Nestle ကော်ဖီကို အဆင့်ဆင့် ဘယ်လို ထုတ်လုပ်သလဲ? Part (3)


  

ကော်ဖီထုတ်လုပ်ခြင်း အပိုင်း ၃ မှာတော့ 

  1. အရသာ စမ်းသပ်ခြင်း
  2. လှော်ခြင်းလုပ်ငန်းစဉ်
  3. အမှုန့်ပြုလုပ်ခြင်း 
  4. လေမှုတ်အခြောက်ခံခြင်း
  5. အေးခဲအခြောက်ခံခြင်း
  6. ရေငွေ့ပြန်စေခြင်းလုပ်ငန်းစဉ် 
  7. ထုတ်ပိုးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းပြပေးထားပါတယ် 

#LGTmyanmar , #BBKmyanmar
.

အရသာ စမ်းသပ်ခြင်း

ကော်ဖီစေ့များမလှော်ခင်မှာ စမ်းသပ်မှုကို အောင်မြင်ရမည်ဖြစ်သည်။ တိကျသောစံနှုန်းများနှင့် ကိုက်ညီတဲ့ ကော်ဖီဖြစ်လာစေဖို့ အရသာခံသူမျာသည် တစ်နေ့လျှင် ကော်ဖီခွက် 100 အထိ စမ်းသပ် မြည်းစမ်းကြသည် ကော်ဖီလောကတွင် မကောင်းတဲ့ ကော်ဖီစေ့သည် ခွက်တစ်ခုလုံးကို ပျက်စီးစေနိုင်သောကြောင့် ကျွမ်းကျင်သူများသည် အနည်းငယ်မျှသော အရသာကွဲပြားမှုများကိုပင် ရှာဖွေတွေ့ရှိနိုင်ရမည်ဖြစ်သည်ဒီစမ်းသပ်မှုက တိကျတဲ့ စိတ်ရှည်သည်းခံမှုနဲ့ ကော်ဖီကို နက်ရှိုင်းစွာ ချစ်မြတ်နိုးဖို့ လိုအပ်တဲ့ အလုပ်တစ်ခုပါ။

.

လှော်ခြင်းလုပ်ငန်းစဉ်

 ကော်ဖီစေ့များသည် အရသာစမ်းသပ်မှု အောင်မြင်ပြီးသည်နှင့် လှော်ခြင်းလုပ်ငန်းစဉ်သို့ ထပ်မံလုပ်ဆောင်ကြသည်။  ဤနေရာမှာ ကော်ဖီရဲ့ အမှတ်အသားဖြစ်သော အနံ့ နှင့် အရသာတို့ကို ဖော်ထုတ်သည့်နေရာဖြစ်သည်။ ကော်ဖီစေ့များကို အပူချိန် 370 မှ 540°F အကြား အပူပေးထားသော စက်မှုလုပ်ငန်းသုံး နှစ်ထပ်လှည့်ဒလတ် ထဲသို့ ထည့်သည်။ စက်ကြီးများအတွင်း၌   ကော်ဖီစေ့များကို အဆက်မပြတ် ရွေ့လျားစေပြီး လိုချင်တဲ့ အရသာပေါ်မူတည်၍ အပူမများစေပဲ အညီအမျှ  ၈ မိနစ်မှ မိနစ် ၂၀ အထိ လှော်ပေးရပါတယ် လှော်ချိန်ဟာ ကဖိန်းဓာတ်အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိပါတယ်။ 

.

လှော်ချိန်နည်းတဲ့အခါ ကဖိန်းဓာတ် ပိုများလာသည်။ ဆန့်ကျင်ဘက်အားဖြင့် ပိုမိုကြာရှည်စွာ လှော်ထားသည့် အနက်ရောင်အစေ့များသည် ကဖင်းဓာတ်နည်းသော်လည်း အရသာပိုပြင်းသည်။ ကော်ဖီစေ့များကို လှော်ပြီးပါက အောက်ဘက်မှ လေကို ပြင်းပြင်း ပန်ကာဖြင့် မှုတ်ပေးသည့် အအေးခံဗန်းကြီးထဲသို့ လောင်းထည့်လိုက်သည် ။ လှည့်နေတဲ့ အအေးခံစက်မှာ ကော်ဖီစေ့မှာ လှည့်ပတ်ကာ ၅ မိနစ်မှ ၁၀ မိနစ်ခန့် ကြာပါတယ်။

.

အမှုန့်ပြုလုပ်ခြင်း

ကော်ဖီစေ့များကို အအေးခံပြီးသည်နှင့် ကော်ဖီမှုန့်အဖြစ် ပြောင်းလဲပေးသည့် စက်ထဲသို့ အလိုအလျောက် ထည့်မည်ဖြစ်သည်။  အမှုန့်ကို ရေနွေးငွေ့နှင့် ဖိအားကို အသုံးပြု၍ အားပြင်းသော ကော်ဖီထုတ်ယူသည့် အရည်အဖြစ်သို့ ထုတ်လုပ်သည်။ ဤနေရာမှ အရည်ထုတ်ယူမှုသည် အခြောက်ခံသည့်နည်းလမ်း နှစ်ဖြစ်သည်  Nescafe Originals classic granules ကိုဖန်တီးရန်  အတွက် spry dried သို့မဟုတ်  premium texture and flavor  of Nescafe  Gold ကို ရရှိဖို့ freeze-dried ဆိုပြီး ၂ မျိုးရှိပါသည်။

.

လေမှုတ်အခြောက်ခံခြင်း

လေမှုတ်အခြောက်ခံနည်းတွင် Spray Drying အရည်ကော်ဖီထုတ်ယူမှုသည် ဤကြီးမားသေလေမှုတ်စက်ထဲသို့ ၀င်ရောက်သည်  ထုတ်ယူမှုကို အတွင်းပိုင်းရှိ ဖိအားမြင့် ရေမှုန်ရေမွှားများမှတစ်ဆင့် သေးငယ်သွားအောင်ပြုလုပ်ပြီး 1,000°F တွင် လောင်ကျွမ်းနေသော လေပူများကို ထွက်စေပြီး တစ်နာရီ မိုင် 400 နှုန်းဖြင့် လည်ပတ်ပါသည်လက်ကျန်ကော်ဖီအမှုန်အမွှားများမှ အစိုဓာတ်ကို ချက်ချင်းအငွေ့ပျံပြီး အောက်ခြေတွင် အနည်ထိုင်နေပြီး အသင့်သောက် ကော်ဖီမှုန့် ဖြစ်လာပါပြီ။

.

Nescafe gold ရရှိဖို့ အတွက် လုပ်ငန်းစဉ်သည် Freeze Drying နည်းလမ်းက ပိုမိုဆန်းသစ်ပြီး ကော်ဖီ၏ အနံ့အရသာပြည့်စုံစေပါတယ် လုပ်ငန်းစဉ်စတင်ရန် ပျစ်ခဲသောအရည်ဖြစ်သွားစေတဲ့အထိ အပူပေးပြီး conveyer  30 မီတာ အအေးခန်းခန်းမအတွင်း ယူဆောင်ပြီးနောက် အနှုတ် 58° F ဖြင့် အေးခဲသွားကာ ကြွယ်ဝသော ရနံ့များအားလုံးကို ထိထိရောက်ရောက် ထိန်းပေးထားနိုင်သည် ။ 30 မီတာ အအေးခန်း၏ တစ်ခုလုံးက ကော်ဖီရေခဲပုံစံရှည်နှင့် ဆင်တူနေပါသည်။ ထို့နောက် လှည့်ပတ်နေသော ဓါးစက်များထဲမှာ ခဲနေတဲ့ ကော်ဖီတွေကို သေးငယ်သော ကော်ဖီမှုန့်များအဖြစ်သို့ ခွဲထုတ်လိုက်သည် ။ 

.

ရေငွေ့ပြန်စေခြင်းလုပ်ငန်းစဉ်

နောက်တစ်ခုကတော့ အေးခဲထားတဲ့ ကော်ဖီစေ့တွေကို Sublimation က Sublimation လို့ခေါ်တဲ့ နောက်ဆုံးအဆင့်ကို ဖြတ်သန်းပါတယ်။ ဤအဆင့်တွင် အေးခဲထားသော ကော်ဖီစေ့များကို ဖိအားပေးတဲ့စက်ထဲသို့ မထည့်မီ ဗန်းများနှင့် ဆင်တူသော အထပ်ထပ်ရှိတဲ့ အရွက်ကြီးများပေါ်တွင် ထားရှိပါသည်။  ဖိအားပေးတဲ့စက်ထဲတွင် Frozen granules များကို အပူချိန် 140°f ဖြင့် 5 နာရီကြာ အပူပေးသည်။   ဤတိကျသောအပူချိန်နှင့် ဖိအားနည်းသောပတ်ဝန်းကျင်သည် ကော်ဖီမှုန့်များ အတွင်းရှိကျန်ရှိသော Frozen အစိုဓာတ်ကို အငွေ့အဖြစ်သို့ တိုက်ရိုက်အသွင်ပြောင်းသွားပါသည်  ထို့နောက် အတွင်းပိုင်းလေဟာနယ်တစ်ခုက အငွေ့ကို ဖယ်ထုတ်ပြီး ကော်ဖီ၏ ကြွယ်ဝသော အရသာကို ထိန်းသိမ်းကာ ခြောက်သွေ့သော granules များကို ချန်ထားခဲ့သည် အခြောက်ခံပြီးသည်နှင့် ထုပ်ပိုးရန် အသင့်ဖြစ် အခန်းအပူချိန်တွင် လုံးဝတည်ငြိမ်နေပြီး သင်၏နောက်ထပ် အရသာရှိသော ကော်ဖီခွက်ထဲသို့ထည့်ဖျော်လို့ရပါပြီး  

.

ထုတ်ပိုးခြင်း

ကော်ဖီမှုန့်များကို ထုပ်ပိုးသည့်နေရာသို့ ပေးပို့ပြီး သိုလှောင်အိတ်ကြီးများတွင် သိမ်းဆည်းပြီး ပုလင်းမျာထဲကို ဖြည့်ရန်အတွက် conveyor belt သို့ ပေးပို့သည်။ အိုးများသည် လမ်းကြောင်းတစ်လျှောက် တုန်ခါနေသကဲ့သို့ ၎င်းတို့သည် တစ်စက္ကန့်ထက်မနည်းပင် ပြည့်သွားသည်။ Nescafe စက်ရုံအချို့သည် တစ်မိနစ်လျှင် ပုလင်း 320 သို့မဟုတ် ထို့ထက်ပို၍ သို့မဟုတ် တစ်နေ့လျှင် ပုလင်း 250,000 ဖြည့်နိုင်သည်  ပုလင်း ကို အလုံပိတ်ပြီးတာနဲ့ Nescafe လုံပိတ်ထားပြီး ဗူးကို တံဆိပ်ခတ်ပြီး စတိုးဆိုင်များသို့ ပို့ဆောင်ရန် အဆင်သင့်ဖြစ်နေပါပြီ။   




Previous Post Next Post