၅ နှစ်အချဉ်ဖောက်ပြီး ထုတ်လုပ်တဲ့ Tobasco ငရုတ်ချဉ်ရည်ကို ဘယ်လို ထုတ်သလဲ?

 


Tabasco က နှစ်များစွာတိုင် မူလလက်ဟောင်းနည်းလမ်းအတိုင်းထုတ်ထားတဲ့ ဆော့စ် ဖြစ်ပါတယ် ။ Tabasco ဆော့စ် ရရှိဖို့ အချိန်ငါးနှစ်ပေးရပါသည်။ ၁၈၆၈ ခုနှစ်ကတည်းက ဆော့စ်ပြုလုပ်နည်းက မပြောင်းလဲပါဘူး။ ငရုတ်သီးအနီ၊ ရှာလကာရည်နဲ့ ဆားကိုပဲ အသုံးပြုပြီး ထုတ်လုပ်ထားပါသည်။  #LGTmyanmar , #BBKmyanmar

.

ကုမ္ပဏီတိုးတက်လာသည်နှင့်အမျှ ထုတ်လုပ်မှုအများအပြားကို Avery ကျွန်းရှိ Tabasco ဆော့စ် ရုံးချုပ်မှာပဲ ဆက်လက်ထုတ်လုပ်နိုင်ခဲ့ပါသည်။ ဒါပေမယ့် Tabasco စက်ရုံသည် ယခုအခါ ရာသီဥတု၏ ခြိမ်းခြောက်ခံနေရသည်။ Tabasco စက်ရုံကို စိမ့်မြေတွေက ဝန်းရံထားပြီးတော့ ဟာရီကိန်းမုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိနေအောင် ငွေကြေး မီလီယံချီပြီး အသုံးပြုထားသည်။ Tabasco ကုမ္ပဏီသည် မုန်တိုင်းကာကွယ်ရေးအတွက် သန်းပေါင်းများစွာ အသုံးထားသည်။ မုန်တိုင်းတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတဲ့ အချိန်မှာ အပင်များ ပျက်စီးနေတာများကိုတွေ့နိုင်ပါတယ်။ အခုတော့ အပင်တွေကိုပြန်စိုက်ဖို့တော့လိုနေပါပြီး။

မက်အီလင်နီမိသားစု၏ ဆဌမမျိုးဆက်ဖြစ်သည် အရည်အသွေးကောင်းသောဆော့စ်များ ရရှိနိုင်ရန်ကြိုးစားနေကြပုံကို  လူဝီစီယားနားတောင်ပိုင်းသို့ သွား‌ရောက်လေ့လာကြရအောင်။

.

Tabasco ငရုတ်သီးများကို စတင်ဖြစ်ပေါ်လာပုံ 

Tabasco ငရုတ်သီးများကို ဖန်လုံအိမ်ဖြင့်သာ စိုက်ပျိုးပါသည်။ အမြဲတမ်း အရည်သွေးကောင်းသော ငရုတ်သီးအရွယ်အစားနှင့် အရသာအရှိဆုံး အနီရောင်ငရုတ်သီးများကို ထုတ်လုပ်ပေးနိုင်တဲ့ ငရုတ်ပင်တွေကို ရွေးချယ်စိုက်ပျိုးပါသည်။ Christian Brown သည်  Tabasco ဆော့စ် တည်ထောင်သူ Edmund McIlhenny ကုမ္ပဏီ၏ စိုက်ပျိုးရေးမန်နေဂျာလဲဖြစ်သလို မြေးလဲဖြစ်သည်။ ငရုတ်ပင်များသည် အရာအားလုံးက စစ်ဆေးကြည့်ပြီးနောက် ပိုးမွှားအန္တရာယ်လက္ခဏာများမရှိမှသာ ခူးယူပါသည်။

.

Christian Brown သည် ကမ္ဘာတစ်ဝှမ်းရှိ Tabasco ခြံပေါင်း 1,000 ကျော်သို့ အရည်သွေးကောင်းသော Tabasco အစေ့များပို့ပေးပါသည်။ ငရုတ်သီးများသည် တောင်အမေရိကရှိ အမေဇုန်မှ စတင်ပေါက်ဖွားလာသည်ဟု Tabasco မှ ပြောကြားခဲ့သည်။ Tabasco အနီသည်  Jalapeno မျိုးထက် ခြောက်ဆခန့်ပို၍ သေးငယ်သည်- အရှည်မှာ ၁ လက်မမှ ၁.၅ လက်မသာရှိပြီး ငရုတ်သီးလျှင် အလေးချိန် တစ်ဂရမ်ရှိသည်။ ငရုတ်သီးများ အလွန်သေးငယ်ပြီး ပျက်စီးလွယ်သောကြောင့် စက်များဖြင့် ရိတ်သိမ်းခြင်းမပြုပါ။ Tabasco ငရုတ်သီးခြံများတွင် တစ်နှစ်လျှင် ငရုတ်သီးပေါင် ၁၀ သန်း ရိတ်သိမ်းနိုင်သည်။ 

.

ငရုတ်သီးပေါ်မှာ ဆားဖြန်းပြီး အနှစ်ဖြစ်အောင် ထောင်းဖို့ ဧရာမစက်ကြီးကို အသုံးပြုကြပါတယ်။ ကြိတ်ထားတဲ့ အနှစ်တွေကို New Orleans ဆိပ်ကမ်းကိုဖြတ်ပြီး Tabasco ဆော့စ် ရုံးချုပ် Avery ကျွန်းကို ပြန်ပို့ကြသည်။ ကွန်တိန်နာအတွင်းတွင် ပေါင် ၅သောင်း ရှိသော Tabasco ဆော့စ် ပြုလုပ်ဖို့အတွက် ကြိတ်ထားသောငရုတ်သီး များပါရှိသည်။

  • .

Tabasco ကို ဘယ်လိုမျိုးထုတ်လုပ်ကြသလဲ

စုပ်စက်များဖြင့် ကြိတ်ထားသော ငရုတ်သီးအနှစ်များကို စည်များထဲသို့ ထုတ်ချလိုက်သည်။ တစ်ချို့စည်ပိုင်းများက အနှစ် ၆၀ ရှိနေပြီဖြစ်သည်။ ဒီစည် အများစုဟာ အမြဲသိမ်းဆည်းနေကြ စည်တွေပါပဲ။ ဒီနည်းလမ်းမျိုးကို ကျွန်တော်တို့ လုပ်နေတာ နှစ်ပေါင်း ၁၅၀ ကျော်ပြီမို့ အခုချိန်ထိ မပြောင်းလဲသေးပါဘူး။ အဖွဲ့ဝင်များအားလုံးသည် စည်တစ်ခုစီကို ဖြည့်စွက်ပြီး အဖုံးသေချာပိတ်တာတွေကို အတူတကွ လုပ်ဆောင်ပါသည်။ ကုန်တင်ကားတစ်စီးသည် စည်ပေါင်း ၁၁၀ အထိ ဖြည့်နိုင်သည်။ 

.

သို့ပေမယ့် စည်တွေက ဖိအားများလွန်းရင် တခါတရံ စည်များသည် ပွင့်ထွက်သွားနိုင်ပြီး။ တစ်ခါတစ်ရံ အဖုံးများသည် ညတွင်းချင်း ပေါက်ကွဲတတ်ပါသည်။ ထိုပြသနာများကို ဖြေရှင်းရန် အလုပ်သမားတွေက အပေါ်ကနေ ဆားလောင်းခြင်းများကိုပြုလုပ်သည်။ ဓာတ်တိုးမှုကို ကန့်သတ်ထားချိန်တွင် ဓာတ်ငွေ့များကို လွတ်ကင်းစေသည်။ အပေါ်မှဆားသည် အကာအကွယ်အလွှာတစ်ခုသာဖြစ်သည်။ 

.

အဖွဲ့သည် စည်တစ်ခုစီကို ကြိတ်ပြီးသားငရုတ်သီးများကို သိမ်းဆည်းထားသည်။ ဒါဆို ဒီဂိုဒေါင် တစ်ခုလုံးသည် စည်ပေါင်း ၁၁၀၀ လောက်ရှိတယ်။  ကြိတ်ပြီးသားငရုတ်သီးများ အချဉ်ဖောက်ချိန်တွင် ဓာတ်ငွေ့အများအပြား ထုတ်လွှတ်သည်။ ထို့ကြောင့် စည်အပေါ်မှ ဖေါက်ထား သေးငယ်သော အဆို့ရှင် သည် ဖိအားကို သက်သာစေသည်။ ထိုအဆို့ရှင်သည် လေဝင်လေထွက် လုပ်ငန်းစဉ်အတွက် လိုအပ်သည် သို့မဟုတ်ပါက ပေါက်ကွဲနိုင်မည်ဖြစ်သည်။ အဲဒါက တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ 

သုံးနှစ်ကြာပြီးနောက်၊ စည်အတွင်းပိုင်းရှိ ကြိတ်ထားသောငရုတ်သီးများသည် တည်ငြိမ်လာကာ ကျုံ့သွားကာ အရောင်မှောင်သွားမည်ဖြစ်သည်။ ဒီအဆင့်လောက် ပြည့်စုံသွားတာကို တွေ့နိုင်ပါတယ်။ ပြီးတော့ စည်ထဲက ကြိတ်ထားတဲ့ငရုတ်သီးတွေကနှစ်ချို့လာတဲ့အခါ မူလထည့်ထားတဲ့ ငရုတ်နှစ်တွေထက် လျော့သွားပါသည်။ ငရုတ်များကျုံ့သွားပေမယ့် နှစ်ချို့ ငရုတ်ဆော့စ်က တကယ့်ကို စပ်တုန်းပါပဲ။ ဒါပေမယ့် ပူတယ်။ ဒါကြောင့် ဒီဆော့စ်က တခြားဆောစ့်တွေထက် 10 ဆ ပိုပူပါသည်။

.

စည်ထဲက ဆော့စ်တွေကို Tabasco ဆော့စ်ကိုပြုလုပ်ဖို့ Blending Room ထဲက စက်ထဲသို့ ထည့်လိုက်ပါ။  Tabasco ဆော့စ်သည် ရှာလကာရည် နဲ့ ၂၈ ရက် ကြာတဲ့အထိ ရောစပ်ထားပေးထားရပါသည်။ တိုင်ကီ  ၇၂ လုံးကို တစ်ပြိုင်နက် ရောနှောပါ။ ဆော့စ်မှာ ပါလာတဲ့ ငရုတ်သီးအစေ့များကို Strainers နဲ့ ဖယ်ရှားပြီးတဲ့နောက် Tabasco ဆော့စ် စမ်းသပ်ရန်အတွက် ဓာတ်ခွဲခန်းအတွက် နမူနာတစ်ခုကို ယူလိမ့်မည်။ ထို့နောက် Tabasco ဆော့စ်ရရှိပါပြီး။ နောက်တစ်ဆင့်အတွက်ကတော့ ပုလင်းထဲကို ဆော့စ်ထည့်ဖို့ အသင့်ပြင်ဆင်ထားပါ။

  • .
  • ဆော့စ်စက်ရုံတွင် နေ့စဉ် Tabasco ဆော့စ် ၅ အောင်စ ပုလင်းမှ၍ ပုလင်းအကြီးအထိ ပုလင်းပေါင်း ၇ သိန်း အထိ ဖြည့်ပေးနိုင်ပါသည်။ ထုတ်လုပ်သည်။ Tabasco အနီဆော့စ်များသည် မတူညီသော အရသာ ကိုးမျိုးကိုလည်း ထုတ်လုပ်သည်။ ထို့နောက် စက်များသည် ဖြည့်သွင်းခြင်း၊ ထုပ်ပိုးခြင်းနှင့် တံဆိပ်ကပ်ခြင်းတို့ကို လုပ်ဆောင်ကြသည်။ Tabasco ဆော့စ်တစ်ပုလင်း ထုတ်ပိုး တံဆိပ်ကပ်ဖို့ ၁၃ မိနစ်လောက်မျှသာ ကြာမြင့်သည်။ Tabasco ဆော့စ်ပုလင်းတွေကို စုပြီး ကတ်ထူပုံးတွေထဲ ထည့်ထုပ်တယ်။  ကတ်ထူသို့ စက်များ တစ်မိနစ်ပုလင်း ၃၀၀ လောက်နဲ့ မြန်မြန်ထည့်နိုင်သည်။ Tabasco ဆော့စ်များကို ဂျာမနီ၊ ဂျပန်၊ ဆွီဒင်၊ ထိုင်ဝမ်၊ Canary ကျွန်းများ၊ တောင်အာဖရိကအတွက်တင်ပို့လျှက်ရှိသည်။ ပုံမှန်အားဖြင့်၊ ဤအသစ်ထုပ်ပိုးထားသော Tabasco ဆော့စ် ထုတ်ကုန်များအားလုံးသည် သုံးပတ်အတွင်း ဂိုဒေါင်မှ ထွက်သွားပါသည်။  
  • .
  • Tabasco ကို စတင်ဖြစ်ပေါ်လာပုံ

  • Tabasco ဆော့စ် တည်ထောင်သူနှင့် ဘဏ်လုပ်ငန်းရှင်ဟောင်း Edmund McIlhenny သည် သေးငယ်သော ငရုတ်သီးအနီကို ပထမဆုံး စိုက်ပျိုးခဲ့သည်။ သူသည် ၁၈၆၈ ခုနှစ်တွင် ပထမဆုံးသော ငရုတ်ဆော့စ်ကို သေချာပိတ်ပြီး  Gulf Coast တစ်ဝိုက်တွင် ပုလင်း ၇၀၀ အောက်သာ ၁ ဒေါ်လာနဲ့ ရောင်းချခဲ့သည်။ 
  • .
  • မက္ကဆီကန်ပြည်နယ်မှာ လူသိများလာပြီးတဲ့နောက် ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းအတွက် Tabasco အမှတ်တံဆိပ်ကို အမည်ပေးခဲ့သည်။ Edmund သည် ၎င်းအတွက် မူပိုင်ခွင့်တစ်ခုရရှိခဲ့ပြီး 1870 အစောပိုင်းတွင် Tabasco ဆော့စ်ပုလင်းများကို US နှင့် Europe တို့တွင်ပင် ရောင်းချနေခဲ့သည်။ ကျွန်တော်တို့ဟာ နှစ်ဆတိုးလာပြီး သူ့ဘဝတစ်လျှောက်လုံးမှာ Edmund လုပ်ခဲ့တဲ့အရာအချို့ကို ပိုလုပ်သွားမှာပါ။ 

.

ဟာရီကိန်းမုန်တိုင်း ကာကွယ်ခြင်း

  • Edmund သည် ပင်လယ်ရေမျက်နှာပြင်အထက် 163 ပေမြင့်သော သဘာဝဆားအမိုးခုံးဖြစ်သည့် Avery ကျွန်းတွင် နေထိုင်ခဲ့သည်။ အမေရိကန်ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက် အမြင့်ဆုံးနေရာအဖြစ်၊ ကျွန်းဇာတိဟုခေါ်ဆိုဆဲဖြစ်သော McIlhenny ၏ သားစဉ်မြေးဆက်များအတွက် ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းဒဏ်မှ မခံရတဲ့ နေရာဖြစ်ပါသည်။ ဒါပေမယ့် အခုချိန်မှာတော့ အန္တရာယ်ရှိနေပါပြီ။ လူဝီစီယားနား၏ ကမ်းရိုးတန်းသည် တစ်နှစ်လျှင် ပျမ်းမျှ တစ်လက်မ၏ သုံးပုံတစ်ပုံခန့် နစ်မြုပ်နေသည်။ 

.

ပျမ်းမျှအားဖြင့် ၁၉၈၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ပြည်နယ်သည် ဘောလုံးကွင်းတစ်ကွင်းစာ နာရီနဲ့အမျှ ဆုံးရှုံးနေပါသည်။ မြေကြီးနစ်မြုပ်တဲ့အခါ မုန်တိုင်းဒဏ်ကို ပိုခံနိုင်ရည်ရှိဖို့ ပိုးအားနည်းလာပါတယ်။ နေရာပေါ်မူတည်၍ မုန်တိုင်းတစ်ခုပြီးတစ်ခု ပြင်းထန်ဖြစ်ပေါ်လာပါသည်။ စိမ့်တောတွေလည်း ယိုယွင်းပျက်စီးနေတာကို တွေ့ရပါသည်။Heath Romero သည် Avery Island ၏ မြေယာမန်နေဂျာဖြစ်သည်။ 

.

၂၀၀၅ ခုနှစ်တွင် ဟာရီကိန်း ရီတာ ဝင်ရောက်တိုက်ခတ်သောအခါ ဤကျွန်းကို ရေကန်အဖြစ်သို့ ပြောင်းလဲစေ  ပြီး စိမ့်တောမြေ၏ အစိတ်အပိုင်းများ ပျက်စီးသွားကြောင်း  ပြောကြားခဲ့သည်။ Rita ပြီးနောက် ကုမ္ပဏီသည် စက်ရုံပတ်ပတ်လည်တွင် ဘုံဘိုင်စနစ်ဖြင့် ၁၈ ပေရှည်သော ရေကာတာ တည်ဆောက်ခဲ့သည်။ ထင်းရူးပင်တွေဆီ ဆားငန်ရေတွေ မရောက်အောင် တားဖို့ ရေထိန်း အဆောက်အဦးတွေ ဆောက်ထားတယ်။ရေမဝင်အောင် ကာကွယ်ဖို့အတွက် မြက်ပင်အရှည်တွေ စိုက်ပျိုးကြတယ်။ 

Previous Post Next Post