရမလဲ၊ ဘာစားရမလဲဆိုတာလို ဆုံးဖြတ်ချက်တွေကို လျှော့ချပါ။
ဒါမှ ပိုအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက် စိတ်အားထားရှိနိုင်မှာပါ။
.
34 - နေ့စဉ်လုပ်ရိုးလုပ်စဉ်ရဲ့အစွမ်း
နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုကို ဘဝရဲ့အရာအားလုံးအတွက် ထားရှိပါ။ တစ်ပတ်လုံး စားသောက်မှုနဲ့ လေ့ကျင့်ခန်းကို ဂရုစိုက်ပြီး စနေတနင်္ဂနွေမှာ ဖျက်ဆီးမိတာမျိုးကို ရှောင်ပါ။
တစ်သမတ်တည်းဖြစ်တဲ့လုပ်ရိုးလုပ်စဉ်က ကောင်းတဲ့အလေ့အထတွေကို တည်ဆောက်ပေးပြီး စိတ်အားထက်သန်မှုကို လျှော့ချပေးနိုင်ပါတယ်။
.
35 - ဒီဂျစ်တယ်ပစ္စည်းများမှ အနားယူခြင်း
ဒီဂျစ်တယ်ပစ္စည်းတွေကနေ ခဏခွာပြီး အနားယူပါ။ ဒါက စိတ်ရှုပ်ထွေးမှုတွေကို လျှော့ချပေးပြီး ပြန်လည်အားပြည့်စေကာ အလုပ်ကို ပိုအာရုံစိုက်နိုင်စေပါတယ်။
.
36 - သင့်အနာဂတ်ကိုယ်တိုင်ကို လေးစားပါ
သင့်အနာဂတ်ကို ကျေးဇူးတင်စေမယ့်ရွေးချယ်မှုတွေကို လုပ်ပါ။ ဆုံးဖြတ်ချက်မချခင်မှာ ဒါက သင့်အနာဂတ်ကိုယ်တိုင်ကို အထောက်အကူဖြစ်စေမလားလို့ မေးပါ။ အကူအညီမဖြစ်ရင် မလုပ်ပါနဲ့။
.
37 - Spotlight Effect ကိုနားလည်ပါ
လူတွေဟာ သင့်ရဲ့လုပ်ရပ်တိုင်းကို သတိထားမိနေတယ်လို့ မထင်ပါနဲ့။ သင့်ကိုယ်သင် သက်တောင့်သက်သာရှိပါစေ။ ဒီအသိက သင့်ကို စိုးရိမ်ပူပန်မှုတွေလျှော့ချပြီး အလုပ်တွေကို ပိုအာရုံစိုက်နိုင်စေပါတယ်။
.
38 - The ulysses pack
အနာဂတ်မှာ တစ်ခုခုလုပ်ဖို့ လက်ရှိမှာ ရွေးချယ်မှုတစ်ခုလုပ်ပါ။ ဥပမာ TikTok ကို ဖုန်းကဖျက်တာ၊ လစာထဲကနေ အလိုအလျောက်ငွေချွေတာတာမျိုးပါ။
.
39 - တစ်ပတ်ကိုကြိုတင်စီမံပါ
တစ်ပတ်မစခင် သင့်ရဲ့ ၁၆၈ နာရီကို ဘယ်လိုသုံးမလဲဆိုတာ စီစဉ်ပါ။ သင့်ရဲ့ရေရှည်ပန်းတိုင်တွေနဲ့ ကိုက်ညီအောင် စီစဉ်ပါ။
.
40 - မှတ်စုစာအုပ်အမြဲဆောင်ထားပါ
ပြဿနာတွေကို အဖြေရှာဖို့ သင်ရဲ့ မသိစိတ်က အမြဲအလုပ်လုပ်နေတာကြောင့် ကိုယ်တိုင်မမျှော်လင့်ထားတဲ့ အဖြေတွေက ပေါ်လာတတ်ပါတယ်။
ဒါကြောင့် မှတ်စုစာအုပ်ဆောင်ထားပြီး အဖြေတွေကို ချရေးထားပါ။
ဒီနည်းလမ်းတွေကို အသေးစိတ်ရှင်းပြထားတဲ့ ဗီဒီယိုတွေကို စိတ်ဝင်စားရင် ကြည့်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။