ဆန်းဝှစ် ဟမ်ဘာဂါ တွေနဲ့ အာလူးကြော်တွေမှာ ထည့်သွင်းအသုံးပြုပြီးတော့ cream အနေနဲ့ အလှဆင်တဲ့ အချိန်မှာ အသုံးများပါတယ်။ ကြက်ဥနှစ်နဲ့ မရောနိစ် အခြားသောပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ခရင်(မ်) အနေနဲ့ အလှဆင်တက်ကြပါတယ်။ သန်းပေါင်းများစွာသော မရောနိစ်ဘူးတွေကို ဘယ်လိုထုတ်လုပ်ရနေလဲ ဆိုတာကို ဒီဗီဒီယိုလေးထဲမှာ ရှင်းပြပေးထားပါတယ်။ #LGTmyanmar , #BBKmyanmar
အစပိုင်းမှာ သစ်သားဗူးတွေနဲ့ ရောင်းချခဲ့ပြီး လူကြိုက်များလာခဲ့ပါသည်။ မရောနိစ် ကို ထုတ်လုပ်တဲ့နည်းလမ်းတွေ အများကြီးရှိပေမယ့် အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ ကြက်ဥနဲ့ ဆီကတော့ တူညီပါတယ်။ ကြက်ဥနှစ်၊ ဆီနဲ့ တခြား vinegar နဲ့ အခြားဟင်းခတ် အမွေးအကြိုင်တွေပါဝင်ပါတယ်။ ကြက်ဥပေါင်း 23000 ကျော်ကို 2600 square ရှိတဲ့ ကြက်ခြံကနေ မရောနိစ် ထုတ်လုပ်နိုင်အောင် အစပြုရာအဓိက နေရာဖြစ်ပါတယ်။ အနှစ်နဲ့ အကာ စက်တွေနဲ့ ခွဲခြားပြီးတော့ မရောနိစ် 11000 ပုလင်းထွက်ဖို့ အတွက် ကြက်ဥ 21500 လောက်ဆို လုံလောက်ပါသည်။
စက်ရုံကနေ ကြက်ဥ ထည့်တဲ့ ကတ် တွေသယ်ဆောင်ပြီး နဲ့ တစ်ရက်ကို ကြက်ဥ ၄ မီလီယံ ကျော်ကို အလုပ်လုပ်ပေးနိုင်ပါတယ်။ မရောနိစ်က ကြက်ဥအနှစ်ကိုပဲ လိုတာကြောင့် အကာတွေနဲ့ ခွဲထုတ်ဖို့လိုပါတယ်။ စက်တွေက ၁၀ စက္ကန့်အတွင်း ဥ ၂၈၀ ကို အနှစ် အကာ ခွဲခြားပေးနိုင်ပြီးတော့ အနှစ်တွေကို တစ်ဆယ်မီလီလီတာ ရှိတဲ့ ကန်ထဲကို ထည့်ပါတယ်။
အနှစ်တွေရဲ့ သက်တမ်း ၂ပတ်ကနေ ၃လထိ တိုးစေဖို့ ဆားကို အသုံးပြုပြီးနောက် ဘတ်တီးရီးယားတွေကို အပူပေး ပိုးသတ်ပြီး 1000 kg ဆန့်တဲ့ ပုံးတွေထဲမှာ ထဲမှာထည့်ပါတယ် ။ 1000 kg ဆိုရင် 25000 ပုလင်း ရရှိဖို့ လုံလောက်ပါတယ်။ raw ကြက်ဥနှစ်တွေကို salmonella နဲ့ တခြား ဘတ်တီးရီးယားတွေကို ဖယ်ရှားနိုင် ပါတယ်။ ပိုးသတ်ပြီးတာနဲ့ အခြား tank အကြီးတွေထဲ ပြောင်းထည့်ပြီး ကြက်ဥတွေရဲ့ လတ်ဆက်မှု ရှိမရှိ quality တွေကို စစ်ဆေးပါတယ်။
dosing system ကို အသုံးပြုထားတာကြောင့် လိုအပ်တဲ့ ပမာဏ လောက်ပဲ tankတစ်ခုစီကနေ ရောမွေတဲ့ ကွန်တိန်နာဆီ ပို့ပေးပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေကို ရေဓာတ် အလုံအလောက်ရတဲ့ အထိ ရောမွှေပေးပါတယ်။ ကြက်ဥနှစ် ဆီနဲ့ slurry ကို ရောမွှေပြီး ရေရှည်ခံစေဖို့ starch ကိုထည့်ပြီး အသုံးပြုပါတယ် အပူပေးပြီး ခရင်မ်ပုံစံ နဲ့ အရသာရှိတဲ့ mayonnaise တွေကို ထုတ်လုပ်ပါတယ်။ စက်ရုံရှိ ထုတ်လုပ်ထားသော mayonnaise များကို စုဆောင်းပြီး အရည်အသွေးထိန်းချုပ်ရေးဌာနသို့ ပေးဆောင်သည်။ ဓာတ်ခွဲခန်းပညာရှင်များသည် အရောင်အသွေးနှင့် အရသာကဲ့သို့သော စံသတ်မှတ်ချက်အမျိုးမျိုးကို အကဲဖြတ်ကြသည်။
Mayonnaise တွေကို အလိုလျောက် ဖြည့်ပေးတဲ့ စက်တွေနဲ့ ဖန်ပုလင်းထဲကို ထည့်ပါသည်။ ဖန်ပုလင်းတစ်ခုစီတွင် လတ်လတ်ဆတ်ဆတ်ပြင်ဆင်ထားသော Mayonnaise 680 G အတိအကျဖြင့် ပြည့်နေပါသည်။ mayonnaise ဖြည့် စက်သည် ပုလင်းတစ်လုံးစီကို တစ်စက္ကန့်အတွင်း ဖြည့်ပေးသည်။ တံဆိပ်ကပ်သည့် စက်တွေနဲ့ တံဆိပ်ကပ်ပါသည်။ ဒီအဆင့်ပြီးပြီ ဆိုရင်တော့ mayonnaise ကို ဗူးထဲက ထုတ်ပြီး ဟမ်ဘာဂါသို့ထည့်စားသုံးရန် အသင့်ဖြစ်နေပါပြီ။