အပိုင်း (၂) မှာ မေးခွန်း - ၆ က နေ ၁၀ အထိ ဖြေပြပေးထားပါတယ်။
- နောက်ငါးနှစ်ဆိုရင် ကိုယ်က ဘယ်နေရာမှာ ရောက်နေမယ်ထင်လဲ
- လုပ်ဖော်ကိုင်ဖက်တွေနဲ့ အယူအဆတွေ မတူတဲ့အခါဘယ်လိုဖြေရှင်းလဲ။
- မင်းကို မိုတီဖြစ်စေတဲ့ အရာတွေကို ပြောပြပေးပါ။
- အကောင်းဆုံး ရရှိခဲ့တဲ့ အောင်မြင်မှုအကြောင်း။
- ဦးစားပေးဆောင်ရွက်ရမယ့် အလုပ်တွေကို ဘယ်လိုခွဲခြားဆောင်ရွက်ပါလဲ
#LGTmyanmar #BBKmyanmar
- မေးခွန်းတွေကို မှန်မှန်ကန်ကန် ပြန်ဖြေရမယ့် နည်းလမ်း နဲ့ အကောင်းဆုံး နမူနာ အဖြေတွေကို ပြောပြပေးထားပါတယ်။ နမူနာအဖြေတွေ ဖြစ်ပြီး ကိုယ့်ရဲ့ အကြောင်းနဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ပြောင်းလဲ ဖြေဆိုပါ။
- .
မေးခွန်း ၆ - နောက်ငါးနှစ်ဆိုရင် ကိုယ်က ဘယ်နေရာမှာ ရောက်နေမယ်ထင်လဲ
- company အနေနဲ့ တစ်စုံတစ်ယောက်ကို အလုပ်ခန့်ဖို့အတွက် အချိန်၊ အားထုတ်မှုနဲ့ လက်ရှိ company နဲ့ တသားတည်းဖြစ်အောင် သုံးရတဲ့ အရင်းအမြစ်တွေ များတဲ့အတွက် ဒီအလုပ်မှာ ရေရှည်အလုပ်လုပ်မယ့် သူကို ပိုရွေးချယ်ချယ်ချင်ကြပါတယ်။
- နမူနာ အဖြေများ
- အလုပ်နဲ့ ပတ်သက်ပြီး ငါးနှစ်အစီအစဉ်ကတော့ အခုထပ်ပိုပြီးတော့ နောက်ထပ်အလုပ်တာဝန်တွေ ယူနိုင်တဲ့သူအဖြစ် ရာထူးတိုးချင်ပါတယ်။နောက်ငါးနှစ်ဆိုရင် မတူညီတဲ့ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပြီးတော့ တခြား ဌာနတွေကို ကူညီပေးနိုင်မယ့် အရည်အချင်းတွေနဲ့ တာဝန်ယူနိုင်တဲ့ အလုပ်တွေများလာတဲ့သူ ဖြစ်နေလောက်ပါပြီ။ နောက်ထပ် ဝင်လာတဲ့ ဝန်ထမ်းသစ်တွေကို ပြန်သင်ပေး လမ်းပြပေးနိုင်တဲ့ သူဖြစ်ချင်ပါတယ်။
မေးခွန်း ၇ - လုပ်ဖော်ကိုင်ဖက်တွေနဲ့ အယူအဆတွေ မတူတဲ့အခါဘယ်လိုဖြေရှင်းလဲ။
- နမူနာ အဖြေများ
- သဘောထားကွဲလွဲမှုတွေက team တွေရဲ့ ဆောင်ရွက်ချက်တွေကို နှောင့်နှေးစေတာကြောင့် အမြန်ဆုံးဖြေရှင်းနိုင်မယ်နည်းလမ်းကို ရရှိစေဖို့ ရှာဖွေပါတယ်။ ကိုယ့်ကြောင့် မဖြစ်စေဖို့ ကိုယ်ပြောတဲ့ စကားတွေနဲ့ လုပ်ဆောင်ချက်တွေကို သတိထား အဖြေရှာပြီးတော့ သူတို့တွေရဲ့ အမြင်ကို ဆွေးနွေးပြီးတော့ ရှေ့ကိုရောက်စေဖို့ ညှိနှိုင်းဆောင်ရွက်ပါတယ်။
- .
မေးခွန်း ၈ - ဦးစားပေးဆောင်ရွက်ရမယ့် အလုပ်တွေကို ဘယ်လိုခွဲခြားဆောင်ရွက်လဲ။
- နမူနာ အဖြေများ
- team နဲ့ company ရဲ့ လုပ်ငန်းဆောင်တာ တွေပေါ်မှာ မူတည်ပြီး အရေးကြီးတဲ့အလုပ်ကို အရောင်တွေနဲ့ ခွဲခြားသတ်မှတ်ပါတယ်။ လုပ်ရမယ့်အလုပ်တွေကို စာရင်းပြုစုပြီး ချက်ချင်းဆောင်ရွက်ရမယ်ဆိုရင် အနီရောင်၊ ဒုတိယ အရေးကြီးတာက အပြာနဲ့ အချိန်ရသေးတယ်ဆိုရင် အစိမ်းလို့ သတ်မှတ်ပါတယ်။ အရေးကြီးတဲ့အလုပ်တွေကို ချက်ချင်းဆောင်ရွက်နိုင်ဖို့ အချိန်ချန်ထားပါတယ်။
- .
မေးခွန်း ၉ - ဘယ်အရာတွေက မင်းကို မိုတီဖြစ်စေလဲ။
- အောင်မြင်မှုရရှိဖို့ ကိုယ်တာဝန်ယူထားတဲ့ အလုပ်က ဘယ်လောက်ထိ ခွန်အားဖြစ်စေနိုင်သလဲဆိုတာကို သိချင်တာပါ။
- နမူနာ အဖြေများ
- အလုပ်လုပ်ဖို့ ကိုယ့်ကို စိတ်ခွန်အားရစေတဲ့ အချက်တွေက ကိုယ့်ရဲ့ အရည်အသွေးကို အသုံးချနိုင်ပြီး ကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံစံကိုရရှိစေတယ် မိသားစုကိုလဲ အထောက်အကူပေးနိုင်တယ်ဆိုတာတွေပါ။ အလုပ်မှာ ကိုယ်ရဲ့ အရည်အချင်းကို အသုံးချနေရတာက စွမ်းအားအပြည့်နဲ့ အလုပ်မှာ အာရုံစိုက်စေနိုင်ပါတယ်။
.
မေးခွန်း ၁၀ - အကောင်းဆုံး ရရှိခဲ့တဲ့ အောင်မြင်မှုက ဘာဖြစ်မလဲ။
- နမူနာ အဖြေများ
- အရင်အလုပ်မှာတုန်းက customer ဝန်ဆောင်မှု တွေအတွက် စံသတ်မှတ်ချက်တွေ ပိုကောင်းလာစေထို့ ကူညီနိုင်ခဲ့တယ်။ company website မှာ customer feedback တွေကို ထားရှိနိုင်ဖို့ အကြံဉာဏ်ကောင်းတွေပေးနိုင်ခဲပါတယ်။ customer တွေက ဝယ်ယူမှုပြီးတိုင်း feedback ပေးနိုင်ပြီးတော့ နောက်ထပ် ထုတ်ကုန်တွေမှာ ပိုကောင်းအောင်လုပ်နိုင်ဖို့ ဆောင်ရွက်နိုင်ခဲ့ပါတယ် ။ ဒီ အကြံပေးမှုလေးက အရောင်းအင်အား ၁၇၇ ရာခိုင်နှုန်းတိုးလာပြီးတော့ customer တွေ ပိုရလာခဲ့တယ်။