Branding ဆိုတာ ဘာလဲ? (4 မိနစ်သင်ခန်းစာ)

Branding မဟုတ်သောအရာများ

Branding လို့ ပြောလိုက်ရင် လိုဂိုဒီဇိုင်း၊ အရောင်သတ်မှတ်ချက်၊ အသုံးပြုမယ့် အိုင်တမ်လေးတွေ နဲ့ တခါတရံ တသတ်မှတ်တည်းဖြစ်ရမယ့် စာသားအလှဆင်ပုံစံတွေလို့ ပြောတက်ကြပါတယ်။ logo ဆိုတာ brand မဟုတ်ပါဘူး။ brand ရဲ့ သင်္ကေတ တစ်ခုပါ။ ထုတ်ကုန်တစ်ခုလဲမဟုတ်ပါဘူး။ လူတွေက brand တစ်ခု ကိုဝယ်မယ့်အကြောင်းပြောတဲ့အခါ သို့မဟုတ် ထုတ်ကုန်တစ်ခုကို ဝယ်မယ့် အကြောင်း ပြောကြတဲ့အခါ brand မဟုတ်ပါဘူး brand ဆိုတာ ဝယ်ယူသူတွေကို ပေးနိုင်တဲ့ ကတိတစ်ခုလို့လဲပြောကြတယ်  မှန်သင့်သလောက်မှန်ပေမယ့် မဟုတ်ပါဘူး။ #LGTmyanmar , #BBKmyanmr

.

  • ကြော်ငြာလုပ်ငန်းပိုင်းကသူတွေက နေရာစုံမှာ ကြော်ငြာတာက company ထုတ်ကုန်တွေကို ဝယ်ယူဖို့အလားလာ ရှိတဲ့သူတွေကို ရရှိစေနိုင်လို့ အကြံပြုကြတယ်။ Branding ဖြစ်စေဖို့ ထပ်ခါထပ်ခါမြင်စေတဲ့ နည်းလမ်းတွေကိုသုံးပြီးတော့ နေရာစုံမှာ ကြော်ငြာကြတယ်။ ဒါလဲ Branding မဟုတ်ပါဘူး။ ကြော်ငြာဖန်တီးသူတွေက ဝယ်ယူမယ့်သူတွေ လိုချင်နေတဲ့ အချက်ပေါ်မူတည်ပြီး ဘယ်လိုဖန်တီးရမလဲဆိုရတာကို နားလည်ရပါမယ်။ 
  • .
  • ဒါတွေအားလုံးက brand မဟုတ်ဘူးဆိုရင် 

  • Branding ဆိုတာဘာများလဲ

  • Branding က ရလာဒ်တစ်ခုပါ။ ဝယ်ယူတဲ့သူတွေက သူတို့ဝယ်လိုက်တဲ့ ထုတ်ကုန် ဝန်ဆောင်မှု ကနေ ရလိုက်တဲ့ သူတို့ရဲ့ မှတ်ဉာဏ်တွေနဲ့ နှလုံးသားကနေရလာတဲ့ ခံစားချက်ကိုပြောချင်တာပါ။ ထုတ်ကုန်တစ်ခုကို နေရာစုံကနေ ပုံစံမျိုးစုံနဲ့ ဝယ်ယူသူတွေရဲ့ ကိုယ်ပိုင်လိုအပ်ချက်ပေါ်မူတည်ပြီး ကြော်ငြာတိုင်း စုံစမ်းမေးမြန်း ဝယ်ယူမှုတိုင်းမှာ ဝယ်ယူသူတွေရဲ့ စိတ်ထဲမှာ ထုတ်ကုန်ရဲ့ Brand ကို ဖန်တီး နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ Brand က အချိန်တိုင်း သန်းနဲ့ချီတဲ့ ဖန်တီးမှုတွေဖြစ်နေပါတယ်။ ဝယ်ယူသူတစ်ယောက်ချင်းစီတိုင်းမှာ သူတို့ခံစားမိတဲ့ Brand က တစ်ယောက်နဲ့ တစ်ယောက် မတူညီပါဘူး၊ Brand ဆိုတာ ဂုဏ်သတင်းမွှေးခြင်းနဲ့ ဆင်တူပါတယ်။
  • .
  • ထုတ်ကုန် ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး story တွေ ဖန်တီးတယ်နေရာတစ်ခုရလာဖို့ကြိုးစားတယ် ဝယ်ယူလာအောင် နည်းလမ်းတွေသုံးတယ် ဒါတွေက Brand မဟုတ်ပါဘူး Brand ဆိုတာ ဒီလိုဖန်တီးမှု ကြိုးစားမှုတွေ နည်းလမ်းကနေ ရလာတဲ့ ဝယ်ယူသူတွေရဲ့ ထုတ်ကုန်အပေါ် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက် ရလာဒ်ပါ။
  • .
  • ကြော်ငြာ ဒီဇိုင်းဖန်တီးသူတွေက ကြော်ငြာအပ်တဲ့သူတွေတွေဆီက အလုပ်ရဖို့အတွက် ဒီဇိုင်းဆွဲတာအပြင် သူတို့တွေ စိတ်ကြိုက်ဖြစ်ဖို့အတွက်ပါ ကြိုးစားအားထုတ်ရမှုတွေ အများကြီးလိုအပ်ပါတယ်။ အလုပ်အပ်တဲ့သူတွေက သူတို့စိတ်ထဲမှာ လိုကို ရှိပြီ ကြော်ငြာရှိပြီဆိုရင် တော်တော်ပြည့်စုံသွားပြီ ထင်ကြတယ်။
  • .
  • အဓိက စဉ်းစားပေးရမှာက ကိုယ်ရောင်းမယ့်သူတွေရဲ့ စိတ်ထဲမှာ ကိုယ့်ရဲ့  ကုန်ပစ္စည်း ဝန်ဆောင်မှုတွေကို ကိုယ်ဖန်တီးထားတဲ့ ကြော်ငြာတွေ ဒီဇိုင်းတွေ ရနိုင်မယ်နေရာတွေ ပေးလိုက်တဲ့ message တွေကို မြင်ပြီးသွားတဲ့အခါ ဝယ်သူတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနေလဲ။ ကိုယ့်ရဲ့ ဝန်ထမ်းတွေက ဘယ်လိုဆောင်ရွက်နေလဲဆိုတာကို စဉ်းစားရမှာပါ။ 
  • .
  • ငွေသုံးနိုင်တာက အဓိကမဟုတ်ပေမယ် Branding ဖြစ်လာဖို့ ငွေကြေးပိုင်းကလဲ အများကြီး ပါဝင်နေပါတယ်။ဝယ်ယူသူတွေ ရောင်းချသူတွေ ကုမ္ပဏီရဲ့ တစ်ဦးးတစ်ယောက်ချင်းဆီတိုင်းက Brand အပေါ် သက်ရောက်မှုရှိပါတယ်။ လူတစ်ဦးချင်းစီက Branding ဖြစ်စေဖို့ ဆောင်ရွက်နိုင်တဲ့သူ Branding ကို ထိခိုက်စေတဲ့သူတွေ ဖြစ်ပါတယ်။
Previous Post Next Post