ပျားဘုရင်မအတွက် ပျားလုပ်သားများက သီးသန့် ထုတ်လုပ်သည့် ဂျယ်လီတစ်မျိုးကို တော်ဝင်ပျားရည်ဆီ ဟု ခေါ်သည်။ Royal Jelly သည် စေးကပ်သည်၊ အဖြူရောင် နှင့် နို့ခရင်မ်ရည် ပုံစံ ရှိသည် ။ Royal Jelly သည် ပျားအုံ၏ စူပါအစားစာဟု လူသိများပြီး ပျားရည်ထက် အဆ ၂၀ အာဟာရပိုရှိသည်။ #LGTmyanmar , #BBKmyanmr
.
ပျားဘုရင်မများသည် လုပ်သားပျားများထက် အဆ ၅၀ အသက်ပိုရှည်သည်။ သို့သော် သိပ္ပံနည်းကျ အထောက်ထားမရှိသေးပါ။ တော်ဝင်ဂျယ်လီများကို ကျန်းမာရေးညီညွှတ်သော အစားစာဟုသတ်မှတ်ထားပြီး လူသားတွေအတွက်ပါ ထုတ်လုပ်ကြပါသည်။ Royal Jelly ကို လက်နဲ့သာ ပြုလုပ်နိုင်ပြီး မှားယွင်းတဲ့ အဆင့်ပါမယ်ဆိုရင် ပျားဘုရင်မ သေသွားနိုင်ပါတယ်။ Royal Jelly က လုပ်သားပျားတွေရဲ့ ဂလင်း (gland) ကနေ ရပါတယ်။ နို့နှစ်ရောင်ဖြစ်ပြီးတော့ အနံ့မွှေးပြီး ပျစ်နှစ်တဲ့ နို့ဆီ အရသာ ရှိပါတယ်။
.
ZuoZheng ပျားမွေးမြူရေးလုပ်ငန်း
Royal Jelly ပျားမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ချိန်မှာ ဆယ်စုနှစ်တစ်ခုရှိပါပြီး။ Zuo Zheng ပျားမွေးမြူရေလုပ်ငန်းသည် rapeseed ပန်းပွင့်ချိန် ရာသီမှာ တရုတ်နိုင်ငံတစ်ဝှမ်းကို ခရီးထွက်ခဲ့ပါသည်။ rapeseed ပန်းများသည် အဝါရောင်ပွင့်ဖတ်လေးတွေနဲ့ အပွင့်ကားနေတဲ့အတွက် တခြားပန်းများထက် ပန်းဝတ်ရည် နှင့် ဝတ်မှုန်များ ပိုမိုစုဆောင်းနိုင်သောကြောင့် ပျားများနှစ်ခြိုက်ကြသည်။ rapeseed ပန်းပွင့်ချိန်တွင် ပျားရည်အများဆုံး အထွက်နှုန်း အများဆုံးအချိန် ဖြစ်ပြီး အရည်အသွေးကောင်းသော Royal Jelly ထွက်ရှိရန်အတွက်အကောင်းဆုံးကာလဖြစ်သည်။ ZuoZheng ပျားမွေမြူရေး လုပ်ငန်းသည် Hubei နယ်တွင် တည်ရှိသည်။ ပျားအိမ် ၂၀၀ ကျော်ရှိပြီးတော့ တစ်အိမ်မှာ ပျားပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။
.
ပျားအုံတစ်အုံတွင် ပျားဘုရင်မ၊ ပျားထီး၊ ပျားမ (ပျားလုပ်သား) များ ပါဝင်ဖွဲ့စည်းထားသည်။ သားလောင်းများအားလုံးသည် Royal Jelly များကိုစားသုံးကြသည်။ ပျားဘုရင်မ ပေါ်လာပြီဆိုရင် တစ်ကောင်တည်းသာ စားသုံးဖို့ ခွင့်ပြုပါသည်။ သို့သော် Royal Jelly သည် ပျားဘုရင်မများ၏ ဓာတ်စာဖြစ်သည်။ ပျားမွေးမြူရေး လုပ်ငန်းစဥ်များအရ Royal Jelly အမြောက်အများထုတ်လုပ်ဖို့ ပျားဘုရင်မကို ပျားအုံနှင့် ဝေးသော သေတ္တာ တစ်ခုထဲတွင် သိမ်းဆည်းထားရမည်။ အဘယ်ကြောင့်ဆိုသော် ပျားသားလောင်းများကို အစာကျွေးရန်အတွက် ပျားလုပ်သားများသည် လျင်မြန်စွာလုပ်ဆောင်ရမည်ဖြစ်သည်။ ပျားလုပ်သားများသည် သားလောင်း ဆဲလ်တွေထဲမှာ Royal Jelly ဖြည့်ရန် ၇၂ နာရီ ကြာ လုပ်ဆောင်ရသည်။
.
Royal jelly ထုတ်ယူခြင်း
- Zuo Zheng ပျားမွေးမြူသူများသည် သားလောင်းများနှင့် ဘုရင်မ ဆဲလ်များကို ဖန်တီးကြသည်။ လွန်ကဲစွာ ဖန်တီးတုပခြင်းသည် ပျားသားလောင်းများ သို့မဟုတ် အနာဂတ် ပျားဘုရင်မများ အထွက်နှုန်းကို ဖျက်ဆီးနိုင်သည်။
- ပျားသားလောင်းများ နှင့် အနာဂတ်ပျားဘုရင်မများ အသက်ရှင်စေရန် Royal Jelly များလိုအပ်သည်။
- ဘုရင်မဆဲလ်ကို ပျားဖယောင်းကနေ ပြုလုပ်နိုင်ပါတယ်။ Royal Jelly စုဆောင်းသည့် ကိရိယာ foundation strip ကို ပလတ်စတစ်နဲ့ ပြုလုပ်ပါသည်။
- ဘုရင်မဆဲလ် သားလောင်း ကို Royal Jelly စုဆောင်းသည့် foundation strip ထဲ ပြောင်းလဲ မွေးမြူခြင်းကို Grafting လို့ခေါ်ပါတယ်
- ဆဲလ်ထဲကို သားလောင်းထည့်ပြီးတော့ လုပ်သားပျားတွေကို သားလောင်းတွေအတွက် Royal Jelly ထုတ်လုပ်စေပါတယ်။ ဘုရင်မ သားလောင်းလေးတွေက သက်တမ်း ၂ နာရီကနေ ၁၂ နာရီကြားရှိတဲ့ ဆဲလ် ကောင်လေးတွေကို foundation strip ရွေ့ပြောင်းပါတယ်။ ဒီထက်အသက်ကြီးသွားရင် ရှိနေတဲ့ Royal Jelly တွေကို စားသုံးပစ်တက်ပါတယ်
- သားလောင်းလေးတွေက သေးငယ်ပြီး ပျော့ပြောင်းလွန်းတာကြောင့် အလင်းထိရင် သေဆုံးသွားနိုင်ပါတယ်။ foundation strip ထဲ ရွေ့ပြောင်းတဲ့အခါ Grafting needle နဲ့ ဂရုတစိုက် ပြောင်းရွေ့ပေးဖို့လိုပါတယ်။
- ပျားမွေးမြူးရေးလုပ်ငန်းတွင် Royal Jelly စုဆောင်းသည့် foundation strip တစ်ခုမှာ ၆၄ ကွက်ပါဝင်ပါသည်။ Royal Jelly ထုတ်လုပ်တဲ့ ရာသီ တစ်လျောက်လုံး ဘုရင်မ ဆဲလ်များစွာ ဖြည့်ပေးရပါတယ်။
- လုပ်သားပျား royal jelly ထုတ်လုပ်ပြီး ၇၂ နာရီကြာတဲ့အခါ ပျားအိမ်ထဲက foundation strip ကိုယူပြီး ဆဲလ်ထိပ်က ပျားဖယောင်းကို ဖြတ်ထုတ်ပြီး ဘုရင်မ သားလောင်းတွေကို ပြန်ထုတ်ပါတယ်။
- သားလောင်းများသည် သေးငယ်သောအရွယ်အစားကြောင့် လက်ဖြင့်ဖယ်ထုတ်ရပါမည်။ ထုတ်ပြီးသွားတော့မှ Royal Jelly ကို ထုတ်ယူပါတယ်။
- ဘုရင်မ သားလောင်းလေးတွေကို ပြန်ဝယ်နေတဲ့ သူတွေလဲရှိပါတယ်။ ဘုရင်မသားလောင်းလေးတွေဈေးကွက်က Royal Jelly ဈေးကွက်လိုပဲ ဝယ်လိုအား မြင့်ပါတယ်။
Royal Jelly က ဘာလို့စျေးအရမ်းကြီးနေရတာလဲ ?
Royal Jelly ၁ ကီလိုဂရမ် ထုတ်ယူရန် ပျားဘုရင်မဆဲလ်ပေါင်း ၂ ထောင်ထက်မနည်း လိုအပ်သည်။ Royal Jelly ၁ ကီလိုဂရမ်ကို ဒေါ်လာ ၂၅၀ ကျော်ဖြင့်ရောင်းချနိုင်သည်။ ဈေးနှုန်းမြင့်ရတဲ့ အဓိက ရည်ရွယ်ချက်က ပါဝင်တဲ့ အာဟာရဓာတ် တွေကြောင့်ဖြစ်ပါသည်။
ပျားရည်တွင် သကြားဓာတ်အများစုဖြင့် ဖွဲ့စည်းထားသော်လည်း Royal Jelly တွင် ပရိုတင်းနှင့် အခြားသတ္တုဓာတ်များ ပါဝင်နေပါသည်။ Royal Jelly တွင် သက်ရှည်နုပျိုကျန်းမာခြင်း၊ အသားအရည်စိုပြေလှပခြင်း၊ မှတ်ဉာဏ်ကောင်းမွန်ခြင်း၊ အရိုးနှင့် သွားများ သန်မာခြင်းများ ကျန်မားရေးအတွက် များစွာအကျိုးကျေးဇူးပြုသည်။
.
ပျားဘုရင်မသည် အခြားပျားများထက် ၁ ဆခွဲ ပိုကြီးသည်။ ပျားဘုရင်မ သက်တမ်းမှာ ၇ နှစ်ရှိပြီး လုပ်သားပျား သက်တမ်းမှာ ၆ လသာရှိသည်။ လုပ်သားပျားတွေက မျိုးမပွားနိုင်ပေမယ့် ပျားဘုရင်မများသည် တစ်ရက်လျှင် မျိူးဥ ပေါင်း ၃ ထောင် ဥနိုင်သည်။ လေ့လာမှုများအရ လုပ်သားပျားတွေက ထုတ်လုပ်ထားတဲ့ ပန်းဝတ်ရည် နှင့် ဝတ်မှုန်များတွင် လုပ်သားပျားတွေကို မျိုးမအောင်စေသော သဘာဝဓာတုပစ္စည်းများ ပါဝင်ကြောင်း တွေ့ရှိရသည်။
.
ကမ္ဘာ့ထုတ်လုပ်မှု Royal Jelly အများဆုံး နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ ၁၉၈၀ ခုနှစ်တွင် တရုတ်ပျားမွေးမြူသူများသည် Apis mellifera ligustica Spinola လို့ခေါ်တဲ့ အထွက်နှုန်းကောင်းသော ပျားများကို စတင်မွေးမြူးခဲ့ကြသည်။ Royal Jelly အထွက်နှုန်းကောင်းသည့် ပျားအမျိုးစားများကြောင့် လွန်ခဲ့နှစ်ပေါင်း ၄၀ မှစ၍ အလွန်မင်း တိုးတက်လာခဲ့သည်။
.
ပျားအရေအတွက် နည်းပါးလာမှု အန္တရာယ်
ပျားသားလောင်းများ သေဆုံးခြင်း (သို့မဟုတ်) စားသောက်တာကြောင့်အပြင် လူများသည် Royal Jelly များကို ပျားမွေးမြူရေးနည်းပညာများဖြင့် ထုတ်လုပ်လာတာကြောင့် ရှားပါးမှု အန္တရာယ်ရှိနေပါတယ် အဆင့်မြင်နည်းပညာ ဓာတ်ခွဲခန်းဖြင့် Royal Jelly ထုတ်လုပ်မှုသည် သဘာဝ Royal Jelly လောက် အကျိုးကျေးဇူးမရှိတဲ့အပြင် ပျားဘုရင်မပါ သေဆုံးနိုင်ပါတယ်။ ရာသီဥတု နှင့် ကောက်ပဲသီးနှံများတွင် ပိုးသတ်ဆေးသုံးမှုများကြောင့် ပျားအရေအတွက်များသည် လျင်မြန်စွာ လျော့နည်းလာသည်။