ရှားစောင်းလက်ပတ် ခေါ် Alovera
ရှားစောင်းလက်ပတ်ကို အသုံးပြုပြီး အသီးပင်များကို မြန်ဆန်တိုးတက်စွာ အောင်မြင်စွာ ပြန့်ပွားစိုက်ပျိုးရန် လိုက်နာရမည့် အဆင့်ဆင့် လုပ်ဆောင်ချက်များကို မျှဝေလိုပါသည်။ #LGTmyanmar, #BBKmyanmar
.
၁) ကျန်းမာသော အပင်ကို ရွေးချယ်ပါ
မိမိ ကိုင်းကူးစိုက်လိုသော အသီးပင်မှ ကျန်းမာသန်စွမ်းသော ပင်ခက်ကို ရွေးချယ်ပါ။ ပင်ခက်သည် အလျား ၆ - ၁၂ လက်မရှိပြီး အရွက် တချို့ပါဝင်ထားဖို့ လိုအပ်သည်။ အချို့ကမူ အပင်၏ အခေါက်မှပင် စမ်းသပ် မျိုးပွား ယူခြင်းများကို ပြုလုပ်နေကြပြီ ဖြစ်သည်။
.
၂) အကိုင်းအခက်များကို ပြင်ဆင်ပါ
အကိုင်းများကို အမြင့် ၄၅ ဒီဂရီထောင့်ဖြင့် သန့်ရှင်းသော ဓားဖြင့် လှီးယူပါ။ အပင်၏ အနိမ့်ဆုံးဖက်ရှိ အရွက်များကို ဖယ်ရှားပြီး အပင်၏ စွမ်းအင်ကို အမြစ်ဖွံ့ဖြိုးမှုအတွက် အာရုံစိုက်နိုင်ရန်အတွက် ဖြစ်ပါသည်။
.
၃) ရှားစောင်းလက်ပတ် အနှစ်ကို အရည် ထုတ်ပါ
ရှားစောင်းလက်ပတ် ကိုင်းတစ်ခုကို လှီးယူပါ။ ရှားစောင်းလက်ပတ်၏ အတွင်းမှာရှိသော အရည်ကို ထုတ်ယူပြီး ဗူးငယ်လေး တစ်ခုထဲ ထည့်ပါ။
.
၄) ရှားစောင်းလက်ပတ်ရည်ကို အကိုင်းအခက်များမှာ သုတ်လိမ်းပါ
အမြစ်များ ထွက်လာစေမည့် အကိုင်းများ၏ လှီးထားသော အရင်းကို ရှားစောင်းလက်ပတ်ရည်ထဲတွင် နှစ်ထားပါ။ ကိုင်းကူး စိုက်ပျိုးရန် လှီးထားသော အကိုင်း၏ အရင်းကို ရှားစောင်းလက်ပတ်ရည်ဖြင့် လိမ်းပါ။ ရှားစောင်းလက်ပတ်တွင် အမြစ်ဖွံ့ဖြိုးစေရန် သဘာဝ ပေါက်ဆေးများ ပါဝင်သည်။
.
၅) အကိုင်းကို မြေချစိုက်ပါ
မြေသြစာ ကောင်းပြီး ရေစီးဆင်းမှုကောင်းသော သဲမြေနှင့် မြေဆွေး ရောထားသော မြေဖြင့် ပန်းအိုးကို ပြင်ဆင်ပါ။ အနည်းဆုံး အကိုင်း၏ ၃ ပုံ ၁ ပုံ မြေအောက်မြုပ်နေစေလျှင် ပိုကောင်းပါသည်။
.
၆) ရေလောင်းပေးပါ
အကိုင်းများ စိုစွတ်စေရန် ရေနဲနဲနှင့် လျှင်လျှင်နှင့် ပုံမှန်အတိုင်း ရေလောင်းပေးပါ၊ အလွန် စိုစွတ်လွန်းခြင်း မရှိစေရပါ။ ရှားစောင်းလက်ပတ်က အပင်ကို အစိုဓာတ် ထိန်းသိမ်းပေးသော စွမ်းအား ပါရှိသည်။
.
၇) စိုစွတ်တဲ့ ပတ်ဝန်းကျင်ဖန်တီးပါ
ကွန်တိန်နာကို ပလတ်စတစ်အိတ်ဖြင့် ဖုံးပြီး အပင်ပတ်ဝန်းကျင်ကို စိုစွတ်အောင် ထိန်းသိမ်းပါ။ ဖုံးအုပ်ထားသော အိတ်သည် အခက်များကို မထိရစေဘဲ လေအလုံအလောက် ဝင်ရောက်နိုင်ရန် ထားပေးပါ။
.
၈) နေရောင်ခြည် ရရှိပုံ မှန်ကန်ရန် လိုအပ်သည်
ကိုင်းကူးသော အပင်ကို နေရောင် တိုက်ရိုက် မရသော နေရာ၌ထားပါ။ နေရောင်များပါက အပင်ကို ပြင်းထန်စွာ ဖိစီးစေနိုင်သည်။
.
၉) ဖွံ့ဖြိုးမှုကို စောင့်ကြည့်ပါ
၂ ပတ်မှ ၄ ပတ်အတွင်း အမြစ် ထွက်လာသော အခြေအနေကို သေချာစွာ စောင့်ကြည့်ပါ။ အမြစ်ပွားလာပါက မြေထဲမှာ ကောင်းစွာဖွဲ့စည်းပြီးပြီဟု သိနိုင်ပါသည်။
.
၁၀) အမြစ်ကောင်းစွာဖွံ့ဖြိုးလာပါက နေရာပြောင်းစိုက်ပါ
အပင်ငယ်မှာ အမြစ်အခြေစိုက်ကောင်းမွန်လာပါက ပိုမိုကြီးမားသော ပန်းအိုး သို့မဟုတ် စိုက်ခင်းထဲသို့ ပြောင်းစိုက်ရန် လိုအပ်ပါသည်။
.
အထောက်အကူပြု အချက်များ
- ရှားစောင်းလက်ပတ်သည် အမြစ်ဖွံ့ဖြိုးမှုကို မြန်ဆန်စေရာ ဖွံ့ဖြိုးမှုအင်ဇိုင်းများ ပါဝင်သည်။
- ရေအလွန်လွန်ကဲကဲ မလောင်းမိပါစေနှင့်။ အမြစ်များကို များစွာ ပျက်စီးစေနိုင်ပါသည်။
- အပင် အမျိုးအစားနှင့် ပတ်ဝန်းကျင်အခြေအနေအပေါ် မူတည်၍ အမြစ်ဖွံ့ဖြိုးချိန်ကွာခြားနိုင်သော်လည်း ရှားစောင်းလက်ပတ်က အမြစ်ဖွံ့ဖြိုးမှုကို မြန်ဆန်စေပါသည်။