ချက်ဘားကိုတော့ မူလပုံစံလေးအတိုင်းပဲသုံးထားတယ်။
နောက်ထပ်တစ်ခုကတော့ pressure gas ကိုတော့ ( ၁ ) က ( ၇ )ဘားအထိသုံးလို့ရတယ်။
လေပေါင်အားဖြင့်ကတော့ ( ၁၀၀ ) အထိသုံးလို့ရတယ်။ ထိုအပိုင်း ( ၃ )ခုကိုအသုံးပြုပြီး စမ်းပြမှာဖြစ်ပါတယ်။
အမြင့်ပေ ( ၄၅ ) ပေ အထိရေပန့်တင်နိုင်ဖို့ ရေပိုက်ကို ပေ ( ၈၀ ) အထိအသုံးပြုရပါသည်။ Ram Pump ဖြင့် ပေ ၂၀၀ အထိကို ရေတင်နိုင် ဖို့ရည်ရွယ်ထားပါတယ်။
ရေပိုက်ကတော့ ဂွမ်ဂျူး ၂ လက်မ ပိုက်အသုံးပြုထားပါတယ်။ အသုံးပြုတော့မယ်ဆိုရင် ပိုက်ထဲမှာ လေမခိုဖို့လိုပါတယ်။ ram pump ပိုက်ဆီကိုရောက်တဲ့အခါမှာလေ တွေများကြီးခိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၃ ပတ်ပိုက်အရွယ်စားအသေးမှ အကြီးသွားတာကြောင့် ရေပိုက်ထဲမှာ သေချာပေါက်လေခိုမှာပါ။ ထို့ကြောင့်လေမခိုအောင် ရေပိုက်အကြီးကို အရင်ဖြုတ်ပြီး လေမခိုအောင် ရေများဖြည့်လို့ အချိန်အတော်လေးကြာလာပြီးနောက် ပြန်တပ်လိုက်မယ်။
Maximum pressure စမ်းသပ်ခြင်း
အများဆုံးလေဖိအား ဘယ်လောက်ထိတက်လဲဆိုတာကို စမ်းကြည့်ကြရအောင်။ လေဖိအား စမ်းကြည့်တဲ့အခါ ၃ ဘာအထိရောက်တက်သွားတယ်။ အနည်းငယ် အားနေသောကြောင့် ပိုလေးတဲ့ ဝိတ်တုန်းထပ်ထည့်ဖို့တယ်။ လေအိုးထဲမှာရှိတဲ့ ၃ ဘားဆိုတာ ကားတာယာများ၏ လေဖိအားထက်တော့များတယ်။ ကားတာယာထဲမှာဆိုရင် လေဖိအား ၂.၂၅ ရှိပဲရှိပါတယ်။ လေအိုးကို သံအိုး သုံးသင့် ပါတယ်။ PVC Pipe များက လေဖိအားများတဲ့ ဒဏ်များမခံနိုင်သောကြောင့် ပေါက်ကွဲခဲ့လျှင် လို့ဆိုရင် အကုန်ကြေမွပြီး လူကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ချက်ဘားကို ဝိတ်များများနဲ့ဖိလျှင် လေပေါင်က ပိုပိုတက်လေးပါပဲ။ အခုတော့ စမ်းသပ်ချက်ကအောင်မြင်သွားပါပြီး။