နှစ်တိုင်း တန်ပေါင်း ၉၂ သန်း စွန့်ပစ်အထည်ဟောင်းများရှိနေပြီး polyester ကဲ့သို့သော ချည်ထည်အတုများကို Recycle မပြုလုပ်နိုင်သေးပါ အဝတ်ထည်များစွန့်ပစ်ခြင်းကြောင့် US Environmental Protection Agency EPA ၏ အချက်လတ်များအရ မြေဆီလွှာ၊ ရေထု နှင့် လေထုများကို ညစ်ညမ်းစေပြီး သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်စေသည်။#LGTmyanmar , #BBKmyanmar
.
US ကနေ စွန့်ပစ်အဝတ်ဟောင်းတန် ၁၁ သန်းကို ၂၀၁၈ ခုနှစ်တွင် ၇.၇ % ကျော် recycle မလုပ်နိုင်ပဲ အမှိုက်အဖြစ် စုပုံလာခဲ့သည် ။ ကမ္ဘာ့ အထည်အလိပ် နှင့် ဖက်ရှင် လုပ်ငန်းများသည် ကမ္ဘ့ာ ရေထုကိုညစ်ညမ်းမှုစေတဲ့ ၂၀% ခန့် ပါဝင်နေပါသည်။ အထည်အလိပ် အသစ်များကို ထုတ်လုပ်ရာတွင် အသုံးပြုရသော စွမ်းအင်များနှင့် ချည်အင်္ကျီတစ်ထည် ရရှိရန် ရေလီတာပေါင်းများစွာ နှင့် စွမ်းအင်အရင်းအမြစ်ပေါင်းများ ၊ ဓာတုပစ္စည်းများစွာ သုံးစွဲပါသည်။
.
အထည်တွေကို Recycle ပြုလုပ်ခြင်း
Recycling ပြုလုပ်ခြင်းသည် အဝတ်ထည်ဟောင်းများနှင့် စွန့်ပစ်ထားသော အဝတ်အစားများကို recycling ပြုလုပ်ပြီး ပြန်လည် အသုံးပြုသည့် လုပ်ငန်းစဥ် တစ်ခုဖြစ်သည်။ အထည်အလိပ် အမှိုက်များကိုလျှော့ချပေးရုံသာမက သဘာဝ အရင်းအမြစ်များကိုလဲ သက်သာစေပြီး သဘာဝပတ်ဝန်းကျင်း ထိခိုက်မှုကိုလဲ လျှော့ချပေးသည်။ အဝတ်ဟောင်းများ နှင့် ပစ္စည်းများကို စုဆောင်းခြင်းမှာ စတင်ပြီး ထုတ်ကုန် ပစ္စည်းအသစ်ဖြစ်သွားအထိ Recycle ပြုလုပ်ထားသည့် လုပ်ငန်းစဥ် တစ်ခုလုံးကို လေ့လာကြည့်ရအောင်။
.
အထည်ဟောင်းများကို Recycle အသုံးပြုခြင်း ပထမဆုံးခြေလှမ်းကတော့ စုစည်းမှုဖြစ်သည်။ အင်္ကျီအဟောင်း နှင့် စုပ်ပြဲနေသော ဂျင်းဘောင်းဘီများကို မလိုအပ်သောအခါ သတ်မှတ်နေရာတွေမှာ စွန့်ပစ်ထားတဲ့ နေရာတွေကတဆင့် စုဆောင်းပါတယ် ။ အဝတ်အစားဟောင်းများကို ဘေထုပ်ဆိုင်များ၊ ဖက်ရှင်စတိုင်းများ နှင့် ပရဟိတအဖွဲ့အစည်းများမှ တဆင့် ရရှိနိုင်ပါသည်။ လိုအပ်နေတဲ့သူတွေကို လှူဒါန်းလိုက်တဲ့ သူတွေလဲရှိသလို အိမ်မှာ အကြမ်းသုံးအဝတ်တွေအဖြစ် ပြောင်းသုံးကြပါသည်။
- .
အမျိုးအစားခွဲခြင်း
သိမ်းယူလာသည့်အဝတ်အစားများကို ပစ္စည်းအရောင် နှင့် အမျိုးအစားများပေါ်မူတည်ပြီး အမျိုးအစားခွဲရမည်။ ချည်သားအတု polyester သိုးမွှေးများ နှင့် ပိုးထည် ကဲ့သိ့ အထည်မျိုးများကို အမျိုးအစားခွဲခြားထားရမည်။ အမျိုးအစားခွဲခြင်း တွင် ခေတ်မှီစက်များ နှင့် လူကိုယ်တိုင် အမျိုးအစားခွဲခြင်း နှစ်မျိုးလုံးကို အသုံးပြုသည်။ အဘယ်ကြောင့်ဆိုသော် အထည် အမျိုးအစားတစ်ခုစီသည် မတူညီသောကြောင့် Recycle ပြုလုပ်ရန် တိကျစွာ ခွဲထုတ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ scanners နဲ့ sensors တွေက အဝတ်အစား ထောင်ချီကို တစ်မိနစ်အတွင်း အမျိုးအစား ခွဲနိုင်တာကြောင့် စက်တွေကိုလဲ အသုံးပြုပါတယ်။ ရောစပ်ထုတ်လုပ်မှုများကြောင့် Manual sorting များသည် လိုအပ်နေသေးသည်။
အမျိုးအစားခွဲခြားတဲ့ အဆင့်က ပြင်ဆင်တဲ့ အဆင့်မဟုတ်ပဲ လုပ်ငန်းတစ်ခုလုံး recycle ပြုလုပ်ခြင်းမှန်ကန်ပြီးမြောက်ဖို့အတွက် အရေးကြီးတဲ့ အဆင့်ဖြစ်တာကြောင့် အရေးကြီးပါသည်။
- .
အထည်ဟောင်းများကို Recycle အဆင့်ဆင့်လုပ်ဆောင်ခြင်း
- အဝတ်ထည်အဟောင်းများ နှင့် စွန်ပစ် အထည်များကို ပထမဦးစွာ သန့်စင်ဆေးကြေားခြင်းဖြင့် စတင်ပါမည်။ အထည်အရေတွက် အများကြီးကို လျော်ဖွတ်ပေးနိုင်မယ့် ရေအားပြင်းတဲ့ စက်တွေနဲ့ ပိုးမွှားတွေကို ဖယ်ရှားနိုင်တဲ့ အထူးပြုလုပ်ထားသော ဆပ်ပြာများကိုလိုအပ်ပါသည်။ နည်းပညာအကူညီဖြင့် အော်ဂဲနစ်၏အစွန်းအထင်းများကို ဖြေရှင်းရန် ဇီဝအင်ဇိုင်းပါဝင်သော ဆပ်ပြာများလိုအပ်သည်။
- ထို့နောက် ကြယ်သီးများ၊ နှိပ်စိများ၊ သံများ နှင့် ဇစ်များ ကဲ့သို့မလိုအပ်သောအပိုင်းများကိုဖယ်ရှားပေးရမည်။
- အထည်များကို Shredder စက်တွေနဲ့ အမျှင်သေးသေးလေးအထိ ဖြစ်သည်အထိ ပိုင်းဖြတ်ပေးရပါသည်။ အမျှင်တွေကို fiber separator က တိကျစွာ အမျိုးအစားထပ်ခွဲပေးတာကြောင့် recycle လုပ်ရတာ ပိုလွယ်သွားစေပါတယ်။
- ရလာတဲ့ Fiber တွေကို spinning machine ကို အသုံးပြုပြီး ချည်မျှင်အဖြစ် ပြောင်းလဲ ထုတ်လုပ်ပါတယ်၊ သူ့ရဲ့အလုပ်လုပ်ပုံက ချည်ရက်တဲ့ စက်တွေနဲ့ ဆင်ပေမယ့် စက်ရဲ့ လည်အားက မြင့်တာကြောင့် တစ်နာရီအတွင်းမှာ မီတာနဲ့ ချီပြီး ရလာအောင် အလုပ်လုပ်ပေးနိုင်ပါတယ်။
- Polyester ချည်အတု များသည် ချည်အစစ်များကဲ့သို့ မဟုတ်ပဲ ချည်အဖြစ်မပြောင်းလဲခင် မြင့်မားတဲ့ အပူချိန်မှာ အရည်ပျော်ရန် လိုအပ်သည်။
- ချည်မျှင်အသစ်များ အဆင်သင့်ဖြစ်သောအခါတွင် ချည်မျှင်ရက် စက်များဖြင့် အထည်အလိပ်အသစ်များအဖြစ် ယက်လုပ်ကြသည်။ ထောင်နဲ့ချီတဲ့ ချည်မျှင်တွေနဲ့ ချိတ်ဆက်ပြီး နာရီအနည်းငယ်အတွင်းမှာ ပိတ်စတွေရလာအောင် ရက်လုပ်ပါတယ်။
- နောက်ဆုံးအဆင့်တွင် ဖြတ်တောက်ခြင်း၊ အပ်ချုပ်ခြင်းနှင့် ဆေးဆိုးခြင်း အရည်အသွေးစစ်ဆေးခြင်း ကဲ့သို့သော အပြီးသတ်လုပ်ငန်းစဉ်များ ပါဝင်သည်။
- Recycle အထည်များသည် ထုတ်ကုန် အမျိုးမျိုးတွင် အသုံးပြုရန် အဆင်သင့်ဖြစ်နေပါပြီး။