ပို့ကုန် ဗောက်သီး(သို့) ဖောင်ဖောင်သီး စိုက်ပျိုးရေး


  • ကျွန်တော်တို့ ရင်းနှီးပြီးထူးဆန်းတဲ့ အသီးအနှံတွေကို ရိတ်သိမ်းဖို့ တောင်အမေရိကားကို ရောက်ရှိနေပါပြီး။ အဲ့ဒီ အသီးအနှံ နာမည်ကို သိလိုလို မသိသလိုလိုဖြစ်နေမယ်ထင်ပါတယ်။ :D
  • ကျွန်တော်တို့ ကတော့ ဗောက်သီး ဖောင်ဖောင်သီး ခေါ်ဝေါ်ကြပြီး တချိုကတော့ ရွှေဘယ်ရီသီးလို့ ခေါ်ကြသည်။ အဝါရောင်မှ လိမ္မော် အကြားရှိပြီး အသီးအမှည့်ချိန်တွင် ချုမြိန်ပြီး အရသာမှာ စပျစ်သီး သို့မဟုတ် ခရမ်းချဥ်သီးကဲ့သို့ အရသာရှိပြီး အရောင်းအားအကောင်းသော အသီးအနှံ ပို့ကုန်ဖြစ်လာသည်။#LGTmyanmar , #BBKmyanmar
  • ကိုလံဘီယာရှိ ဗောက်သီး ဖောင်ဖောင်သီးစိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုးလည်းဖြစ်သည်။ ဗောက်သီး ဖောင်ဖောင်သီးသည်  ပီရူး အီကွေဒေါနှင့် ကိုလံဘီယာနိုင်ငံတို့မှ ပေါက်ဖွားလာသော တောင်အမေရိကအပင်ဖြစ်သည်။
  • ကြီးထွားမှုအစောပိုင်းအဆင့်တွင်  ပိုးမွှားများရန်မှ ကာကွယ်အရေးကြီးပါသည်။
  • အပင်များ အမြန်ဆုံးကြီးထွားစေရန် မြေသြဇာများကို ထည့်သွင်းပေးပါ။
  • ဗောက်သီး ဖောင်ဖောင်သီးသည် အပင်သည် အပူပိုင်းဒေသနှင့် သမပိုင်းဒေသများအတွက် စိုက်ပျိုးရန် သင့်လျော်သည်။
  • အသင့်တော်ဆုံးအပူချိန်မှာ 13-18'C မှဖြစ်ပြီး ၎င်းတို့သည် နှင်းခဲရာသီဥတုများကို သည်းမခံနိုင်ပါ။
  • ၎င်းသည် အမြင့် 1-1.6 မီတာအထိရှိပြီး အကိုင်းအခက်များမှာ ပြန့်ကျဲနေသည်။
  • ထို့ကြောင့် ပြန့်ကျဲနေသော ဗောက်သီး ဖောင်ဖောင်သီးများကို ကြိုးများဖြင့် ချိတ်စပ်ထားသည်။ ရွှေဘယ်ရီသီးသည် ၆ လခန့်သာ ရင့်မှည့်ရန်ကြာပြီး  အသီးသီးလာပြီး တစ်နှစ်ပတ်လုံး အသီးများ သီးသည်။
  • အစက်ချရေသွင်းစနစ် ကို အသုံးပြုပါသည်။ 
  • အပင်ငယ်သည်လဲ အသီးများသီးတတ်သည်။ ရိတ်သိမ်းချိန်တွင် လက်ဖြင့် ကောက်ခြင်း သို့မဟုတ် ကတ်ကြေးအသုံးပြုခြင်းဖြင့်ရိတ်သိမ်းကြသည်။  
  • ပျက်စီးနေသော အသီးအနှံများကို စစ်ဆေးပြီး ထုပ်ပိုးခြင်းအဆင့်မှ နိုင်ငံခြားသို့ တင်ပို့ရောင်းချပါသည်။

Previous Post Next Post