၅ မိနစ်အချိန်ပေးရုံနဲ့ သိနိုင်မယ့် Digital Marketing အကြောင်း အကျဉ်းချုပ်


အွန်လိုင်းကနေ ဈေးကွက်ရှာနိုင်တဲ့ နေရာတွေနဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဝယ်ယူသူတွေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပြီး ဈေးကွက်ဖောက်နိုင်ပါတယ်

အွန်လိုင်းကနေ ဈေးကွက်ရှာနိုင်တဲ့ နေရာတွေထဲကမှ ထိရောက်မှု အရှိဆုံး channel တွေက 

  • Search Engine Marketing (SEM)
  • Social Media marketing (SSM)
  • E-mail marketing
  • Mobile Application 

.

ဒီနေရာတွေ channel တွေမှာ ကြော်ငြာတာက သမာရိုးကျ ကြော်ငြာနည်းလမ်းတွေထက် ပိုဈေးသက်သာပြီးတော့ ဝယ်သူတွေရဲ့ အမူအကျင့်တွေ ဝယ်ယူတဲ့ပုံစံ အလေ့အထတွေပေါ် မူတည်ပြီး ကြော်ငြာနိုင်တာကြောင့် ပိုထိရောက်တာပါ

.

အွန်လိုင်းကနေ ဈေးကွက်ရှာမယ်ဆိုရင် ပထမဆုံးအဆင့်က

Content marketing

လုပ်ငန်းဆိုင်ရာ ထုတ်ကုန်အကြောင်းအရာတွေဖြစ်တဲ့ စာ၊ ဓာတ်ပုံ၊ ဗီဒီယို (video blog) စတာတွေ အရင်ရေးသားဖန်တီးရမှာဖြစ်ပါတယ်။ e-commerce online store တွေနဲ့ ၂၄ နာရီလုံး ငွေလက်ခံ ရောင်းချနိုင်ဖို့ website ပေါ်မှာ ကိုယ်ရောင်းမယ် product ရဲ့ စာ၊ ဓာတ်ပုံ၊ ဗီဒီယို တွေ ရှိနေမှသာ ဝယ်ယူတွေက ရှာတွေ့မှာပါ

Search Engine marketing

websiteစာမျက်နှာ၊ ဘလော့ တွေမှာ ရေးသားပြီး အွန်လိုင်းကနေ အလွယ်တကူ ရှာတွေ့နိုင်ဖို့ SEO နည်းလမ်းတွေအပြင် အွန်လိုင်းကနေ ကိုယ့်ရဲ့လုပ်ငန်း website ကို ကြော်ငြာခပေးပြီး google.com ၊ ဖုန်း application တွေနဲ့ နာမည်ကြီး သတင်းစာမျက်နှာမှာ ကြော်ငြာနိုင်တဲ့ နည်းလမ်းက  နှိပ်မှပေးရတဲ့ PPC ( Pay per Click)
.

Social Media Marketing

လူတွေ အသုံးများနေတဲ့ ဖေ့ဘုတ်၊ Instagram TikTok တွေမှာ ဈေးကွက်ရှာဖွေတာကလဲ ထုတ်ကုန်တွေအကြောင်း လူသိများစေတဲ့ နေရာတွေပါ။

.

Affiliate marketing

ကိုယ်ရဲ့ ထုတ်ကုန်တွေကို လူသိများနေတဲ့ creator၊ website တွေကတဆင့် မိတ်ဆက်စေတဲ့ နည်းလမ်းကလဲ သုံးသင့်တဲ့ ဈေးကွက်ရှာဖွေရေး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တခြားသူတွေရဲ့ website ကနေ ညွှန်ပေးလိုက်လို့ ကိုယ့်ရဲ့ website မှာ sign up, registration လုပ်တာ ဝယ်ယူတာတွေရှိလာရင် ရာခိုင်နှုန်း အနည်းငယ် ကြော်ငြာခ ပေးရပါတယ်။

.

Email Marketing 

ဝယ်ယူဖို့ အလားအလာရှိသူတွေရဲ့ email address ကို သိရပြီဆိုရင် ကိုယ့်ရဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူတဲ့သူဖြစ်လာဖို့ အသေးစိတ်အချက်အလက်တွေ ပို့ပေးတာ promotion အစီအစဉ်တွေကို သိရှိစေဖို့ email ပို့တဲ့ နည်းလမ်းကိုလဲ သုံးသင့်ပါတယ်။

.

အပေါ်မှာ ပြောထားတဲ့ နေရာတွေထဲကမှ ကိုယ့်ရဲ့ လုပ်ငန်းနဲ့ အသင့်တော်ဆုံးက ဝယ်ယူသူတွေနဲ့ ချိတ်ဆက်မှု အများဆုံးဖြစ်မလဲဆိုတာက လုပ်ငန်းတစ်ခုနဲ့ တစ်ခု မတူနိုင်ပါဘူး


Previous Post Next Post