စိုက်ပျိုးခြင်း
အစောပိုင်းပျိုးပင် စိုက်ပျိုးသည့်လုပ်ငန်းစဥ်တွင် ပင်လယ်ရေမျက်နှာပြင်မှာ နိုရီ (ပင်လယ်ရေညှိ) ပျိုးပင်များကို nets ဖြင့်ချိတ်၍စိုက်ပျိုးကြသည်။ နိုရီ ပျိုးပင်များကို ကောင်းစွာ ကြီးထွားစေရန် အပူချိန်ကို ထိန်းညှိရမည်။ ပျိုးစေ့တွေ net မှာ ပေါက်လာတာနဲ့ တပြိုင်နက် ပင်လယ်ရေမျက်နှာပြင်မှာ စိုက်ပျိုးနိုင်တဲ့ အခြေအနေရောက်တဲ့ အချိန်ထိ အအေးခံပေးရပါတယ်။ #LGTmyanmar, #BBKmyanmar
.
ရိတ်သိမ်းခြင်း
ဒီရေကျနေတဲ့ အချိန်မှာ နိုရီပင်လယ်ရေမှော်အစေ့ကို ပင်လယ်ရေမျက်နှာပြင်ထက်တွင် အခြောက်ခံတာက မလိုလားအပ်တဲ့ မှော်တွေကို တားဆီးနိုင်ဖို့ အပြင် ရိတ်သိမ်းနိုင်တဲ့အချိန်ထိ တစ်လလောက်ဆိုရင် မျိုးစေ့လေးတွေ ပေါက်လာစေပါသည်။
စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းစဉ်သည် အေးမြသောရာသီဥတုတွင် ထပ်ခါထပ်ခါ ပြန်လည်စိုက်ပျိုးပါသည်။ ပိုက်ကွန်များကို ရိတ်သိမ်း ရာသီတစ်လျှောက် တစ်လလုံးနီးပါး ပင်လယ်ထဲမှာ တပ်ဆင်ထားကြပါသည်။
.
ထုတ်လုပ်မှု
ပင်လယ်ကတဆင့် နိုရီပင်လယ်မှော်များကို ရိတ်သိမ်းသန့်စင်ပြီး သေးသေးလေးများဖြစ်အောင် ပြုလုပ်ပါသည်။ ပင်လယ်မှော်တွေကို တသားတည်းဖြစ်သွားအောင် စက်ကြီးများနဲ့ ရောမွှေပါတယ်။ ရလာတဲ့ အရောအနှောကို အခြောက်ခံစက်နဲ့ ဖိစက်ရှိတဲ့ မိုလ်ထဲကို လောင်းချပြီး ရွှေလျားစက်တွေနဲ့ ထွက်လာတဲ့ နိုရီရေညှိအချပ်လေးတွေကို ၁၀ ခု ပါတဲ့ အစုလိုက် ၁၀ တွဲ တွဲချည်ပြီး ထုတ်လုပ်ရောင်းချပါတယ်။