ကြက်သွန်နီအသုံးပြုပြီး နှင်းဆီမျိုးပွားခြင်း


  • နှင်းဆီကိုင်းတစ်ကိုင်းယူပြီး ဆူးရှိတဲ့ အဆစ်ကို အလယ်မှာထားပြီး နှစ်လက်မအရွယ် ဖြတ်ပေးပါ။
  • နှစ်လက်မအရွယ် ကိုင်းလေးတွေရဲ့ တစ်ဝက်လောက် အခွံ့ခြစ်ထုတ်လိုက်ပါ။
  • အခွံ့ခြစ်ထားတဲ့ ဘက်ကို ရှားစောင်းလက်ပတ်ဖြင့် သုတ်လိမ်းပါ။  #LGTmyanmar, #BBKmyanmar
  • ကြက်သွန်နီဥများကို ထိပ်များဖြတ်ပြီး မြေကြီးထဲသို့ နှစ်ပေးပါ။ ကြက်နီထိပ်များကို ရှားစောင့်းလက်ပတ်ဂျယ်များ လိမ်းပေးပြီး ရှားစောင်းလက်ပတ်တစ်မွှာကို ဓားဖြင့် အပိုင်းသေးသေးလေးတွေ ဖြစ်သွားအောင် ဖြတ်ပေးပြီး ကြက်သွန်နီစိုက်ထားတဲ့မြေကြီးပေါ်  ဖြန့်ကြဲပေးပါ။
  •  ထို့နောက် နှင်းဆီရိုးသေးသေးလေးတွေရဲ့ အခွံ့ခြစ်ထားတဲ့ဘက်ကို ကြက်သွန်နီဥများပေါ် တင်ထားပြီးစိုက်ပျိုးပေးပါ။ ရေအနည်းငယ်ဖြန်း‌ပေးပါ။ 
  • ပလတ်စတစ်အိတ်ဖြင့် အိုးကို အုပ်ထားပေးပါ။ ၂၈ ရက်အကြာတွင် အရွက်သစ် နှင့် အမြစ်လေးတွေ ပေါက်ရောက်လာတာတွေ့ရမှာပါ။
  • အုန်းဆံမှုန့် နှင့် ရောထားသော ပန်းအိုးတစ်လုံးထဲသို့  ရွှေ့ပြောင်းစိုက်ပျိုးပေးပါ။ ထို့နောက် ရေးအနည်းငယ်ဖြန်းပေးပါ။ ကြည့်ရှုမှုအတွက် အထူးကျေးဇူးတင်ပါသည်။  


Previous Post Next Post