လွယ်ကူသော ရောင်းတမ်းဝင် မြေပဲထောပတ် ပြုလုပ်နည်း




ယနေ့ခေတ် လူတစ်ဦးချင်း မြေပဲထောပတ် စားသုံးမှုဟာ ၄.၄ ပေါင်အထိ တိုးတက်လာပြီး ကမ္ဘာအကြီးဆုံး မြေပဲထောပတ် စက်ရုံများ၏ လုပ်ငန်းစဥ် လုပ်ဆောင်ပုံအဆင့်ဆင့်ကို ရှာဖွေကြည့်ရအောင်။ #LGTmyanmar, #BBKmyanmar


မြေပဲအစေ့များသည် ကြီးထွားပြီး လှပသော အရောင်များဖြစ်နေမယ်ဆိုရင် အရည်အသွေး နှင့် အာဟာရတန်ဖိုးကို ဖော်ပြလို့ရပါသည်။ မြေပဲများကို ရိတ်သိမ်းပြီး စက်ရုံသို့ပို့ဆောင်ရမည်။ ထို့နောက် မြေပဲများကို စေ့စပ်သေချာစွာ ရွေးချယ်ခြင်း လုပ်ငန်းစဥ် ကိုစတင်လုပ်ဆောင်ပါ။ 


မြေပဲထောပတ် ပြုလုပ်ခြင်း အဆင့်ဆင့်

  • အရည်အသွေးပြည့်ဝသော မြေပဲများကိုသာ ရွေးချယ်ရပါမည်။ 
  • မြေပဲများကို အခွံခွာစက်ထဲသို့ ထည့်ပြီး သန့်ရှင်းထားတဲ့ မြေပဲများက နောက်အဆင့်များအတွက် လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီးဖြစ်သည်။ မြေပဲ အခွံများကို ဖယ်ရှားခြင်းသည် သန့်စင်သော မြေပဲထောပတ် ရရှိဖို့ ပိုမိုလွယ်ကူစေသည်။ 
  • မြေပဲများကို ပြင်ဆင်ပြီးပါက မြေပဲများကို ကြိတ်စက်ထဲသို့ ၃ မိနစ်မှ ၅ မိနစ်ကြိတ်ပေးပါ။
  • သကြား၊ ဆား နှင့် stabilized ဆီများ ထပ်ပေါင်းထည့်ပြီး နောက်ထပ် ၅ မိနစ်ခန့် ထပ်မွှေပေးပါ။
  • အရည်အသွေး ထိန်းညှိခြင်း အဆင့်တွင် ရောစပ်ထား မြေပဲထောပတ် အရသာများ လိုက်လျောညီထွေရှိမှု ရှိမရှိကို စစ်ဆေးရသည်။ 
  • အရည်သွေးစစ်ဆေးပြီးတဲ့နောက် မြေပဲထောပတ်များကို ဖန်ပုလင်းများဖြင့် ထည့်သွင်းရောင်းချပါသည်။ 


မြေပဲထောပတ် များကို လတ်ဆတ်ပြီး အရသာရှိစေရန် နှင့် ကြာရှည်အောင်ပြုလုပ်ခြင်း ထုတ်ပိုးမှုလုပ်ငန်းစဥ်များကိုလည်း ဆက်လက် လုပ်ဆောင်ပေးရမည်။ နောက်ဆုံးတွင် မြေပဲထောပတ်များကို ထုပ်ပိုးပြီး စူပါမားကတ်များသို့ ဖြန့်ချိရန် အသင့် ဖြစ်နေပါပြီ။


သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း

 စက်ရုံများသည် အမှိုက်နှင့် အဆိပ်အတောက်များ ထုတ်လွှတ်မှုကို လျှော့ချရန် အရင်းအမြစ်များနှင့် ပစ္စည်းများ အသုံးပြုမှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် ကတိပြုသင့်သည်။ မြေပဲထောပတ် ထုတ်လုပ်မှု လုပ်ငန်းစဥ်များတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချနိုင်ရန် စဥ်ဆက်မပြတ်ကြိုးစားသင့်သည်။ 


Previous Post Next Post