ပန်းပျိုးပင်တွေကို အိမ်မှာမစိုက်ခင် လုပ်သင့်တဲ့အချက် ၃ ချက်




မင်္ဂလာနံနက်ခင်းပါ သူငယ်ချင်းတို့ရေ ဒီဗီဒီယိုလေးထဲကနေပြီး‌တော့  ကြိုဆိုလိုက်ပါတယ်။ ပျိုးခင်းထဲကနေ အပင်တွေဝယ်လာတယ် ဘာလိုစိုက်ရမလဲဆိုတာပြောပြမယ်ကွာ။ ပျိုးခင်းမှ ဝယ်ထားသော ပန်းပင်များကို အိမ်သို့ယူဆောင်လာပြီးနောက် မစိုက်ပျိုးမှီ လုပ်ဆောင်ရမည့် အရာ ( ၃ ) ချက် ရှိသည်။ မလိုက်နာမိဘူးဆိုလျှင်  အပင်များအားလုံးသေနိုင်သည်ကို သတိထားဖို့လိုအပ်သည်။ ပျိုးခင်းမှ ပျိုးပင်များဝယ်ပြီးသည်နောက် ၎င်းအချက်လက်များသည် အလွန်အရေးကြီးသောကြောင့် အကြံပြုချက်များကို လိုက်နာရမည်ဖြစ်သည်။ 

#LGTmyanmar , #BKKmyanmar

1 . ပျိုးပင်များကို သေချာစွာ ထုတ်ပိုးစေရန်

ပျိုးပင်တွေ ဝယ်ယူတဲ့အခါ မှို ၊ ပိုးမွှားများ၊ အင်းဆက်ပိုးမွှားများဝင်ရောက်မရှိပဲ ကျန်းမာတဲ့အပင်တွေဖြစ်ဖို့ အရေးကြီးပါတယ် ။ အပင်များကို ပိုးမွှား အန္တရာယ် နှင့် ပျိုးပင်များ ပျက်စီးခြင်းမှ ကာကွယ်နိုင်ရန် တပင်စီကို သီးခြား ထုပ်ပိုးသင့်သည်။ အပင်ဆိုင်ရှင်အများစုသည် ပလပ်စတစ် သို့မဟုတ် သတင်းစာများဖြင့် ပျိုးပင်များကို ထုပ်ပိုးပေးသည်။ ဝယ်ယူလာသည့် အပင်များကို အိမ်ကိုရောက်လာသည့်အခါ ပျိုးပင်များကို ထုပ်ပိုးထားတဲ့ သတင်းစာကနေ ဖယ်ပြီး ဗန်းထဲသို့ ထည့်လိုက်ပြီးနောက် အပင်များ ချက်ချင်းလုပ်ဆောင်ရမည့်အရာ ( ၂ ) ခု ရှိသေးသည်။ ပန်းပျိုးပင်တွေကို ဗန်း၊ ပလစ်စတစ်အိုး၊ ကြွေထည်ဗန်း ထဲ့သို့ ထည့်ပေးထားပါ။

2. မှို နှင့် ပိုးမွှား အန္တရာယ် မှကာကွယ်ရန်

ပိုသတ်‌ဆေး မှိုသတ်ဆေးစသည်တို့က အလွန်အရေးပါသည်။ မှိုသတ်ဆေး၊ Moc မှိုသတ်ဆေး သို့မဟုတ် bisin ပိုးသတ်ဆေးများကိုလဲ အသုံးပြုနိုင်သည်။ မှိုသတ်ဆေး သို့မဟုတ် မည်သည့် ပိုးသတ်ဆေးမဆို ပိုးသတ်ဆေးကို ၂ ဂရမ် နှင့် ရေကို တစ်လီတာခန့် ရောထည့်ပြီး သေချာလှုပ်ခါပေးပါ။ ထို့နောက် ပျိုးပင်များကို စနစ်တကျ ဖြန်းပေးသင့်သည်။ မှို နှင့် ပိုးမွှာများသည် အလွန်အန္တရာယ်များသောကြောင့် အစောပိုင်းတွင် တစ်နေ့လျှင် တစ်ကြိမ်ဖြန်းပေးသင့်သည်။ အိုးကြီးများဖြင့် ပြောင်းရွေးမစိုက်ပျိုးခင် ဗန်းထဲသို့ သဲများဖြည့်ပြီး စိုက်ပျိုးနည်းကို အသုံးပြုရမည်။ ဗန်းထဲသို့ သဲများ တစ်ဝက်ခန့်ဖြည့်ပြီး ရေများထပ်ပေါင်းထည့်ရမည်။ သို့သော် သဲများကိုစိုစွတ်စေရန်ဖြစ်ပြီး သင့်လျော်သော ရေပဏမသာ ထည့်ရမည်။ သဲထည့်ထားတဲ့ ဗန်းထဲသို့ ပျိုးပင်ပေါက်ကလေးတွေထည့်ထားပေးရပါမယ်။ ပျိုးပင်ထည့်ထားတဲ့ ခွက်မှာ ရေစီးဆင်းဖို့ အပေါက်ငယ်လေးတွေ ရှိနေဖို့ လိုအပ်ပါသည်။

3 .နေရောင်ခြည် နှင့် ပျိုးပင်များကို ကောင်းစွာ စိုက်ပျိုးနည်း

ပျိုးပင်များစိုက်ပြီးနောက် သင့်လျော်သောနေရောင်ခြည်ရရိသောနေရာများ နှင့် လေဝင်လေထွက်ကောင်းနေရာများတွင်ထားရှိသင့်သည်။ ဒေလီယာ  အပင်များသည် နေရောင်ခြည်ကို အချိန်ကြာမြင့်စွာ တိုက်ရိုက်ထိရောက်နေလျှင် အပင်များခြောက်သွေ့သွားနိုင်သည်။ ထို့ကြောင့် အရိပ်ရနေရာများတွင်သာထားရှိသင့်သည်။ ဒေလီယာ အပင်များသည် စိုက်ပျိုးပြီး ၁၀ ရက်ကြာပြီးနောက်တွင် အမြစ်များ စထွက်လာမှသာ ရွှေ့ပြောင်းစိုက်ပျိုးနည်းကို စိုက်ပျိုးရမည်။ ထိုအချက်လက်များကို လိုက်နာမှသာ အပင်များကောင်းစွာကြီးထွားလာမည်ဖြစ်သည်။ အဓိက ၃ ချက်လိုက်နားခြင်းဖြင့် ပျိုးပင်များကို ကောင်းစွာ ပြုစုပျိုးထောင်နည်းလမ်း လွယ်ကူစွာ သိသွားပါသည်။ 

Previous Post Next Post