အားလုံး မင်္ဂလာပါ ဒီနေ့မှာတော့ ရုံးပတီသီး စိုက်ပျိုးနည်းလေးအကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။ ရုံးပတီသီးများသည် ပူနွေးစိုစွတ်သော ရာသီကို ကြိုက်နှစ်သက်ပြီး ကမ္ဘာအနှံ့တွင် ပေါက်ရောက်သည်။ ရုံးပတီးသီးများကို တခြားနိုင်ငံအများစုတွင် ' ladies fingers ' ဟု ခေါ်ဆိုကြပြီး တောရိုင်းအပင်မျိုးဖြစ်ပြီး စိုက်ပျိုးရလည်း အလွန်လွယ်ကူသည်။ ရုံးပတီသီးအစေ့များကို မြေအိတ်များ သို့မဟုတ် ခွက်များနှင့်လဲ ပျိုးနိုင်ပါသည်။
#LGTmyanmar , #BBKmyanmar
.
အိမ်တွင် ရုံးပတီသီး စိုက်ပျိုးနည်း
မိမိ နှစ်သက်ရာ ရုံးပတီသီး မျိုးစေ့များကိုဝယ်ယူပါ။ အစေ့အမြန်ပေါက်စေဖို့ ဝယ်ယူလာတဲ့ အစေ့တွေကို ၁၀ နာရီကနေ ၁၂ နာရီအထိ ရေစိမ်ပေးပါ။ ရိုးရိုးမြေ ဒါမှမဟုတ် မြေဆွေးကို အသုံးပြုပြီး စိုက်ပျိုးနိုင်ပါတယ်။ အိုးအကြီးတစ်လုံးထဲမှာ တစ်လက်မ အနက်လောက်ထားပြီး အစေ့တွေကို စိုက်ပျိုးပြီး မြေသားပြန်ဖုံးပေးပါ၊ ပျိုးပြီးနောက် မြေကြီးဖြင့် အစေ့များကို ဖုံးအုပ်ပေးပါ။ ပျိုးပင်များကို ရေများလောင်းပါ။ ရုံးပတီသီး ပျိုးပင်များသည် ရက်သတ္တပတ်အကြာတွင် အပင်များစတင်ပေါက်လာမည်ကို တွေ့ရပါမည်။ ၁၅ ရက် မှ ၂၀ ရက် အကြာတွင် ပျိုးပင်များကို အိုးကြီးများထဲသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ ရုံးပတီသီးများ ပိုမိုကြီးထွားနိုင်ရန် ပန်းအိုးကြီး ထဲတွင် ပြောင်းရွေ့စိုက်ပျိုးသင့်သည်။
ပန်းအိုးနဲ့ စိုက်ပျိုးမယ်ဆိုရင်
- ရေစိမ့်ထွက်မှု ကောင်းမွန်သော မြေသား
- မြေဆွေး ၄၀ ရာခိုင်နှုန်း
- bone meal / horn meal fertilizer
- အမြန်ဆုံး ရေခြောက်သွေ့သွားတာ မဖြစ်စေဖို့ အုန်းဆံမှုန့်ကို အသုံးပြုပါတယ်။
ရုံးပတီသီးအပင်များ ကောင်းစွာကြီးထွားရန် တစ်ရက်လျှင် အနည်းဆုံး ၆ နာရီ တိုက်ရိုက်နေရောင်ခြည် လိုအပ်ပါသည်။ ရက် ၂၀ လျှင် တစ်ကြိမ် bone meal / horn meal fertilizer ကို အသုံးပြုပေးပါ။ တစ်နေ့လျှင် တစ်ကြိမ် ရေလောင်းပေးဖို့လိုအပ်ပါသည်။ ရက် ၄၀ - ၅၀ လောက်မှာ ပန်းစပွင့်ပြီးတော့ တစ်လ ကျော်ကျော်လောက်တွင် ရုံးပတီသီး အပင်လေးတွေ အဖူးများထွက်လာမည် ဖြစ်သည်။
.
ပိုးမွှားအန္တရာယ် ကာကွယ်ခြင်း
ရုံးပတီသီးသည် ပိုးမွှားများ နှင့် ကျိုင်းကောင်များကဲ့သို့ ပိုးမွှားပြဿနာများစွာကို ကျရောက်နိုင်ပြီး ရုံးပတီသီး အပင်များကို ထိခိုက်စေနိုင်သောကြောင့် ၎င်းတို့ကို အော်ဂဲနစ်ပိုးသတ်ဆေးတစ်ခုခုဖြင့် ဖြန်းသင့်ပါသည်။ တမာဆီနဲ့ ဆပ်ပြာကို ရောစပ်ပြီး ပိုးကောင်များ ကျရောက်လာပါက ဖြန်းပေးခြင်းဖြင့် ရုံးပတီသီးအပင်များ ကောင်းလာသည်ကို တွေ့နိုင်ပေသည်။ ရုံးပတီသီးစိုက်ပျိုးခြင်းသည် အလွန်လွယ်ကူပြီး အမှန်တကယ် ရိုးရှင်းသည်ကိုတွေ့နိုင်ပါသည်။