ကြက်ဥခွံများကို သဘာဝမြေသြဇာအဖြစ်အသုံးပြုနည်း
ဒီ tips လေးကတော့ အောဂဲနစ်မြေသြဇာ ကြက်ဥခွံများကို အသုံးပြုပြီး ကျန်းမာသန်စွမ်းသော အပင်များ ကြီးထွားစေရန်အဖြစ် အသုံးပြုနိုင်သည်။ ပထမဆုံး tips and tricks မှာ ဥခွံများကို သဘာဝမြေသြဇာများအဖြစ် အသုံးပြုပါသည်။ ကြက်ဥခွံများသည် အပင်ကြီးထွားမှု အတွက် များစွာအထောက်ကူပြုပြီး ကယ်စီယမ်ဓာတ်များ ကြွယ်ဝပြီး ကြက်ဥခွံများကို ရေဆေးပြီး ကြေမွအောင် ချေထားပေးပါ။ ကြေမွနေသော အခွံများကို မြေဆွေးများ နှင့် ရောနှော၍ လည်းစိုက်ပျိုးနိုင်သည်။ ကြက်ဥခွံများသည် လိုအပ်သော အာဟာရများပေးရုံသာမက ပက်ကျိများနှင့် ခရုများ ပိုးမွှား အန္တရာယ်များလဲ ကာကွယ်ပေးနိုင်သည်။
ကိုယ်တိုင်ရေလောင်းသည့် စိုက်စက်ကို ဖန်တီးခြင်း။
ရေလောင်းဖို့ မေ့တတ်သော၊ အလုပ်များသော ဥယျာဥ်မှူးအတွက် ဒီနည်းလမ်းက သင့်တော်ပါတယ်။ ပလတ်စတစ်ဘူးအလွတ် တစ်လုံးကို ယူကာ အောက်ခြေတစ်ဝက်ကို ရေဖြည့်ပြီး အပေါ်တစ်ဝက်ကို စိုက်ခင်းမြေဆီလွှာထဲသို့ ဇောက်ထိုးချထားပါ။ ရေများသည် လိုအပ်သလောက် မြေဆီလွှာထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားလိမ့်မည်။
မြေဆီလွှာကျန်းမာရေးအတွက် ကော်ဖီစေ့ကို အသုံးပြုနည်း
တတိယ မြှောက် အကြံပြုချက်ကတော့ ကော်ဖီစေ့ အသုံးခြင်းဖြစ်သည်။ ကော်ဖီစေ့များသည် အာဟာဓာတ်များကို ပေးရုံသာမက မြေဆီလွှာများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးသည်။ ကော်ဖီစေ့များကို ဥယျာဥ်မှုးများသည် မြေဆွေးများ နှင့် ရောမွှေပေးပါ။ ကော်ဖီစေ့များသည် ခရမ်းချဥ်းသီး နှင့် နှင်းဆီပင် များကဲ့သို့ အက်ဆစ်ဓာတ် နှစ်သက်သော အပင်များအတွက် အကျိုးရှိသည်။ ကော်ဖီစေ့များသည် မြေဆီလွှာကောင်းမွန်စေသောကြောင့် တီကောင်များကို ဆွဲဆောင်နိုင်သည်။
ကြက်ဥပုံစံခွက် စိုက်ပျိုးနည်း
ကြက်ဥပုံစံခွက် စိုက်ပျိုးနည်းသည် ဝါသနာရှင် ဥယျာဥ်မှုများအတွက် အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။ ကြက်ဥပုံစံခွက်ထဲတွင် မျိုးစေ့များကို စိုက်ပျိုးပြီး လိုအပ်သော ပမဏ များကို ရေလောင်းပေးပါ။ ပျိုးပင်များ အဆင်သင့်ဖြစ်လျှင် အစားထိုး ရွှေ့ပြောင်းခြင်းမှာလဲ လွယ်ကူသည်။ ငွေကုန် ကြေးကျလဲ လွန်စွာသက်သာသည်။ အပင်း၏ အမြစ်များ နှင့် အညွှန့်များအတွက်လဲ အနှောင့်ယှက်မရှိပါ။
ဖန်လုံအိမ်အစား ပလတ်စတစ်အိတ်များကို အသုံးပြုနည်း
ပျိုးပင်များကို အိတ်များ သို့မဟုတ် အစိုဓာတ် နှင့် နွေးထွေးမှု ကိုထိန်းသိမ်းရန် ပလပ်စတစ်အိတ်ဖြင့်ထုပ်ပိုးထာပါ။ စိုထိုင်းဆများ အလွန်ကဲလျှင် အိတ်များကို ဖယ်ရှားပေးရန် မမေ့ပါရန်။ ပျိုးပင်များ ကြီးထွားလာသည် နှင့် အမျှ မှိုများ၊ ပိုးမွှား အန္တရာယ်များ ကာကွယ်ရမည်။
အပင်များ ပူးတွဲစိုက်ပျိုးခြင်း
ပူးတွဲ စိုက်ပျိုးခြင်း ဆိုသည်မှာ အပင်များကိုစိုက်ပျိုးရာတွင် အကျိုးပြုသော အပင်အချို့နှင့် အတူတကွ စိုက်ပျိုးခြင်းဖြစ်သည်။ ခရမ်းချဥ်သီးအနီးရှိ အာနိသင်သည် ပင်စိမ်း သို့ကြရောက်သော ပိုးမွှားများကို တိုက်ထုတ်နိုင်ကြပြီး အရသာများကိုလဲ မြှင့်တင်ပေးနိုင်သည်။ အလာတူ မုန်လာဥနီသည် ပိုးမွှားများကို တားဆီးပေးသည့်အတက် ကြက်သွန်နီ နှင့် အတူတကွ စိုက်ပျိုးပေးသင့်သည်။ ပူးတွဲစိုက်ပျိုးခြင်းသည် ဓာတုပိုးသတ်ဆေးများကို လျှော့ချပေးပြီး အပင်တစ်ခုလုံး ကျန်းမာကြီးထွားမှု ကိုလဲမြှင့်တင်ပေးသည်။
Mulching
Mulching ပြုလုပ်ခြင်းဖြင့် ကောက်ရိုး သစ်သားချစ်ပ်များ အလွှာ နှင့် သစ်ရွက်ခြောက် များအသုံးပြုခြင်းကြောင့် အစိုဓာတ်ကို သိသိသာသာထိန်းထားနိုင်သည်။ Mulching သည် နေရောင်ခြည်မှ ရရှိလာသော အာဟာရများကို မြေဆီလွှာ နှင့် ပျိုးပင် များသို့ ရရှိမှုကို ထိန်းညှိခြင်းပင်ဖြစ်သည်။
အိမ်သုံးပစ္စည်းများကို ပြန်လည်အသုံးပြုနည်း
ဝိုင်ပုလင်းဟောင်း သို့မဟုတ် ပလတ်စတစ် ကို ရေလောင်းကိရိယာအဖြစ် ရေဖြည့်ပြီး မြေကြီးထဲသို့ ပြောင်းထည့်ခြင်းဖြင့် ရေလောင်းကိရိယာအဖြစ် အသုံးပြုနိုင်သည်။ လိုအပ်သလို အစိုဓာတ်ကို ဖြည်းဖြည်းချင်း ထုတ်ပေးပါလိမ့်မည်။
သဘာဝ ပိုးသတ်ဆေးပြုလုပ်နည်း
ကြက်သွန်ဖြူ၊ လေးညှင်းပွင့်တို့ကို ရေနဲ့ရောစပ်ပြီး Spray ပုလင်းထဲသို့ထည့်ပြီး ပိုးမွှားများကို တားဆီးနိုင်သည်။ ရိုးရိုးကြက်သွန်ဖြူဖြန်းဆေးကို ဖန်တီးနိုင်ပါတယ်။ ၎င်းသည် သဘာဝ ပိုးမွှား တားဆီးမှု ကို အသုံးပြု၍ ဘုံ ပိုးမွှား အများအပြားကို ချေမှုန်းရာတွင် ကူညီပေးသည်။
ဝါသနာရှင် ဥယျာဉ်မှုးများ နှင့် group ဖွဲ့ခြင်း
အွန်လိုင်းမှ ဥယျာဉ်မှုး မိတ်ဆွေများ ဒေသအလိုက် ဥယျာဉ်မှူးများနှင့် ချိတ်ဆက်ခြင်း နှစ်မျိုးရှိသည်။ အဖိုးတန်သော ပံ့ပိုးကူညီမှုများ ပေးစွမ်းနိုင်ပြီး အတွေ့အကြုံများကို မျှဝေကာ အခြားသူများထံမှ သင်ယူနိုင်သည်။ မိမိ မိမိ သိချင်နေသော မေးခွန်းများ မေးမြန်းနိုင်သည့် ဒေသတွင်း ဥယျာဉ်ခြံကလပ်များ သို့မဟုတ် အွန်လိုင်း garden group များကို ရှာဖွေပါသည်။ ဥယျာဉ်ခြံမြေအသိပညာကို မြှင့်တင်ပေးရုံသာမက မျိုးစေ့များ သို့မဟုတ် အပင်များကို လဲလှယ်ရန် အခွင့်အလမ်းများကိုပင် ရှာဖွေနိုင်မည်ဖြစ်သည်။ ကြက်ဥခွံများကို ဓာတ်မြေသြဇာအဖြစ် အသုံးပြုခြင်းမှ စတင် ပြီးပြည့်စုံသော ဥယျာဉ်ခြံ tip and tricks ၁၀ ခုကို မျှဝေထားပါသည်။