ထင်းရှူးစေ့တွေက ဘာကြောင့် စျေးကြီးနေရတာလဲ ?
ကမ္ဘာတဝှမ်းတွင် စားသုံးနိုင်သည့် ထင်းရှူးပင်မျိုးစိတ်ပေါင်း ၃၀ ရှိသည်။ ကိုရီးယားထင်းရှူးသီး မျိုးစေ့ လိုပဲ တရုတ်အရှေ့မြောက်ပိုင်းမှာ စီးပွားဖြစ် စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးရာတွင် အခြားသော အသီးတွေလို ခြံနဲ့ စိုက်ပျိုးနိုင်တဲ့ အပင်မျိုးတွေနဲ့ မတူတာကြောင့် စိုက်ပျိုးနည်များကို အတိအကျ လိုက်နာနိုင်ဖို့ လိုအပ်သည်။ ထင်းရှူးစေ့အများစုသည် သဘာဝသစ်တောများနှင့် တောင်ပေါ်များတွင်ပေါက်ရောက်သည်။ ထင်ရှူးပင်သည် အစေ့အဆံများရရှိသည်ထိ စိုက်မယ်ဆိုရင် ၂၅ နှစ် မှ နှစ် ၅၀ အထိ ကြီးထွားရန်လိုအပ်သည်။ ဤအချိန်ကြာပြီးနောက်တွင် ထင်ရှူးပင်များကို နှစ်နှစ်လျှင်တစ်ကြိမ် ခူးဆွတ်နိုင်သည်။
.
ထင်ရှူးသီးများကို ခူးဆွတ်ရန် အမြင့်ပေ ၁၀၀ ကျော်တက်ရသည်။ တစ်နေ့ ထင်ရှူးပင် ၂၀ မှ ၃၀ လောက်အထိ တက်၍ ခူးယူရသည်။ နေ့စဥ်အလုပ်သမားတစ်ဦးလျှင် ၁၃၉ ဒေါ်လာ ပေးရပါသည်။ အလုပ်သမားများအတွက် အသက်အာမခံကြေး ပေးဆောင်ရသည်မှာလဲ စျေးအလွန်ကြီးသည်။
.
ထင်းရှူးသီးများ ကောက်ယူချိန်
ထင်းရှူးသီးတွေကို ခူးယူတဲ့အချိန် ဘယ်လောက်ကြာမယ် ဆိုတာကို ခန့်မှန်းလို့ မရနိုင်ပါဘူး ကိုရီးယား ထင်းရှူးသီးတွေက နှစ်လကနေ အနည်းဆုံးရက် ၂၀ ကြာနိုင်ပါတယ်။ အလုပ်သမားတစ်ယောက်က တစ်ရက်ကို ၁၄၂ ပေါင်ရှိတဲ့ အိတ် တစ်ရက်ကို အများဆုံး ၆ အိတ်လောက် ကောက်နိုင်ပါတယ်။ အလုပ်သမားများကို အခကြေးငွေ ပေးချေပုံနည်းလမ်း (၂) မျိုးရှိသည်။ နေ့စားအလုပ်သမား နှင့် ပုဒ်ပြတ် အလုပ်သမားများဖြစ်သည်။ ၂၀၂၁ အချက်အလက်တွေအရ ၁၄၂ ပေါင်ရှိတဲ့ အိတ် လေးအိတ် အပြည့်ကို $720 ပေးရပါတယ်။
ကောက်ယူထားသော ထင်းရှူးသီးများကို အခွံခွာရန် စက်ရုံသို့ ပို့ဆောင်ပေးရမည် ဖြစ်သည်။ ထင်ရှူးအစေ့များသည် မမှည့်သေးလျှင် ထပ်ဆင့်လုပ်ဆောင်ရန် လိုအပ်သေးသည်။
- .
ထင်းရှူးစေ့ထုတ်လုပ်ခြင်း
ထင်းရှူးစေ့များရရှိရန် ခြွေလှေ့ခြင်း လုပ်ငန်းစဥ်ကို လုပ်ဆောင်ပြီးနောက် ထင်ရှူးစေ့ အတွင်းပိုင်းအစေ့များ၏ အရည်အသွေး နှင့် စျေးကွက်ရောင်းချရာတွင် စျေးနှုန်းကိုပါ ဆုံးဖြတ်နိုင်သောကြောင့် အရေးကြီးသော အခန်းကဏ္ဍပါဝင်သည်။ ထင်ရှူးသီးကြွေးခွံများသည် ရင့်မှည့်လာလျှင် ထင်းရှူးစေ့များကို ထုတ်ယူနိုင်ပြီးဖြစ်သည်။ ထင်ရှူးသီး ၂၅၀ ကီလိုဂရမ်သည် ထင်းရှူးစေ့ ၅၀ ကီလိုဂရမ်သာ ထွက်ရှိသည်။ ထင်းရှူးပင် အများစုသည် သဘာဝသစ်တောများတွင် ပေါက်ရောက်သောကြောင့် တစ်နှစ်ပြီးတစ်နှစ် အထွက်နှုန်းမှာ အပြောင်းအလဲများရှိသည်။ ထို့နောက် ထင်းရှူးသီးများသည် အရွယ်အစားပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းလဲရှိသည်။
.
ထင်းရှူးသီးတွေက အရောင်ဖျော့နေမယ်ဆိုရင် အသီးခွံ့ခွာရတာ ခက်ခဲတာကြောင့် ပလတ်စတစ်အိတ် စွပ်ပေးလိုက်တဲ့အခါ အပူဓာတ်ကို ရရှိသွားတာကြောင့် အသီးခွံ့ခွာရတာ လွယ်ကူသွားပါတယ်။ ပထမဆုံးရက်မှာ ခူးလာတဲ့ ထင်းရှူးသီးတွေကို အခွံ့ခွာဖို့အတွက် ၁၀ ရက်နေ ၁၅ ရက်ထိစောင့်ရပါတယ်။ ထင်းရှူစေ့တွေကို အမြန်ဆုံး မရောင်းနိုင်ဘူးဆိုရင် အချဉ်ဖောက်ပြီး ပူလာတဲ့အခါ အရောင်နဲ့ အရသာ မကောင်းတော့ပါဘူး ။ ထင်းရူးစေ့တွေကို ရောင်းတဲ့ အခါ အစေ့ခွံ့ ခွာပြီး အဖြူရောင် အဆံကို ရောင်းသလို အစေ့ခွံမခွာပဲ ရောင်းတာလည်းရှိပါသည်။
.
ထင်းရှူးစေ့ စျေးကွက်
ထင်းရှူးစေ့ အစေ့အဆန် အများဆုံး ထုတ်လုပ်သည့် နေရာများမှာ အရှေ့အာရှနှင့် မြေထဲပင်လယ်တို့တွင်ဖြစ်သည်။ ကိုရီးယားထင်းရှူးပင်များသည် တရုတ်တွင်စိုက်ပျိုးသော ထင်းရှူးပင်မျိူးစိတ်များပင်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ထင်းရှူးစေ့ စျေးကွက်သည် ဒေါ်လာ ၃၃၂ သန်းအထိ ကြီးထွားလာမည်မျှဟုတ် ခန့်မှန်းထားကြသည်။ ဟင်းလျာနဲ့ အစားအသောက် အတော်များများမှာ ထည့်သုံးလာကြောင့်သော ထင်းရှူးစေ့ စျေးနှုန်းများသည် ဆက်လက်တက်နေဦးမည်။