အားလုံးပဲမင်္ဂလာပါ ကျွန်မကတော့ ရီမီ ပါရှင့်။
ဈေးကွက်အစီအစဉ်ရေးဆွဲခြင်း ဘာကြောင့် လိုအပ်တာလဲ
ဒီနေ့ကျွန်မတို့က ဈေးကွက်အစီအစဉ် ရေးဆွဲနည်း နှင့် အဆင့်ဆင့် ဘယ်လို အချက်အလက်တွေ ပါဝင်မလဲ ဆိုတာကို ပြောပြမှာပါ။ သင့်ပစ်မှတ်ထားမယ့် ဈေးကွက်ကို ခွဲခြားသတ်မှတ်ပြီး သင့်ရဲ့ ထုတ်ကုန်ကို ဝယ်ယူသူတွေလိုချင် လိုအပ်တာနဲ့ ကိုက်ညီအောင်ပြုလုပ်ရန် ခက်ခဲနိုင်သည်။ ဒါကြောင့် အဲ့ဒီ့မှာ ဈေးကွက်အစီအစဉ်ကို ရေးဆွဲရခြင်းဖြစ်ပါတယ်။ #LGTmyanmar , #BBKmyanmar
.
သင့်စီးပွားရေးချဲ့ထွင်နိုင်ဖို့ ဈေးကွက်အစီအစဉ် ပြုလုပ်ခြင်းအတွက် အဆင့်ငါးဆင့် ကိုဖော်ပြသွားပါမည်။
- ဈေးကွက်အစီအစဉ်ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ထုတ်ကုန်များ ကြော်ငြာခြင်းနှင့် သတ်မှတ်ထားသောစျေးကွက်များသို့ ဖြန့်ကျက်ခြင်းအတွက် အသေးစိတ်ရေးဆွဲထားသည့် စာရွက်စာတမ်းတစ်ခုဖြစ်ပါသည်။ ဈေးကွက်အစီအစဉ်ရေးဆွဲခြင်းက လုပ်ငန်းတစ်ခုလုံး ကုမ္ပဏီများ၏ ဈေးကွက်ချဲ့ထွင်ရန် နှင့် စီးပွားရေး တိုးတက်လာစေဖို့ လုပ်ရမယ် အဆင့်တွေကို ရှင်းရှင်းလင်းလင်း မြင်သာစေဖို့ ကူညီပေးပါသည်။ စနစ်တကျရှိပြီး ရှင်းလင်းတဲ့ လမ်းညွှန်မှုတွေ ရှိမှသာ အောင်မြင်မှုရရှိနိုင်မှာပါ ။
ဒါပေမယ့် သင်ဘယ်ကနေစတင်ရမလဲ?
.
အဆင့်တစ် - သင့်၏စီးပွားရေးရည်မှန်းချက်ကို သတ်မှတ် ရေးသားပါ။
သင့်စီးပွားရေးရည်မှန်းချက်သည် ခရီးသွားလာရေးအတွက် ကြိုတင်စာရင်းပေးတဲ့ အခါ ခရီးသည်တွေ စိတ်ကျေနပ်မှု ရရှိစေရန် သို့မဟုတ် နည်းပညာအသစ်တစ်ခုသင်ယူလိုသူများကို ထိုနည်းပညာသင်ကြားပေးနိုင်သောကျွမ်းကျင်သူများနှင့် ချိတ်ဆက်ရန်ဖြစ်သည်ဟုဆိုပါဆို့။
ဘာပဲဖြစ်ဖြစ် ရှင်းလင်း ပြတ်သားရန် သေချာအောင်ပြုလုပ်ပါ။
.
သင့်လုပ်ငန်း ရည်ရွယ်ချက်ကို သိရှိရသောအခါ ဈေးကွက်အစီအစဉ်၏ ရည်မှန်းချက်ကိုဖန်တီးနိုင်ပါသည်။ ခရီးသွားလာရေးအတွက်ကြိုတင်စာရင်းပေးခြင်းကိုအလွယ်ကူဆုံးဖြစ်အောင်လုပ်ဆောင်ပေးသောကုမ္ပဏီတစ်ခုကိုနမူနာယူပါ။
သူတို့၏ဈေးကွက်ရည်မှန်းချက်သည်
- ခရီးသည် ပရိတ်သတ်ကို ဆွဲဆောင်ရန်
- ခရီးသွားလုပ်ငန်းအကြောင်းကို သင်ကြားပေးရန် နှင့်
- ကိုယ့်လုပ်ငန်းရဲ့ ကြိုတင်စာရင်းပေးသွင်းနိုင်တဲ့ စနစ်အကြောင်း နားလည်စေရန် ဟူ၍ဖြစ်နိုင်ပါသည်။
သင်ကြာရှည်ခံသောဈေးကွက်အစီအစဉ်တစ်ခု တည်ဆောက်ရန်အတွက် ကျွန်မတွင်အဆင့်ငါးဆင့်ရှိပါသည်။
- Marketing Plan တစ်ခုဖန်တီးခြင်းက သင့်အတွက် ပထမဆုံး လုပ်ဆောင်ချက်ဖြစ်လျှင် သို့မဟုတ် နမူနာ အနေနဲ့ လိုအပ်သည်ဆိုလျှင် HubSpot သည်အခမဲ့စျေးကွက်အစီအစဉ် နမူနာပုံစံများကို ရယူနိုင်ပါသည်။
(အခမဲ့စျေးကွက်အစီအစဉ်နမူနာပုံစံများ)
သင့်နမူနာပုံစံများကို
-ဘတ်ဂျက်သတ်မှတ်ခြင်း
-မဟာဗျူဟာ
-နည်းပညာ နှင့် အခြားအရာများ အတွက်ရရှိနိုင်ပါသည်။
ထို့ကြောင့် အောက်ဖော်ပြထားချက်အကွက်တွင်ပေးထားသောလင့်ခ်မှာ ရယူနိုင်ပါသည်။
- .
အဆင့်နှစ် - ဝယ်သူ၏ ပုံစံကို သတ်မှတ်ပါ
ဝယ်သူ၏ပုံစံဆိုသည်မှာ သင့်လုပ်ငန်းတွင် ဝယ်ယူဖို့ အလားလားအလာ များတဲ့ ဆွဲဆောင်လိုသော လူအမျိုးအစားများရဲ့ အချက်အလက်တွေကို သတ်မှတ်ခြင်းဖြစ်ပါသည်။ ထိုပုံစံများသည် အသက်၊ တည်နေရာ၊ ဝင်ငွေ သို့မဟုတ် စိတ်ဝင်စားမှုများ ကဲ့သို့သော အရာများပေါ်တွင် အဓိကထား သတ်မှတ်နိုင်ပါသည်။ ဝယ်သူပုံစံများကိုသတ်မှတ်ပြီးတဲ့နောက် သင့်ဈေးကွက်မဟာဗျူဟာတစ်ခုလုံးကို ဖော်ဆောင်ဖို့ ကူညီပေးပါမည်။
.
ဥပမာအားဖြင့် သင့်ဝယ်သူ၏ပုံစံများသည် ဆိုရှယ်မီဒီယာကိုမကြာခဏသုံးဆွဲသူများဖြစ်လျှင် ဆိုရှယ်မီဒီယာပေါ်တွင် ကြော်ငြာစရိတ် ပိုသုံးသင့်ပါတယ်။ Marketing Plan ရေးဆွဲတဲ့အခါ ကို အဓိကကျတဲ့အတွက်ကြောင့် ဝယ်သူ၏ ပုံစံများကို လေ့လာရှာဖွေရာတွင် အချိန်ယူပါ။
.
အဆင့်သုံး - ဝယ်သူနဲ့ ချိတ်ဆက်ဖို့ စာသား၊ ဗီဒီယို၊ ပုံ စတဲ့ အကြောင်းအရာတွေရဲ့ ဒီဇိုင်းများနှင့် ဗျူဟာကို သတ်မှတ်ပါ ။
စာသားအကြောင်းအရာတွေကို ဖန်တီးနိုင်ပြီး ဝယ်ယူသူတွေနဲ့ ချိတ်ဆက်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ထို့ကြောင့် သင်နှင့်သင့်ကုမ္ပဏီအတွက် ဘယ်တစ်ခုက အကောင်းဆုံးဖြစ်မည်ကို ဆုံးဖြတ်ခြင်းသည် အလွန်အရေးကြီးပါသည်။ အခုအချိန်မှာဆို သင်အောက်ပါအချက်များကိုသတ်မှတ်သင့်ပါသည်။
သင်ဖန်တီးမည့်အကြောင်းအရာအမျိုးအစား။
ဘလော့ဂ်ပို့စ်များ၊ Youtube ဗီဒီယိုများ သို့မဟုတ် TikTok များဖြစ်ဖြစ် content အရေအတွက် ဘယ်လောက် ဖန်တီးမလဲ၊ အကြောင်းအရာဘယ်လောက် နေ့စဉ်တင်မလဲ ကုန်ကျစရိတ် ဘယ်လောက်သုံးမလဲ စသည်ဖြင့် သတ်မှတ်ခြင်းဖြင့် ငွေနှင့်အချိန် ဉာဏ်ရှိသလို သတ်မှတ်နိုင်ပါသည်။
လုပ်ငန်းနဲ့ ပတ်သတ်သမျှ ထုတ်ကုန်တွေကို YouTube, Instagram သို့မဟုတ် LinkedIn မှာ အာရုံစိုက်မှာလား?ထို့ပြင် content အကြောင်းအရာများသည် ထုတ်ကုန်များအတွက် ကြော်ငြာပလတ်ဖောင်းပေါ်တွင် စတင်မိတ်ဆက်တဲ့ အဆင့်မှာ သေချာအောင်ပြုလုပ်ခြင်းသည်လည်း ဈေးကွက်တွင်အောင်မြင်စေရန် ကူညီပေးပါမည်။
.
သင့်အကြောင်းအရာသည် ပလတ်ဖောင်းပေါ်တွင် ဆက်သွယ်မှုပုံစံ၊ ခေါင်းစဉ်များနှင့် စတိုင်များအရ ဝယ်သူများရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိခြင်းကိုသေချာအောင်လုပ်ပါ။ ဤအဆင့်များကို သင်သတ်မှတ်ပြီးတဲ့နောက် သင့်အကြောင်းအရာကိုအကောင်းဆုံး အစီအစဉ်ဆွဲ၍အကောင်အထည်ဖော်ရန် လမ်းပြမြေပုံ တစ်ခုရရှိလာနိုင်ပါမည်။ လမ်းပြမြေပုံတစ်ခုရှိခြင်းဟာ Marketing Plan ရေးဆွဲဖို့ ကူညီပေးနိုင်ပါမည်၊ သို့သော် ကမ္ဘာ၏နည်းပညာပိုင်းဆိုင်ရာအချက်အလက်များကျွမ်းကျင်မှု မရှိပါက သင်အားအခက်အခဲများဖြစ်ပေါ်နိုင်ပါသည်။ ကူညီပေးရန် HubSpot သည် ဒစ်ဂျစ်တယ်စျေးကွက်၏ အခြေခံသင်တန်းတစ်ခုကိုပေးအပ်နေပါသည်။
.
စျေးကွက်သည် ဒစ်ဂျစ်တယ်ဂိမ်းတစ်ခုဖြစ်ပြီး သင်ပိုသိလေ၊ သင်ပိုလက်လှမ်းနိုင်ပါမည်။ HubSpot ရဲ့ fundamental of digital marketing သင်တန်းတွင် ဒစ်ဂျစ်တယ်စျေးကွက်၏ဆိုလိုရင်း၊ အကောင်းဆုံးအလေ့အကျင့်များနှင့် စျေးကွက်အစီအစဉ်အကောင်အထည်ဖော်ပုံတို့ကို ဖော်ပြပေးထားပါသည်။
- အောက်ဖော်ပြထားချက်အကွက်တွင်ပေးထားသောလင့်ခ့် ကိုသေချာအောင်ကြည့်ရှုပါ။
အဆင့်လေး - သင့်ဘတ်ဂျက်ကိုသတ်မှတ်ပါ
ဤအချက်က နည်းပရိယာယ်သုံးဖို့ လိုပါသည်။ သင့်စျေးကွက်အစီအစဉ်အတွက် ထည့်သွင်းနိုင်သောငွေပမာဏနှင့် အကျိုးရှိစွာအသုံးပြုနိုင်မည့် ငွေပမာဏကို တွက်ချက်ခြင်းမှာ အလွန်အရေးကြီးပါသည်။ ဘယ်လောက်သုံးမှ ထိရောက်မှုရှိမလဲဆိုတာနဲ့ ဘယ်နေရမှာသုံးတာက အမှန်ဆုံးလဲ ဆိုတာကို သေချာလေ့လာသင့်ပါသည်။ ဈေးကွက်နှင့်ပတ်သက်သောအခါ ကုန်ကျစရိတ်အချို့ရှိတတ်ပါသည်။ ၎င်းတို့သည် ကြော်ငြာများ၊ sponsorships။ အချိန်ပိုင်းဝန်ထမ်း ၊ အချိန်ပြည့်ဝန်ထမ်းများခန့်ခြင်းနှင့် ဒီဇိုင်နာများ စတဲ့ ဝန်ထမ်းတွေနဲ့ အေဂျင်စီတွေကို ပေးရတဲ့ ကုန်ကျစရိတ်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
နောက်ဆုံးအဆင့်ငါးတွင် သင်နှင့်အလုပ်လုပ်နေသောသူနှင့် လူတိုင်း၏တာဝန်ကိုအကြမ်းဖျင်းဖော်ပြပါ။
.
အဆင့် ငါး - သင့်အဖွဲ့နှင့် တာဝန်များကိုသတ်မှတ်ပါ
ဒီအဆင့်ကို ဆောင်ရွက်ဖို့အတွက် လုပ်ငန်းရဲ့ မစ်ရှင် Content Plan နှင့် ဘတ်ဂျက် ရေးဆွဲပြီးသား ဖြစ်နေသင့်ပါသည်။ အခု သင့်အလုပ်အရှေ့ဆက်သွားနိုင်ရန်အတွက် ရှင်းရှင်းလင်းလင်း ရရှိနိုင်သော မျှော်မှန်းချက်များကိုသတ်မှတ်ရန်လိုအပ်ပါသည်။ ရေးဆွဲထားတဲ့ အစီအစဉ်တွေကို လိုက်နာမှု သို့မဟုတ် တာဝန်ခံမှု မရှိရင်အကြီးမားဆုံးသော အစီအစဉ်များတောင် ပြိုကွဲသွားနိုင်ပါသည်။
.
မည်သူတွင် မည်သည့်တာဝန်ရှိသည်ကို ရှင်းလင်းစွာသတ်မှတ်ထားခြင်းသည် သင့်ဈေးကွက်အစီအစဉ်ကိုချောမွေ့စွာလုပ်ဆောင်နိုင်ရန်သေချာစေပါသည်။ အလုပ်ထဲသို့ပို၍စည်းစနစ်တကျဝင်လေ၊ သင့်ဈေးကွက်အစီအစဉ်သည်ပိုထိရောက်ပြီး သင့်စီးပွားရေးသည်လည်းပိုကောင်းလေပါ။ အားလုံးဒီဗီဒီယိုကိုနှစ်သက်မည်ဟုမျှော်လင့်ပါသည်။