Barcode Scanner ဘယ်လိုအလုပ်လုပ်သလဲ ?
ယခု Scanner များ အလုပ်လုပ်ပုံကို လေ့လာကြည့်ကြပါစို့။ Scanner များသည် ဘားကုဒ်များ အပေါ်သို့ လေဆာ (သို့မဟုတ်) LED အလင်းတစ်ခု ထုတ်လွှတ်လိုက်သည်။ အလင်းသည် ဘားကုဒ်ကို ထိမှန်ပြီး အနက်ရောင်ဘားများ နှင့် အဖြူကွက် ထင်ဟပ်စေသည်။ Scanner ကိရိယာသည် အလင်းပြန်မှုကို ထောက်လှမ်းပြီး ဒေတာ အချက်အလက်များအဖြစ် ပြောင်းလဲပေးသည်။ #LGTmyanmar, #BBKmyanmar
.
Scanner Software များသည် ကုဒ်လုပ်ထားသော ဒေတာ အနက်ရောင် နှင့် အဖြူ ကုဒ်များကို အနက်အဓိပ္ပါယ် ဖော်နိုင်သည့် ဆော့ဖ်ဝဲဖြစ်သည်။ ဘားကုဒ်များကို Scan ဖတ်ချိန်မှာ စက္ကန့်ဖြင့် သာကြာမြင့်ပြီး ဖတ်လို့ရတဲ့ စာသားအဖြစ် ပြောင်းလဲပေးပါသည်။ Scan များသည် ဘားကုဒ်များမှ ဒေတာ ပစ္စည်းတန်ဖိုး၊ ပစ္စည်းအရေအတွက် နှင့် ထုတ်ကုန်၏ အသေးစိတ်အချက်အလက်များကို လျင်မြန်စွာသိရှိစေမှာဖြစ်ပါတယ်။
.
တစ်ဖက်မြင် ဘားကုဒ်များ ခေါ် UPC( Universal Product code )
UPC ခေါ် Universal Product code ကိုလေ့လာကြရအောင်
UPC သည်အသုံးအများဆုံးဘားကုဒ်အမျိုးအစားဖြစ်ပါတယ်။ UPC ၏ ကိန်းဂဏန်း 12 လုံးကို အပိုင်းများခွဲခြားထားသည်။ ပထမ ဂဏန်းခြောက်လုံးသည် ထုတ်လုပ်သူ company ကို ကိုယ်စားပြုသည်။ နောက်ထပ် ဂဏန်းငါးလုံးသည် ထုတ်ကုန်၏ တိကျသော အမှတ်အသားဖြစ်ပြီး နောက်ဆုံးဂဏန်းမှာ ထုတ်ကုန်အရေအတွက်ဖြစ်သည်။
.
checksum သည် ပါဝင်သော ကိန်းဂဏန်းများ မှန်ကန်မှု ရှိမရှိ စစ်ဆေးရာမှာ ကူညီပေးပါသည်။ Scan ဖတ်ခြင်းလုပ်ငန်းစဥ်တွင် အမှားအယွင်းများရှိခဲ့လျှင် checksum သည် ညွှန်ပြသည်နှင့် မကိုက်ညီပါက ဘားကုဒ်များသည်လဲ မှန်ကန်စွာ မဖော်ပြနိုင်ပါ။ ဤလုပ်ဆောင်မှုသည် ငွေရှင်းချိန်တွင် မှန်ကန်သောအချက်အလက်များကို အမြဲတမ်းလုပ်ဆောင်ကြောင်း သေချာစေရန် အမှားအယွင်းဖြစ်နိုင်ခြေကို လျှော့ချပေးသည်။
.
နှစ်ဖက်မြင် ဘားကုဒ် : QR ကုဒ်များ အလုပ်လုပ်ပုံ
QR ကုဒ်များ အလုပ်လုပ်ပုံ
QR ကုဒ်များသည် အနည်းငယ်ကွဲပြားပြီး ဒေါင်လိုက်နှင့် အလျားလိုက် နှစ်ခုစလုံးတွင် အချက်အလက်များကို သိမ်းဆည်းထားသောကြောင့် QR ကုဒ်များ UPC ဘားကုဒ်များထက် အချက်အလက်များစွာကို ပိုမိုသိမ်းဆည်းထားနိုင်သောကြောင့် ဖြစ်သည်။
.
QR ကုဒ် ၏တစ်စိတ်တစ်ပိုင်း ပျက်စီးနေသာ်လည်း ကုဒ်များကို မှန်ကန်စွာ Scan ဖတ်နိုင်သေးသည်။ QR ကုဒ်များ ကို ဖုန်းကင်မရာ သို့မဟုတ် Scanner ဖြင့် လွယ်ကူ ရိုးရှင်းစွာ အသုံးပြုနိုင်သည်။ QR ကုဒ်များတွင် scanner သည် မည်သည့်ထောင့်မှ မဆို ကုဒ်ကို တိကျစွာဖတ်ရန် ကူညီပေးသည့် ချိန်ညှိမှု များလည်း ပါရှိသောကြောင့် ဘားကုဒ်များကို လက်မှတ်ရောင်းချခြင်း မှ စျေးကွက်ရှာဖွေးခြင်းအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်။
.
ဘားကုဒ်စံနှုန်းများနှင့် စည်းမျဉ်းများ
GS1 အဖွဲ့အစည်းမှ သတ်မှတ်ထားသော ဘားကုဒ် စံနှုန်းများကို အတိကျလိုက်နာရမည်။ ဘားကုဒ်များကို တိကျသော စံနှုန်းများကြောင့် ကမ္ဘာအနှံ့ ပြဿနာများမရှိဘဲ လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်သည်။ GS1 သည် ထုတ်ကုန်များတွင် ပြဿနာများ မရှိစေရန် ထုတ်ကုန်တစ်ခုစီအတွက် သီးခြားကုဒ် နံပါတ်ပေးများထုတ်ပေးသည်။ နိုင်ငံတစ်နိုင်ငံတွင် ဘားကုဒ်သည် တစ်ခုထဲရှိပြီး ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူရာတွင်ပြဿနာမရှိဘဲ ဝယ်ယူနိုင်ပြီး ထိုဘားကုဒ် အခြားနိုင်ငံတစ်ခုတွင် scanဖတ်နိုင်သည်။
.
ဘားကုဒ်များ၏ကန့်သတ်ချက်များ
.
1D ဘားကုဒ်များသည် အချက်အလက်နည်သော company များတွင် အသုံးပြုနိုင်ပြီး ထည့်ချင်သော အချက်အလက်များတယ်ဆိုရင် 2D သို့ အခြား code ကို အသုံးပြုရမည်ဖြစ်သည်။ 1D ဘားကုဒ်များကို Scan ဖတ်ရန် မြင်သာသောနေရာထားရှိရမည်ဖြစ်ပြီး ဆိုလိုသည်မှာ ဘားကုဒ်တွင် ညစ်နွမ်းခြင်းသို့မဟုတ် ထိခိုက်မှုများရှိပါက Scan ဖတ်ခြင်း လုပ်ငန်းကို အနှောက်ယှက်ဖြစ်သည်။ QR ကုဒ်ကတော့ ပုံအစိတ်အပိုင်း အနည်းငယ်ပျက်နေရင်တောင် ဖတ်လို့ရပါသည်
.
ဘားကုဒ်နည်းပညာ၏အနာဂတ်
ဘားကုဒ်နည်းပညာများသည် အလွန်အမင်း တိုးတက်လာသည်။
QR ကုဒ်များကို marketing၊ ငွေပေးခြေမှုများ ၊ Logistics များ နှင့် ဆိုရှယ်မီဒီယာများအတွက် တွင်ကျယ်စွာ အသုံးပြုလာကြသည်။ အချို့သော ကုမ္ပဏီ scanner's line ရှိသော ဘားကုဒ်များနှင့် မတူပဲ RFID ရေဒီယိုကြိမ်နှုန်းဖြင့် နည်းပညာဖြင့် wireless နည်းပညာကို အသုံးပြုပြီး inventory စစ်ဆေးနိုင်သည်ထိ အသုံးပြုနိုင်ပါသည် နောက်ထပ်ပေါ်ထွက်နေသော နည်းပညာမှာ ဘားကုဒ်များမပါဘဲ အရာဝတ္ထုများ၏ image မှတ်သားပြီး ဒေတာများကို သိနိုင်လာပြီးဖြစ်သည်။
.
နိဂုံး
ဘားကုဒ်များသည် ကျွန်တော်တို့ နေစဥ်ဘဝတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်လာပြီး စျေးဝယ်ခရီးစဉ်များကို ချောမွေ့စေခြင်းမှ ဂိုဒေါင်စာရင်းကို အထိဖြစ်သည်။ ဘားကုဒ်များသည် လွယ်ကူ၊ ရိုးရှင်း၊ လျင်မြန်ပြီး အချိန်ကုန်သက်သာကြောင့် ဘားကုဒ် သုံးစွဲမှုများသည် အရိုန်အဟုန်ဖြင့်တိုးတက်လာပါသည်။ ဘားကုဒ် ကြီးမားသောအကျိုးသက်ရောက်မှုရှိသော ရိုးရှင်းသောကိရိယာလေးတစ်ခုဖြစ်သည်။