ဘားကုဒ်တွေ ဘယ်လိုအလုပ်လုပ်သလဲ Part (1)


လူတိုင်းနီးပါတွေ့ဖူးတဲ့ စူပါမားကတ်များ၊ စတိုးဆိုင်များ နှင့် ကုန်စုံဆိုင် တိုင်းနီးပါမှာ အမည်းရောင်မျဥ်ကြောင်းများနဲ့ နံပါတ်ပါဝင်သော barcode များ၏ အလုပ်လုပ်ပုံ သိချင်ကြမယ်ထင်ပါတယ်။ Barcode- ဆိုသည်မှာ အလင်းဖြင့်ထိုးပြီး စက်ဖြင့် ဖတ်နိုင်သော အချက်အလက်ဖြစ်သည် ။ယနေ့မှာတော့ ဘားကုတ် ကို scan ဖတ်တာနဲ့ ပစ္စည်းတန်ဖိုးနှင့် ပစ္စည်းအရေအတွက် တွက်ချက်ပေးပြီး  လွယ်တယ် လျှင်မြန်သောကြောင့် ပိုမိုသုံးစွဲလာကြပါသည်။ #LGTmyanmar, #BBKmyanmar

.

ဘားကုဒ်တွေ ဘယ်လိုအလုပ်လုပ်သလဲ Part (1) မှာ 

  • ဘားကုဒ်ဆိုတာဘာလဲ
  • 1D barcodes 
  • 2D barcodes 
  • Barcode ဖန်တီးခြင်း
အကြောင်းအရာများ ပါဝင်ပါသည်။

ဘားကုဒ်ဆိုတာဘာလဲ။ 

ဘားကုဒ်တစ်ခုသည် အခြေခံအားဖြင့် တိကျသောအချက်အလက်တစ်ခုစီကို ကိုယ်စားပြုသည့် မတူညီသောအမျဥ်းများဖြစ်သည်။ ကျွန်တော်တို့သည် ဘားကုဒ်များကြည့်တဲ့အခါ။ ဘားကုဒ်လိုင်းများက မတူညီမျည်းကြောင်းများလို့ ထင်ရသော်လည်း ဘားကုဒ် တို့၏ ဘာသာစကားတစ်ခုဖြစ်သည်။ ဘားကုဒ်များသည် visual ပုံစံ ဒေတာကုဒ်ပြုထားပြီး scanner စက်များဖြင့် လွယ်ကူစွာဖတ်နိုင်သည်။ 

.

ဘားကုဒ်များ၏ ဒေတာများသည် စျေးနှုန်းများထုတ်လုပ်သူ နှင့် ထုတ်လုပ်သည့်နေရာ ထုတ်လုပ်ထားသည့်အရေအတွက်များ ထုတ်ကုန်ပစ္စည်းများ အချက်အလက်များကို အသေးစိတ် သိမ်းဆည်းဖော်ပြထားနိုင်သော အာမခံကုဒ်များဖြစ်သည်။ နံပါတ်ဘားကုဒ်များသည် အမျိုးအစားတစ်ခုထဲအတွက်မဟုတ်ပါ။ တခြား အမျိုးအစားများစွာတွင် အသုံးပြု လွယ်ကူစေရန်ထုတ်လုပ်ခြင်းဖြစ်သည်။ အဓိကဘားကုဒ် နှစ်မျိုးမှာ တစ်ဖက်မြင် ဘားကုဒ် (1D one-dimensional Barcode) နှင့် နှစ်ဖက်မြင် ဘားကုဒ်(2D two-dimensional Barcode)  နှစ်မျိုးရှိသည်။

.


1D barcodes 


တစ်ဖက်မြင် ဘားကုဒ်များသည်  အချက်အလက်များကို ဒေါင်လိုက်လိုင်းများဖြင့်သိမ်းဆည်းပြီး စူပါမားကတ်များ နှင့် ၂၄ နာရီ စတိုးဆိုင်များတွေ့ရမည်။ UPC (Universal product code) သည် စံနမူနာ တစ်ခုဖြစ်လာသည်။ 1D ဘားကုဒ်များ ဒေတာများကို အကန့်အသတ်ဖြင့် လက်ခံထားနိုင်ပြီး များသောအားဖြင့် database entry ကိုက်ညီသော ဂဏန်းအနည်းငယ်၊ ထုတ်ကုန် နှင့် ပတ်သက်သော အသေးစိတ်အချက်များကိုသာ ထည့်သွင်းသည်။

.

2D barcodes. 


2D bracodes သည် pattern များ  အစက်ပုံစံနှင့် ဖော်ပြသည်။ နမူနာအနေနဲ့ QR ကုဒ်သည် QR (Quick-response) ဖြစ်သောကြောင့် လျင်မြန်ပြီး အချက်အလက်များစွာကို သိမ်းဆည်းနိုင်သည်။ နံပါတ်များနှင့် စာသားများကိုပါ သိမ်းထားနိုင်တာကြောင့် အသုံးများပါသည်။

.

QR ကုဒ်များသည် scan ဖတ်လိုက်ရုံဖြင့် website များကို contact ဖြစ်သွားပြီး။ ထို့နောက် စျေးဆိုင်များ၊မုန့်ဆိုင်းများ တွင်လဲ ‌‌‌ငွေပေးချေနိုင်ပါသည်။ QR code များသည် ပြောင်းလွယ်ပြင်လွယ် ဖန်တီးအသုံပြုရတာလွယ်ကူသောကြောင့် စျေးကွက်များ နှင့် စာရင်းများ စီမံခန့်ခွဲနိုင်မှုကြောင့် လူသုံးများလာသည်။

.

Barcode တွေကို ဘယ်လိုဖန်တီးသလဲ။

ဘားကုဒ် တွေက နံပါတ်တွေနဲ့ စာလုံးတွေကို ပုံစံတစ်မျိုးနဲ့ ဖော်ပြတဲ့ စနစ်ပါ။ ဘား ကုဒ်  Software များသည် ကိန်းဂဏန်းများကို 1D barcode နှင့် 2D barcode အဖြစ် ပြောင်းလဲပေးပြီး UPC ကုဒ်တစ်ခုတွင် ထုတ်ကုန် နှင့် ထုတ်လုပ်သူအား ဖော်ပြနိုင်သည့် ဂဏန်း 12 လုံးပါရှိသည်။ ဂဏန်း 12 ကို မျဉ်းဘားအဖြစ် ပြောင်းလဲပြီး တခြားတူတဲ့သူမရှိတဲ့ unique ဘားကုဒ် အဖြစ်ဖန်တီးပါတယ်။ သီးသန့်ပြုလုပ်ထားသော ဘားကုဒ်များကို ထုတ်ကုန်များဖြင့် ချိတ်ဆက် အသုံးရသည်။

.

ဘားကုဒ် ဂဏန်းများကို မည့်သို့ထုတ်လုပ် အသုံးပြုရမည်ကို GS1 လို အဖွဲ့အစည်းများရဲ့ စံသတ်မှတ်ချက်များကို လိုက်နာပြီ ဖန်တီးထုတ်လုပ်ပါသည်။ ကုမ္ပဏီ များကို ထုတ်ကုန်အမျိုးအစားပေါ် မူတည်ပြီး သတ်မှတ်ထားသော  စံနှုန်းကိန်းဂဏန်းများကိုသုံးပြုရမည်။ ထို့နောက် barcode genetrator က ဒီစံနှုန်းကိန်းဂဏန်းများပေါ်မူတည်ပြီးနောက်ဆုံးမှာ ပုံအဖြစ်ထုတ်ပေးပါတယ်။

.

ဘားကုဒ်တွေ ဘယ်လိုအလုပ်လုပ်သလဲ Part (2)




Previous Post Next Post